ထုံးမှုန့်လား..ကျောက်မှုန့်လားနဲ့ တစ်ပတ်အတွင်းစိတ်ဝင်စားစရာအမေးအဖြေများ

01/04/2023 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာပါရှင့် 

ဒီတစ်ပတ်မေးခွန်းတွေကလည်း စိတ်ဝင်စားစရာတွေအပြည့်နဲ့ပါ။ အမြဲတမ်းလည်း သတိပေးနေကြ၊ ရောတဲ့သူတွေကလည်း ရောနေကြပေါ့။ 

မေးခွန်းနံပါတ် (၁) မှာဆို ထုံးနဲ့ ကျောက်မှုန့် (Gypsum) ပြဿနာပေါ့လေ။  ထုံးနဲ့ကျောက်မှုန့်က မြေပြုပြင်ရေးပစ္စည်းအနေနဲ့ မြေခံအဖြစ်သုံးကြတာ။ မြေတိုင်းသုံးလို့မရပါဘူးနော်။ သုံးသင့်တဲ့မြေ မသုံးသင့်မြေဆိုတာရှိပါသေးတယ်။ ဘယ်လိုသိနိုင်မလဲဆိုရင် pH အရင်တိုင်းရမှာပါ။ pH အမှတ် ၀ ကနေ ၁၄ အထိရှိပါတယ်။ 

ပီအိပ်ချ် ၅.၀ အောက်ဆိုရင်မြေချဥ်လို့မှတ်ပြီး ပီအိပ်ချ် ၇.၅ အထက်ရှိနေရင် မြေငန်လို့သတ်မှတ်ပါတယ်။ ပီအိပ်ချ် ၅.၅ - ၇.၅ အကြားရှိရင်တော့ ကောင်းတဲ့အနေအထားမှာ ရှိနေတဲ့ မြေပါ။ ဒီတော့ ကျောက်မှုန့်ဆိုတာ မြေငန်ရင်ထည့်ရတဲ့ မြေပြုပြင်ပစ္စည်းပါလို့။

၁။ မေး ( Soe Min Htun) - မိုးတွင်းစပါးကို မြေခံထည့်ချင်လို့ ကျောက်မှုန့်နဲထုံး ဘယ်ဟာ ပိုကောင်းမလဲခဗျာ... မြေခံကို ဘယ်ချိန်လောက်ထည့်ရမလဲ။

ဖြေ (  ဒို့ဦးလေး) - ကျောက်မှုန့် ထည့်ရမလား၊ ထုံးထည့်သင့်သလား..ဆိုတာ.. မိတ်ဆွေ လယ်မြေရဲ့ ပီအိပ်ချ် အနည်းအများပေါ်မူတည်တာပါ။ တိုင်းကြည့်လို့ ပီအိပ်ချ် ၅.၅ အောက်ရောက်နေရင် ထုံးထည့်သင့်ပြီး ၅.၅ ကျော်ရင်တော့ ဒိုလိုမိုက်အသုံးပြုပါ။

၂။ မေး (ဇာကြီး) - ပုရွက်ဆိတ်တက်လို့ ဂေါ်ဇီလာခြင်ဆေးတော့နည်းနည်း ဖြန်းမိတယ် အရွက်ကနည်းနည်းခြောက်ပြီး အသီးအပွင့်သိပ်မတင်ဘူး။

ကဲ...လာပါပြီဗျာ...လူစားမဲ့အပင်ကို ခြင်ဆေးတွေဖြန်းထားလို့။ ဒါတွေကိုသာ စားမိရင် မတွေးရဲစရာပါ။ ချက်ချင်းလည်း အာနိသင်ပြသွားနိုင်သလို နှစ်ပေါင်းများစွာ အသံတိတ်လူသတ်သမားအဖြစ်နဲ့လည်း ရှိနေနိုင်တယ်။ ဒါ့ကြောင့်လည်း တချို့ဆေးဘူးခွံတွေမှာဆိုရင် စားစရာမဟုတ်တို့၊ ကလေးတွေလက်လှမ်းမမီနိုင်တဲ့ နေရာထားထားပါလို့ ပြောကြတာပေါ့။

ဆရာကြီးတစ်ယောက်ပြောတာကိုတောင်သွားသတိရမိတယ်။ ဆရာကတော့ ဈေးထဲမှာ အရွက်ဝယ်ရင် အပေါက်များတဲ့ အစီးကိုပဲ ရွေးဝယ်တယ်တဲ့။ ပိုးသတ်ဆေးမမိထားလို့ ပိုးတွေစိတ်ကြိုက်စားသောက်ထားတဲ့ အရွက်ကို ပြောချင်တာ။ ဈေးသည်ကတော့ ပြန်ပြောလိုက်ပါရဲ့...အဲ့တာ ဆေးကို မနိုင်တော့လို့...ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာ ဆရာရေတဲ့။ ဒီလိုတွေလည်း ဖြစ်နေဦးမယ်နော် အမျိုးတို့။

ဖြေ (ဒို့ဦးလေး) - ပုရွက်ဆိတ်တက်တာ၊ ပျရှိလို့ပါ။ ခြင်ဆေးတွေ မဖျန်းရဘူးနော်။ ဖျန်းချင်ရင်..ဆေးရွက်ကြီး ရေစိမ်ဖျန်းပါ။

