စပါးခင်းထဲက ပေါင်းပြဿနာနဲ့ တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ

17/06/2023 16:13 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့ကို ပြန်လည်လို့ရောက်ရှိလာခဲ့ပါပြီ။

ဒီတစ်ပတ်မှာလည်း ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။

ဒီနေ့မေးခွန်းကတော့ ဦးကြီးတို့စိုက်ထားတဲ့ စပါးပင်ရဲ့ အာဟာရကို လုပြီးစားသောက်နေကြတဲ့ ပေါင်းမြက်တွေအကြောင်းပါ။

၁။ မေး (Khun Sein Win) - ဆရာတို့ခဗျ 2,4Dရွက်ဝိုင်းပေါင်းသက်ဆေးတွေက အပင်ရဲ့အမြစ်တွေပါသေစေနိုင်လားခဗျ။အမြစ်ပြက်သေစေနိုင်လားသိချင်ပါတယ်။ကျေးဇူးပါ။

ဖြေ (  ဒို့ဦးလေး) - တူးဖိုးဒီက..ဟော်မုန်းအမျိုးအစား ပေါင်းသတ်ဆေးမို့..အခြားပေါင်းပေါင်းသတ်ဆေးလို.အမြစ်တွေ၊အညွန့်တွေက စုပ်ယူပြီး အမြစ်ပါသေတဲ့ အုပ်စုမဟုတ်ပါ။ အရွက်ကစုပ်ယူပြီး ပင်စည်ထဲဝင်၊ အပင် ဆဲလ်တွေကို ပြင်းထန်စွာ တိုက်ခိုက်ပြီး တဖြည်းဖြည်း တွန့်လိမ် ညှိုးနွမ်းသေစေတာပါ။ မုန်ညင်းနဲ့ အချို့ရွက်ပြန့်ပင်တွေ သေစေပါတယ်၊(တပင်လုံးသေပါတယ်)

၂။ မေး (ဦးသက်နိုင်ဦး) - ဘရော်ဖြူ ဘရော်နီ မြင်းဇာ ဒိုက်သင်တုံး လက်သဲဇောင်း ဘယ်ai ဖြန်းရမလဲ။

ဖြေ (ဒို့ဦးလေး) - fenoxapropဖျန်းပါ

၃။ မေး (မင်းမင်း) - ဆရာရေ့မြက်ခါးတေဘာဆေးနဲ့သတ်ရမလဲ။

ဖြေ (ဒို့ဦးလေး) - fenoxaprop ပါတဲ့ပေါင်းသတ်ဆေးဖျန်းပါ။

(Kyaw Moe) - မီးရှို့ရရင် မီးအရင်ရှို့ ထွက်လာတဲ့သားတက်ကိုမှ ဂလိုင်မှိုစေ့ပေါင်သတ်ဆေးဖျန်း လို့ရပါတယ်။

၄။ မေး (Soe Min Oo) - ဒီမြက်ကို ဘာဆေးနဲ့ ဘလိုသတ်ရမလဲဆရာ။

(ဒို့ဦးလေး) - Cyhalofopအုပ်စု ပါတာ. ဖျန်းပါ။ ရေမဆွတ်/လက်သည်းစောင်း မြက်အုပ်စုမျိုးပါ။

၅။ မေး (Aung Thu Hein) ဘာမြက်လဲခဗျာ၊ဘယ်AIအဆင်ပြေမလဲ။

(ဒို့ဦးလေး) - အရွက်ကြမ်းရှရှ ဆိုရင် မြက်ကြိမ် ဖြစ်မယ်.. ဆိုင်ဟေလိုဖော့ .၁၅%.အုပ်စုဖျန်းပါ။

တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်