တစ်ပတ်အတွင်း စိတ်ဝင်စားစရာအမေးအဖြေများ

28/01/2023 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စိတ်ဝင်စားစရာ အမေးအဖြေကို စုစည်းပြီးဖော်ပြပေးနေတဲ့ စနေနေ့လေးကနေ ကြိုဆိုလိုက်ပါတယ်ရှင့်။

မေးခွန်းနဲ့ အဖြေတွေကတော့ ဆော့ဝဲထဲမှာရှိတဲ့ အမေးအဖြေကဏ္ဍကနေ ရယူထားခြင်းဖြစ်ပါတယ်။ တခြားမေးမြန်းလိုသူတွေလည်း စိုက်ပျိုး/မွေးမြူရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို စိတ်ကြိုက်မေးမြန်းလို့ရပါတယ်ရှင့်။ ချိတ်ဆက်ထားတဲ့ ပညာရှင်တွေနဲ့ အတွေ့အကြုံရှိတောင်သူတွေ ဝိုင်းဝန်းပြီး ဆွေးနွေးနေကြပါပြီနော်...

ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာ မေးခွန်းတွေကတော့.....

၁။ မေး (ဦးကိုကိုမောင်) - ပဲပင်ကအရွက်တွေဝါပြီးခြောက်နေတယ်ဆရာ။ ဒီနှစ်အတွက်မမှီတော့ရင်တောင် နောက်နှစ်အတွက်အသိပညာရအောင်လို့ အကြံပြုပေးပါဦးခင်ဗျ။

ဖြေ (ဒို့ဦးလေး) – ရောဂါဒဏ်ခံတဲ့မျိုး(ရေဆင်း၁၅/၁၆) ပြောင်းစိုက်ပါ။ မျိုးစေ့ကို ဆေးလူးပြီးမှစိုက်ပါ။ စိုက်ချိန်စောစိုက်ခြင်း ရှောင်ပါ။ ယင်ဖြူ/စုပ်စားပိုး ဆေး ကြိုတင်ကာကွယ်ပါ။ 

၂။ မေး (Pyae Phyoe Aung) - ကြက်သွန်ဖြူပင်လေးတွေ ပုံပါအတိုင်း ဖြစ်နေလို့ပါခင်ဗျာ ရောဂါအနေအထားနဲ့အသုံးပြုရမယ့်ဆေးကို ညွှန်းပေးစေချင်ပါတယ်။

ဖြေ (ဒို့ဦးလေး) - ဂျိုလိမ်ရောဂါက အမြစ်မှာ မှိုရောဂါရရင်လည်း ဖြစ်တတ်တယ်။ အရွက်ကြားထဲမှာ လှေးရှိရင်လည်း ဖြစ်တတ်တယ်။ ဇင့်ချို့တဲ့ရင်လည်း ဖြစ်တတ်ပါတယ်။ အခုဖော်ပြပါ အချက်ထဲက ဘာဖြစ်နိုင်မလဲ ဆိုတာ ကွင်းထဲမှာ ကြည့်မှ သိမှာပါ။ 

(ဦးသက်လွင်) - အခြားပိုးမွားရောဂါနှင့် အာဟာရချို့တဲ့မှုကြောင့်မဟုတ်ပါက ပရိုပီနာဇိုး၊ အဇိုစတိုဘင်+ ဒိုင်ဖီနိူကိုနာဇိုး၊ Hymexazol တစ်မျိုးမျိုး ပက်ဖြန်းပါ။

၃။ မေး (ရှိုင်းထက်အောင်) - အုတ်ဖုတ်ထားတဲ့ စပါးခွံပြာကိုလယ်ထဲထည့်လို့ရလား ဘာကောင်းကျိုးရလဲဗျ။

ဖြေ (ဦးသက်လွင်) - ထည့်၍ ရသော်လည်း ဆန်စက်မှ ထွက်သော စပါးခွံဖွဲပြာနှင့် နှိုင်းယှဉ်ပါက အာနိသင်လျော့ပါတယ်။ ပိုတက်စီယမ်(ပြာဓာတ်)ရရှိပြီး ရောဂါဒဏ်ခံနိုင်ခြင်း၊ အပင်တောင့်တင်း ခိုင်မာခြင်း၊ အစေ့အဆံအောင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိူင်ပါတယ်။

၄။ မေး (ထက်နိုင်လင်း) - စိုက်ပျိုးရေးဆေးဆိုင်ဖွင့်ရန် လိုအပ်ချက်များ သိချင်ပါတယ်။

ဖြေ (ဦးသက်လွင်) - ၁။ CPA သင်တန်းဆင်းလက်မှတ်ရရှိရန် သင်တန်းတက်ပါ။ ၂။ ပိုးသတ်ဆေး ရောင်းချခွင်လိုင်စင် လျှောက်ပါ။ ၃။ မြေဩဇာရောင်းချခွင့် လိုင်စင်လျှောက်ပါ။

၅။ မေး (နေထက်) - မြေဆွေးလုပ်ပြီး၂ရက်ကြာတော့ပြန်ဖော်ကြည့်တာ ဘာအကောင်လေးတွေတုန်း မသိလို့ပြောပြပေးပါ။

ဖြေ (ဒို့ဦးလေ) - သဘာဝမြေဆွေး ဆိုတာ.. သက်ရှိတွေ၊ပိုးမွှားတွေ ပျော်ကြ၊ ပွားကြတဲ့ နေရာပါ။ အောင်မြင်ပါတယ်။

အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍမှာ ပညာရှင်တွေနဲ့ အပြန်အလှန်ဆွေးနွေးလို့ရနေပြီဆိုတော့  ဝင်ရောက်ဆွေးနွေးဖို့ဖိတ်ခေါ်ပါတယ်နော်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်