Organic နဲ့ GAP ဘာကွာလဲနှင့် တစ်ပတ်အတွင်းစိတ်ဝင်စားစရာ အမေးအဖြေများ

23/09/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိတ်ဝင်စားစရာ အမေးအဖြေတွေကို လေ့လာရမယ့် စနေနေ့လေးပါ။

ဒီတစ်ပတ်မှာတော့ ဦးကြီးတို့အတွက် လေ့လာမှတ်သားစရာကောင်းတဲ့ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မေး (Paing) - ဘယ်သီးနှံမဆိုမနက်ပိုင်းမှာ အားဆေးဖျန်းလို့ရလား။

ဖြေ (ဒို့ဦးလေး) - ဖျန်းလို့ရပါတယ်ဗျ။ အရွက်တွေက မနက်ခင်းမှာ စတိုမာ အပေါက်လေးတွေ ပွင့်တာမို့ ဖျန်းပေးရပါတယ်။  အပူချိန်မြင့်ချိန် အရွက်မှာရှိတဲ့ လေရှုပေါက်ပိတ်နေရင် ဖျန်းလိုက်တဲ့ အားဆေးက ရုတ်တရက်မဝင်နိုင်လို့ လျောကျစေပါတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်းအချိန်က ပိုသင့်လျော်ပါတယ်။

(ဦးမောင်မောင်ထွေး) - ဖျန်းလို့ရပါတယ် မိုးအခြေအနေကိုကြည့်ပြီးဖျန်းပါ။

၂။ မေး (U Hlaing) -  Organic နှင့် GAP ဘာကွာတာလဲဗျ။

ဖြေ (Ye Thura) - Organic စိုက်ပျိုးရေးမှာ ဓာတုလုံးဝမသုံးရပါဘူး။ GAP စနစ်မှာ အတိုင်းအတာတစ်ခုထိသုံးနိုင်ပါတယ်။ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများလို့ခေါ်ပါတယ်။

(ဦးမောင်မောင်ထွေး) - Organic ဆိုတာသဘာဝအပင်၊ တိရစ္ဆာန်မှရတဲ့ ပစ္စည်းများနဲ့ အချို့တွင်းထွက်ပစ္စည်းများကို အသုံးပြုပြီး စိုက်ပျိုးခြင်းပါ။ GAP ဆိုတာက သမားရိုးကျ ကောင်းတယ်လို့ သတ်မှတ်ထားတဲ့လုပ်ရိုးလုပ်စဥ်များကို လိုက်နာဆောင်ရွက်သည့် မှတ်တမ်းများထားပြီး ပတ်ဝန်းကျင်နှင့် မိသားစုကိုပါမကျန် ဘေးဥပဒ်ကင်းတဲ့ အစားအစာလုံလောက်အောင် စိုက်ပျိူးထုပ်လုပ်မှုကိုဆိုလိုတာပါ။

၃။ မေး (Lin Lin) – စပါးပင် ကြွက်ကိုက်တဲ့အန္တရာယ် ဘယ်လိုဖြေရှင်းရမလဲ ခင်ဗျာ ။

ဖြေ (ဦးမောင်မောင်ထွေး) - ကြွက်လာတဲ့ဘက်ကို ကြွက်သတ်ဆေးချပါ။ နောက်တစ်နည်းက ကြွက်ဖြက်တဲ့ဘက်ကို အနံ့ပြင်းတဲ့ ပိုးသတ်ဆေး ညနေပိုင်းမှာဖျန်းထားပါ။

(ကိုသန့်စင်) - လယ်အနီးနားက ကြွက်ခိုအောင်းနိုင်တဲ့ မြက်တော့ခြုံပုတ်တွေကို တတ်နိုင်သလောက်ရှင်းပါ။ ဖလံဖြူငှက်(ငှက်ဆိုး)လိုမျိုးကြွက်ကို အမဲလိုက်စားမယ့် ငှက်တွေလာနားလို့ရအောင် တိုင်ထိပ်မှာတန်းရိုက်ပြီး (ဓာတ်တိုင်လိုပုံစံမျိုး) လယ်ထဲမှာ စိုက်ပေးထားပါ (ကျွန်တော် သိသလောက်မျှဝေတာပါ)။

၄။ မေး (ဦးဖိုးထူး) - မိုးနှမ်းတွေရိတ်သိမ်းပြီး မိုးများနေလို့မခြွေနိုင်ဖြစ်နေပါတယ် /ဆုံးရှုံးမှုနည်းအောင်ဘယ်လိုလုပ်ရပါ့မလဲ။ 

(ဒို့ဦးလေး) - ရိတ်သိမ်းပြီး ကန်သင်းအမြင့်တစ်နေရာမှာ နှမ်းပင်များကို အရိုးအပင်ထားပြီး ပတ်ဝိုင်းပုံ ထပ်ပုံပါ။ ရင်ဆို့သာသာထိ မြင့်လို့ရပါတယ်။ နှမ်းပုံအပေါ် သစ်ရွက်တွေဖုံးထားပါ။ ၁ ပတ်ခန့်ကြာရင်(နှမ်းပင် မဲလာရင်) မိုးလုံရာနေရာမှာ လက်တဆုပ်စာ စည်းပြီး၊ ၃ စည်းတဆိုင် ဖိုခနောက်ဆိုင်ထောင်ပြီး အခြောက်ခံပါ။

(ဦးမောင်မောင်ထွေး)- နှမ်ကိုပြီးတာလပတ်နဲ့အမိုးလုပ်ထားပေးပါ မအုပ်ထားပါနှင့်။

၅။ မေး (ကြည်ထွန်း) - ပိန္နဲ အကင်းများ ခြွေပေးလိုပါက အကင်းကို မည်သည့် အရွယ်တွင် ခြွေပေးရန်လိုအပ်ပါသနည်း။

(ဒို့ဦးလေး) - သီးခိုင်ပြွတ်ညှပ်နေပါက စောစော ခြွေပေးလေ ကောင်းလေပါ။ အသီးလှချင်ရင် အသီး ကြဲကြဲထားဖို့လိုပါတယ်။

မေးခွန်းတွေအကုန်လုံးကလည်း တောင်သူတိုင်းသိသင့်တာတွေကြီးကိုပဲ စုစည်းထားတာမို့ ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်ရှင့်။

တခြားမိတ်ဆွေတောင်သူတွေလည်း ဒီလိုမျိုးအကြံဉာဏ်တွေရယူချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ ပို့စ်တင်မေးလို့ရနေပါပြီနော်။ ဘယ်လိုတွေမေးရမှန်းမသိရင် ပုံလေးသာတင်ပြီး မေးလိုက်။ ဆရာတို့က သေချာကြည့်ပြီး ဖြေပေးနေပါပြီရှင့်။ အမေးအဖြေကဏ္ဍမှာ အားမနာတမ်း ပို့စ်တင်မေးနိုင်ပါကြောင်း သတင်းကောင်းပေးရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါဦးမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်