တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ

04/03/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိတ်ဝင်စားစရာ အမေးအဖြေလေးတွေကို စုစည်းပြီးဖော်ပြပေးနေတဲ့ စနေနေ့လေးကနေ ကြိုဆိုလိုက်ပါတယ်ရှင့်

ဒီတစ်ပတ်ကတော့ အမေးအဖြေကဏ္ဍမှာ ပုံနဲ့တင်ပြီးမေးထားတဲ့ မေးခွန်းတွေကို ဆရာတွေ ဘယ်လောက်ထိ တိတိကျကျ ဖြေပေးနိုင်လဲဆိုတာ သိရှိဖို့အတွက် ရည်ရွယ်ထားတာပါ။

ဒါ့ကြောင့် ဦးကြီးတို့ ပုံနဲ့ပို့စ်တင်မေးတဲ့အခါ ဘယ်လောက်ထိ အဖြမှန်ကို ရနိုင်လဲဆိုတာ ကြည့်ကြရအောင်ပါ။

၁။ မေး ( U Oo) - အရွက်တွေကြွေပြီး အညွှန့်တွေလည်း ညိုနေတယ်။ အညွှန့်လည်းဆက်မထွက်တော့ဘူး။ ပင်စည်ကတော့ ဘာမှမဖြစ်ဘူး အကြံပေးပါဦးဆရာတို့။

ဖြေ (  ဒို့ဦးလေး) - အမြစ်မှာ ပြသနာရှိနိုင်တယ်။ ထရိုင်ကိုဒါးမား ထည့်ခြင်း။ သို့မဟုတ် ဖို့စတိုင်းအလူမိနိယံ ဖျန်းပါ။

၂။ မေး (Mg Gaw) - ဆရာတို့ရေ ကြည့်ပေးပါဦး မြေသားက အဲလိုအရောင်ဖြစ်နေလို့ ပုံမှန်ပဲလား (သို့) တစ်ခုခုဖြစ်နေလို့လားဗျ

ဖြေ (ဒို့ဦးလေး) - စပါးရိုးပြတ် မြေဆိုရင်တော့.. မြေချဥ်လို့ သံချေးရောင် ဖြစ်တဲ့သဘောပါ။

မေး - ဟုတ်မယ်ဆရာရေ စပါးရိုးပြတ်ပါ အပင်အတွက် အန္တရာယ်ရှိလားခင်ဗျ။

ဖြေ (ဆုမြတ်နိုး) - မြေချဉ်ရင်ကိုယ်စိုက်တဲ့သီးနှံကြိုက်တဲ့ pH ဖြစ်ဖို့အတွက် ထုံးထည့်ပြီး ညှိပေးရပါတယ်။

၃။ မေး (Khin Maung Thein) - ရုံးပတီပင်တွေ ဘာဖြစ်တာလဲဗျ အကြံပေးပါအုံးဆရာတို့ ။ 

ဖြေ (ဒို့ဦးလေး) - ဖြုတ်စိမ်းသို့မဟုတ် ယင်ဖြူကျနေပါလိမ့်မယ်။ စုပ်စားပိုးဆေးဖျန်းထားပါ၊ ဗိုင်းရပ်လက္ခဏာပြနေတယ်။

၄။ မေး (အောင်ဖြိုး) - ရောဂါလားပိုးလားဗျ ၃ ပုံ၂ ပုံလောက်ကိုကျနေပါတယ်ဘာလုပ်သင့်လဲ?

ဒီမေးခွန်းလေးဆို ပုံလေးသာရိုက်မတင်ပဲ မေးလိုက်မယ်ဆို မြေဆီလွှာနဲ့ မတည့်နေတာကို သိရှိနိုင်လိမ့်မှာ မဟုတ်ပါဘူး။ စိုက်ပျိုးရေးဆိုတာလည်း...ခက်တော့...ခက်သား ရေ၊ မြေ၊ ပတ်ဝန်းကျင်နဲ့ ကိုက်တဲ့ သီးနှံကို ရွေးချယ်တတ်ဖို့ကလည်း အလွန်အရေးကြီးပေကိုး..။

ဖြေ (ဒို့ဦးလေး)- ရောဂါမဟုတ်၊ ပိုးမဟုတ်။ စနယ်မြေစေးမြေနဲ့ အပင်နဲ့ သဟဇာတ မဖြစ်တာဖြစ်မယ်။ အပင်ရဲ့ တစ်ထွာပတ်လည်မှာ ဝိုက်ကျင်းဖွဲ့ပါ။ ပြီးရင် ဆွေးပြီး မြေဆွေးမှုန့်တွေ ပုံပါ။

(ဆုမြတ်နိုး) - စနယ်မြေမှာ စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ဝါ၊ ကြံ၊ ပဲမျိုးစုံ၊ ငရုတ် နှင့် နှံစားပြောင်းစသည့် သီးနှံတို့ကို စိုက်ပျိုး နိုင်ပါတယ်။

၅။ မေး (ငဘတို့ရွာ) - ရေထက်သွင်းလို့ရသေးလားဗျ ရက် 70 သားပါ ဥမညီသေးဘူး တစ်ချို့အပင်တွေက ဥက အခုမှစတာ။

ဖြေ (ဒို့ဦးလေး) - ခုမှစဥတဲ့ အရေအတွက်များရင် တော့ ရေသွင်းဖို့လိုမှာပါ။

(ပြည့်ဖြိုးအောင်) လိုပါတယ်။

အခုပြထားတဲ့ ပုံလေးထဲကလို ကိုယ့်အခင်းထဲမှာ ဖြစ်နေရင် ဘယ်လိုလုပ်မလဲဆိုတာ သိရှိသွားပြီပေါ့နော်။

မှတ်စရာလေးတွေလည်း တစ်ခုမဟုတ် တစ်ခုတော့ ရရှိသွားမယ်မျှော်လင့်ပါတယ်။

တောင်သူကြီးများအားလုံး သီးနှံများအထွက်နှုန်းကောင်းလို့ ဈေးကောင်းတွေရရှိကြပါစေ။

စိုက်မွေးပြဿနာတွေကိုလည်း အမေးအဖြေကဏ္ဍမှာ လာရောက်ဆွေးနွေးလို့ ရနေပါကြောင်း...

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်