နွေနေပူမှာ စုပ်စားပိုးအန္တရာယ် သတိ နဲ့ တစ်ပတ်အတွင်းစိတ်ဝင်စားစရာအမေးအဖြေများ

25/03/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာပါ

စိုက်ခင်းထဲမှာ ကြုံတွေနေရတဲ့ အခက်အခဲတွေကို လေ့လာမှတ်သားရမဲ့ နေ့လေးကနေ ကြိုဆိုလိုက်ပါတယ်ရှင့်

ပထမေးခွန်းကတော့ ဦးကြီးတို့အနေနဲ့ အစိမ်းရောင်လမ်းကတင်ထားတာတွေနဲ့ ပတ်သက်ပြီး မရှင်းတာကို မေးထားတဲ့ မေးခွန်းလေးတွေပါ။ ဒါကြောင့် ပထမမေးခွန်းတစ်ခုကို ရှင်းပြပေးလိုက်ပါတယ်။

၁။ မေး ( ဦးလင်းလင်းထွဋ်) - စပါးစျေး တစ်တင်းခွဲကို ၇၃၀၀၀ မှ ၇၅၀၀၀ စျေးဆိုတော့ စပါးတင်း (၁၀၀) ကို စျေးနှုန်းဘယ်လောက် ရှိလဲသိချင်ရင် ဘယ်လိုတွက်ချက်ရပါသလဲ? တွက်ချက်ပုံ Formula သိချင်ပါတယ်..

ဖြေ (  ဒို့ဦးလေး) - ၁တင်းခွဲစျေးနုန်းကို ၁.၅ နဲ့စားပါ။ ၁တင်းစျေးရပါမယ်။

(ဆုမြတ်နိုး) - ၃ချက်တွက်နည်းလေး ပြောပြပေးပါ့မယ်။ 

၁တင်းခွဲ (၁.၅) ကို ၇၃၀၀၀ ရှိတယ်ဆိုပါစို့။

၁တင်းဆိုရင်=?

 =၇၃၀၀၀ x ၁/၁.၅ (၁တင်းကို တည်ပြီး ၁.၅ နဲ့ စားရတာပါ။ ဘာလို့ဆိုတော့ ကျွန်မတို့က ၁.၅ တင်းရှိနေတဲ့ ဈေးကနေ ၁ တင်းဈေးကို လိုချင်တာမို့လို့ အနည်းလို အများစားခြေဆိုပြီး တွက်ချက်ကြရတာပါ။) ဒီတော့ အဖြေက ၀.၆၇ ရပါတယ်။

= ၇၃၀၀၀ x၀.၆၇

= ၄၈၉၁၀

တင်း ၁၀၀ ဆို = ၄၈၉၁၀ x ၁၀၀ = ၄,၈၉,၁၀,၀၀

ဆိုတော့ ၄၈ သိန်းကျော်ပါ။

နံပါတ် ၂ မေးခွန်းလေးကတော့ ကျွန်မတို့တစ်တွေဟာ မြေချဉ်ရင် ထုံးထည့်ပါ ထုံးထည့်ပါနဲ့ ဆော်ဩနေကြတာ ဘယ်အနက်လောက်ထိ သမအောင်ထည့်ရမလဲ မပြောဖြစ်ကြတဲ့ မေးခွန်းလေးပေါ့။ ဒီမေးခွန်းလေးအတွက် အဖြေလေးကို အခုဖော်ပြပေးလိုက်ပါပြီရှင့်

၂။ မေး (ဇွဲခန့်ပိုင်) - ထုံးထည့်ပီး မြေပြင်ရင် မြေအနက် ဘယ်လောက် ကို ထုံးနဲ့ သမ ရပါသလဲ။ ဧက ဝက် ရှိတဲ့နေရာလေး ကိုပြင်ချင်လို့ပါ။ လုပ်ပီး မထိရောက်မှာ စိုးလို့။

ဖြေ (ဒို့ဦးလေး) - မြေချဥ်ငန် အရင်တိုင်းပါ။ ပီအိပ်ချ် ၅ အောက်ဆိုရင် ထုံးထည့်ပါ။ မြေသား အနက် ၈ လက်မဝန်းကျင် အထိ သမနိုင်ရင် ကောင်းပါတယ်။