(ဦးသက်လွင်) - ခြင်ဆေးသည် ပိုးသတ်ဆေးမဟုတ်၍ ဆိုးကျိုးကိုသာ ဖြစ်စေမှာပါ

၃။ မေး (သူရိန်) - ဘားအံမှာနွေရာသီ မုန်ညင်း ဆလပ်စိုက်လို့ဖြစ်လား ခဗျ။

ဖြေ (ဆုမြတ်နိုး) - မုန်ညင်းနဲ့ ဆလပ်ကအေးမြတဲ့ဆောင်းရာသီမှာပဲစိုက်ပျိုးဖြစ်ထွန်းပါတယ်။

ဒီမေးခွန်းလေးနဲ့ ဆက်စပ်ပြီး နွေရာသီမှာ စိုက်ပျိုးနိုင်တဲ့ ဟင်းသီးဟင်းရွက်အပင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ရုံးပတီ၊ ရွှေဖရုံ၊ ဘူး၊ သခွား၊ ဟင်းနုနွယ်၊ ခရမ်းချဉ်၊ ခရမ်း၊ ငရုတ်၊ ကြက်ဟင်းခါး၊ ခဝဲ တွေစိုက်နိုင်ပါတယ်။

 စိုက်နည်းတွေကိုတော့ ဆောင်းပါးများကဏ္ဍက စိုက်ပျိုးနည်းမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင့်။

၄။ မေး (အောင်ကိုထွန်း) - အပင်စိုက်ထားတာ စိပ်သွားလားမသိဘူးဗျ။ ရွက်ဖြန်းအားဆေးဘယ်ဟာကိုသုံးရင်ကောင်းမလဲ။ အပင်ကို ဘယ်လိုပြုစုရမလဲဗျ။

ဖြေ (ဒို့ဦးလေး) - နည်းနည်းစိပ်တယ်။ အီးအမ်နဲ့ ငါးအမိုင်နိုကို နည်းနည်းချင်းနဲ့ ၇ -၁၀ ရက်ခြားဖြန်းပါ။

(ဦးသက်လွင်) - စိပ်လွန်းတယ်လို့ဆိုရမှာဖြစ်ပြီး ထိုအတိုင်းဆက်ထားလို့လဲ အဆင်မပြေနိုင်သဖြင့် လိုအပ်သည်ထက် ပိုနေသောအပင်များအား ပြန်နှုတ်ပြီး ဘောင်အသစ်တွင် စိုက်ပါလို့ အကြံပြုအပ်ပါတယ် ထိုအတိုင်းဆက်ထားပါက ကောင်းကျိုးမရှိ၍ဖြစ်ပါတယ်။

ဒီမေးခွန်းလေးနဲ့ ဆက်စပ်ပြီး ပင်ခြားတန်းကြားက ဘာကြောင့် အရေးကြီးဆိုတာကို ဆရာထွန်းဝင်းကျော်ရဲ့ ဆောင်းပါးလေးနဲ့ ဖော်ပြပေးလိုက်ပါတယ်ရှင့်။

ဆောင်းပါးလင့်ခ်>>> https://bit.ly/3M5aHQs

နောက်ဆုံးမေးခွန်းလေးကတော့ ခရမ်းချဉ်မှာ အဖြစ်များတဲ့ ဘက်တီးရီးယားရောဂါ ကာကွယ်နှိမ်နင်းကို ဆရာဒို့ဦးလေးရဲ့ ဖြေကြားချက်နဲ့အတူ အဆုံးသတ်လိုက်ပါတယ်ရှင့်။

၅။ မေး (အောင်မျိုး) - ခရမ်းချဥ် မှာအဖြစ်များတဲ့ဘတ်တီးရီးယားရောဂါများကျရောက်ပုံလေးအကြောင်းနားလည်အောင်ရှင်းပြပေးပါလားကာကွယ်နိုင်အောင်လို့ပါဆရာတို့။

ဖြေ (ဒို့ဦးလေး)- ခရမ်းချဥ်မှာ ဘက်တီးရီး စိမ်းညှိုး ရောဂါနဲ့ ဘက်တီးရီးယားရွက်ပြောက်/အစက်ပြောက်ရောဂါ အဖြစ်များပါတယ်။ ဘက်တီးရီးယားရောဂါသည်၊ နေဒဏ်/လေဒဏ်/ပိုး/ရောဂါ/ထိခိုက်ရှနာ စတဲ့ ဒဏ်တွေကတဆင့် ဝင်ရောက်တာဖြစ်ပါတယ်။ (ကိုယ်တိုင်ထိုးဖောက်ဝင်ရောက်နိုင်စွမ်းမရှိပါ) ဒါကြောင့် ကာကွယ်လိုပါက..ဒဏ်ရာအနာတရမဖြစ်အောင်ထိန်းသိမ်းခြင်း။ ခံနိုင်ရည်ရှိအောင် ရေနဲ့အစာကို မျှတစွာပေးခြင်း။ ကော့ပါး၊ကာဆူကာမိုင်စင် ကြိုတင်ကာကွယ်ခြင်း လုပ်ဆောင်ရပါတယ်။

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်