ပိုးသတ်ဆေးထဲ ပုလဲလက်တစ်ဆုပ်ထည့်ဖျန်းရင် ကောင်းလားနှင့် တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ

26/08/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။

ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မေး (M Khant) -  Peace Lily (ရှင်သီဝလိဂမုန်း) အိမ်တွင်းစိုက်ဖို့ ဝယ်ထားပါတယ်။ ရေလောင်းနည်းလေး သိချင်ပါတယ်။ ဘယ်နှစ်ရက် တစ်ခါလောင်းရမလဲနဲ့ လောင်းရမယ့် ရေပမာဏလေး သိလိုပါတယ်။ ပန်းပိုပွင့်ဖို့ နဲ့ အပင်ပိုလှဖို့ ဘယ်လို ပြုစုရမလဲလေးပါ ဖြေပေးပါဦး။ စိုက်ပျိုးရေး beginner သမားမို့ မေးခွန်းမှာ အမှားပါသွားရင် နားလည်ပေးပါ။

ဖြေ (ဇင်ထူးနိုင်) - Indoor စိုက်မယ်ဆိုရင် မနက်ပိုင်း နေရောင်ခြည်ရရှိပြီး အလင်းရောင် ကောင်းကောင်းရှိတဲ့နေရာမှာ စိုက်ပျိုးသင့်ပါတယ်။ Indoor plant ဆိုပေမဲ့ အလင်းရောင်ကောင်းကောင်းမရရင် ပန်းမပွင့်နိုင်ပါဘူး။ သဘာဝမြေဆွေး ထည့်ပေးလို့ရပါတယ်။ ဓာတ်မြေသြဇာအနေနဲ့က Indoor plant တွေအတွက် သီးသန့်ထုတ်ထားတဲ့ ၁၃ ပတ်လည် မြေသြဇာထုပ်လေးတွေ အပင်ရောင်းတဲ့ ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။ နိုက်ထရိုဂျင်နဲ့ ဖော့စဖောရပ်စ်ဓာတ်ကို မျှတအောင်ကျွေးသင့်ပါတယ်။ မြေသြဇာက ၂ လလောက်နေမှ ၁ ကြိမ်သာကျွေးပါ။ ရေကတော့ အိုးထဲကမြေသား လုံးဝခြောက်သွေ့သွားတဲ့အထိ မထားဘဲ အပေါ်ယံမြေသား ၁ လက်မကျော်လောက် ခြောက်သွေ့နေပြီဆိုရင် ရေလောင်းပေးနိုင်ပါတယ်။ နေ့တိုင်း ရေလောင်းစရာမလိုပါ။ နေ့တိုင်းရေလောင်းတဲ့အခါ အစိုဓာတ်များပြီး ရောဂါကျတာမျိုး အမြစ်ပုပ်တာမျိုး ဖြစ်တတ်ပါတယ်။ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ၁ ပတ်ကို ၁ - ၂ ရက်သာ ရေလောင်းပေးသင့်ပါတယ်။

၂။ မေး (Ko Zar Kyi) -  စပါးမှာ မှိုသက်ဆေးနဲ့ ပိုးသတ်ဆေးရောဖြန်းလို့ရပါသလားခင်ဗျာ။ သေသွားနိုင်လားဗျ။

ဖြေ (ဒို့ဦးလေး) - ကော့ပါး၊ မင်ကိုဇက်၊ ဖို့စတိုင်း၊ အလူမီနီယံ၊ ကက်ပ်တန် မဟုတ်ရင် ဖျန်းပါ။ (တကယ်တော့ သီးသန့်ဖျန်းရပါတယ်)

(ဦးမောင်မောင်ထွေး) - စပါးကိုမှိုသတ်ဆေးနဲ့ ပိုးသတ်ဆေးရောမဖျန်းပါနှင့်။ ခွဲဖျန်းပါ။ ဆေးအာနိသင်လျော့သွားနိုင်တယ်။

၃။ မေး (Nga Chan) – 2,4D ပေါင်းသတ်ဆေးက 5 လပိုင်းက ဒိတ်ကုန်တာပါ ဝယ်လာခဲ့ပြီးမှ သေချာကြည့်မိလို့ပါ။ ဖျန်းရင် အာနိသင်ရှိနိုင်သေးလားဗျ။

ဖြေ (ဒို့ဦးလေး) - ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုမရှိသေးရင် ကောင်းပါတယ်။(အနည်ထိုင်ခြင်း/အရောင်ပြောင်းခြင်း/အခဲဖြစ်ခြင်း...)

(S2MO) - သွားလို့အဆင်ပြေရင် ဆိုင်မှာပြန်လဲပါ အဆင်မပြေရင်တော့အပေါ်က ဆရာပြောသလိုကြည့်ပြီး အသုံးပြုပါ။ လူတွက်လည်းအန္တရာယ်ရှိပါတယ် အနံ့မရှုမိစေနဲ့။

၄။ မေး (Aung Thu Htun ) - ကျွန်တော်တို့ဒေသမှာ ဟင်းသီးဟင်းရွက်ပင်တွေစီးပွားဖြစ်စိုက်ပျိုးကြပါတယ် စိုက်တဲ့အခါမှ ပိုးသတ်ဆေးဖျန်းတဲ့အခါမှာ ပုလဲလက်တစ်ဆုပ်လောက်ထည့်ဖျန်းကျပါတယ်။ အဲ့ဒါလေး အပင်အတွက် ကောင်းမကောင်း‌‌ဖြေပေးစေလိုပါတယ်။ မေးကြည့်တော့လည်းတစ်ယောက်မှ သေချာမသိကြလို့ပါ။

ဖြေ(Ko Htet)- ဆေးအာနိသင်မရှိတော့ဘူး။ ဓာတ်ပြယ်တတ်တယ်။ ဒီလိုရောစပ်မှုက။

(ဒို့ဦးလေး)- ပိုးသတ်ဆေးနဲ့အားဆေးကို တွဲဖျန်းလို့တော့ရပါတယ်။ ဒါပေမယ့် ပုလဲကို ရေဖျော်ဖျန်းတဲ့အခါ အပင်ကို နုစေပြီး ပိုး/ရောဂါ ပိုကျရောက်တတ်ပါတယ်။ နှုန်းထားများရင် (အပင်က ခံနိုင်ရည်နည်းရင်/နေပူ/ရေငတ်ရင်) အပင်လောင်နိုင်ပါတယ်။ ဆိုလိုသည်မှာ ဖျန်းလို့တော့ရတယ်၊ နှုန်းထားနဲ့ အချိန်အအခါ အပင်အမျိုးအစား/အရွယ် ချင့်ချိန်ဖျန်းသင့်ပါတယ်။ (တကယ်တော့ အသင့်သုံးအရွက်ဖျန်းအားဆေး တွေ အများကြီးပါ)

 ၅။ မေး (Ye Htet Kyaw) - လချေးကျောက်မှုန့်နဲ့ ဂျစ်ပဆမ်တူပါသလား။

(စိုးမင်းအောင်) - အတူတူပါပဲ အထဲမှာပါဝင်တဲ့ ကယ်လစီယံ၊ ဆာလဖာ%နဲ့ သန်းစင်မှု% ကွာမှာပါ။

မေးခွန်းတွေအကုန်လုံးကလည်း တောင်သူတိုင်းသိသင့်တာတွေကြီးကိုပဲ စုစည်းထားတာမို့ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင့်။

တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်