နံပါတ် ၃ မေးခွန်းလေးကတော့ တောင်သူတွေသတိထားစရာ မေးခွန်းလေးတစ်ခုပါ။ ကျွန်မတို့ ဦးကြီးတွေကို စေတနာ ဇောလေးနဲ့ တစ်ခုသတိပေးပါရစေ။ ဦးကြီးတို့ စိုက်ခင်းထဲကို အသုံးပြုမဲ့ ဆေးတွေဟာဆိုရင် မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားကြောင်းဖော်ပြထားတဲ့ မြန်မာစာနဲ့ ဆေးတွေသာ ဝယ်သုံးသင့်တယ်ဆိုတာလေးပါ။ ပြီးတော့ ဆေးဖျန်းတဲ့အခါမှာလည်း စနစ်တကျ ပိုးသတ်ဆေးဖျန်းနည်းလမ်းညွှန်ချက်တွေအတိုင်းသာ ဖျန်းသင့်ပါတယ်။ ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ်ဟာ ချက်ချင်းလည်း ဒုက္ခပေးနိုင်သလို တစ်ခါတစ်ရံမှာ အသံတိတ်လူသတ်သမားအဖြစ်နဲ့ ရှိနေတတ်ပါတယ်။

၃။ မေး (Thet Soe ) - ဘာအတွက်သုံးတာလဲ ဆေးဝယ်တာမှားလို့ အပင်ရောဖြန်းရလာခဗျာ။

ဖြေ (ဒို့ဦးလေး)- ထိုင်း အဘာမက်တင် ပါပဲ။ မွှားပင့်ကူနဲ့ ရွက်ထွင်းပိုး ကာကွယ်ဆေးပါ။ မြန်မာစာအညွှန်းမပါရင် မဝယ်တာကောင်းပါတယ်။ အတုအစစ်လည်း မသေချာလို့ပါ။

သီးနှံပင်လေးတွေဟာလည်း လူတွေလိုပဲ ပျော်တဲ့အရပ်မှာနေရမှ တက်ကြွပျော်ရွှင်နေတတ်တဲ့ ဆိုတာလေးကိုလည်း ပြောပြချင်ပါတယ်။ စိုက်ပျိုးလို့ကတော့ ဖြစ်တယ်။ သီးနှံတွေအောင်မြင်အောင်မသီးဘူးဆိုတာက သူနှစ်သက်တဲ့ သဘာဝပတ်ဝန်းကျင် မြေအနေအထားမဟုတ်လို့ပါ။ ဒါ့ကြောင့် ဦးကြီးတို့အနေနဲ့ သီးနှံတွေကို စိုက်ပျိုးတော့မယ်ဆိုရင် ရေမြေရာသီဥတုနဲ့ ကိုက်ညီတာကို လေ့လာပြီးမှ စိုက်ပျိုးကြပါလို့။

၄။ မေး (Ko Ko) - ဧရာဝတီတိုင်းအတွင်းမှာ စပျက်စိုက်ပျိုးမှု အနည်းငယ်သာတွေ့ရတယ် ဘာကြောင့်လို့ထင်ပါသလဲ စိုက်ပျိုးရင် ဖြစ်ထွန်းနိုင်ပါ့မလား။

ဖြေ (ဒို့ဦးလေး) - စိုက်လို့ရပါတယ်။ မြေနိမ့်ပိုင်းမို့ မိုးများရင်၊ ရေဝပ်ရင် အမြစ်ပုပ်တတ်ပါတယ်။ ဒါကြောင့် ကုန်းမြင့်ပိုင်း၊ မြန်မာပြည်အလယ်ပိုင်း အစိုက်များတာထင်ပါတယ်။

နံပါတ် ၅ မေးခွန်းလေးကလည်း သတိပေးချင်လို့ပါ အမျိုးတို့ရေ။ ရာသီဥတုပူလာရင် စုပ်စားပိုးတွေအကြိုက်တွေ့လေပဲနော်။ ဒါ့ကြောင့် နွေမဝင်ခင်ကတည်းက ပူပြင်းနေတဲ့ အခုလိုအချိန်ကာလမှာ စုပ်စားပိုးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဒီမေးခွန်းလေးကနေပဲ နှိုးဆော်လိုက်ရပါတယ်။

၅။ မေး (U Than Zaw Oo) - ဆရာတို့ ခုချိန်ခရမ်းချဥ် စိုက်လို့ အဆင်ပြေနိုင်သေးလား ခုမှစပျိုးထားတာမို့ပါ ဘာတွေကြိုင်တင်ပြင်ဆင်ထားဖိုးလိုလည်းဗျ။

ဖြေ (ဒို့ဦးလေး) - စိုက်လို့တော့ရပါတယ်.. ဧပရယ်၊ မေ ရဲ့အပူဒဏ်/စုပ်စားပိုးဒဏ်ကို ကာကွယ်နိုင်ဖို့လိုတာပါ။

ဒီတစ်ပတ်လည်း လေ့လာမှတ်သားစရာတွေ ‘ပါ’ပါတယ်နော်

အခက်အခဲတွေ အကြံဉာဏ်တွေလိုအပ်လာပြီဆိုရင် အစိမ်းရောင်လမ်းရဲ့ အမေးအဖြေကဏ္ဍမှာ အကူအညီပေးမဲ့ ဆရာတွေမျှော်နေကြောင်းပါလို့ ပြောရင်း ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်