အချိန်အခါမဟုတ်မိုးကပေးတဲ့ပြဿနာတွေနဲ့ တစ်ပတ်အတွင်း စိတ်ဝင်စားစရာ အမေးအဖြေများ

18/03/2023 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာပါရှင့်

စိုက်ခင်းထဲမှာ ကြုံတွေနေရတဲ့ အခက်အခဲတွေကို လေ့လာရမဲ့ စနေနေ့ကနေ ကြိုဆိုလိုက်ပါတယ်နော်

မေးခွန်းတွေကတော့ အခုတစ်ပတ် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း..စတဲ့ တိုင်းဒေသကြီးတွေရဲ့ မြို့နယ်အချို့မှာ မိုးတွေရွာသွန်းသွားတယ်ဆိုတော့ ဦးကြီးတို့အနေနဲ့ နှောင်းပိုင်းကာလတွေမှာ ဘယ်လိုတွေဆက်လုပ်ရမယ်ဆိုတာကို သိရှိဖို့အတွက် မေးထားတဲ့ မေးခွန်းလေးတွေကို ဖော်ပြပေး လိုက်ရပါတယ်ရှင့်

၁။ မေး ( ဦးရဲသူအောင်) - စပါးအနှံထွက်ခါစ မိုးရွာလေတိုက်ပြီး အကုန်လုံးပြားကုန်တာ စပါးအဖျင်းများနိုင်လားခင်ဗျာ။ ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ အကြံပေးပါဦး။ ရက် 90 စပါးမျိုးပါ စပါးသက်တမ်းက 70 ရက်ရှိနေပါပြီ။

ဖြေ (  ဒို့ဦးလေး) - ဂျီဘရယ်လစ်အက်ဆစ် ကို ဆေးတစ်ပုံး တစ်စိပ် နှုန်း ဖျန်းကြည်ပါ။

၂။ မေး (စိုးမင်းဦး) - ဆရာ အခုမိုးမိသွားတဲ့ငရုတ်တွေကို ဘယ်လိုလုပ်ဆောင်ရမလဲ မှိုဆေးတွေ ဘာတွေဖျန်းထားရမလဲ။

ဖြေ (ဒို့ဦးလေး) - ကော့ပါး ဖျန်းထားပါ။

၃။ မေး (မျိုးသူ) - သခွား ၁၃ရက်သားမှာ မိုးမိသွားတယ်ခင်ဗျ အရင်တစ်ခင်းတုန်းကလည်း မိုးမိတာ အပင်တွေမကြီးတော့ဘဲ ဒေါင်းနှီးမှိုဝင်ပြီး သေကုန်ပါတယ် အခုနောက်တစ်ခင်းလည်း မိုးမိသွားပြန်ပါတယ် ဘယ်လိုကာကွယ်ကုသရင်ရမလည်းလမ်းညွှန်ပေးဖို့ အကူညီတောင်းပါတယ်။

ဖြေ (ဒို့ဦးလေး)- မိုးရွာပြီးတာနဲ့ ကော့ပါး သိူ့မဟုတ် အဇိုဇီစထိုဘင် မှိုဆေးကို အပင်ရော အပင်ခြေပါ ဖျန်းထားပေးပါ။ အပင်ခြေ ရေမဝပ်အောင် ဂရုစိုက်ပါ။

နောက်မေးခွန်းလေးကတော့ ဆေးတွေကို ရောဖြန်းချင်တဲ့ မိတ်ဆွေတွေမေးမေးနေကြ မေးခွန်းပါ။ ဒါ့ကြောင့် ဆေးတွေကို ရောဖြန်းတော့မယ်ဆို ဆေးတွေဓာတ်တည့်မတည့်ဆိုတာကို စမ်းသပ်တဲ့ နည်းလမ်းကိုပါ ဖော်ပြပေးလိုက်ပါတယ်ရှင့်။

၁။ သီးခြား ဖန်ခွက်အလွတ်တစ်ခုကို ရေတစ်ဝက်ခန့်ထည့်ပါ။

၂။ ရောစပ်လိုသည့် ဆေး ၂ မျိုး သို့မဟုတ် ၃ မျိုးကို ၅ စီစီခန့် ထည့်ပါ။

၃။ တုတ်တစ်ချောင်းဖြင့်မွှေပြီး နာရီဝက် စောင့်ကြည့်ပါ။

ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုအရ...

  • အရောင်ပြောင်းလာခြင်း(ရေကဲ့သို့..)
  • အလွှာကွဲလာခြင်း
  • အနည်ထိုင်လာခြင်း
  • အခဲ/အနှစ် ဖြစ်လာခြင်း
  • အမြှုပ်များထွက်လာခြင်း စသည့်လက္ခဏာများတွေ့ရပါက ရောစပ်အသုံးမပြုရပါ။

သို့တည်းမဟုတ်ဘဲ ပုံမှန်အခြေအနေအတိုင်းဆိုပါက အသုံးပြုနိုင်ပါတယ်

၄ ။ မေး (ဦးအောင်မင်း) - ဆရာတို့ပိုးသတ်ဆေးနဲ့အားဆေးရောဖျန်းလို့ရလား

ဖြေ (ဒို့ဦးလေး) ရပါတယ်ဗျ။ အားဆေးနဲ့ မှိုဆေးသာ မရောသင့်တာပါ။

မှတ်သားစရာတွေရလောက်မှာပါနော်။

စိုက်ပျိုးရေးလုပ်ရတာလည်း.. ပိုးကဖျက်လိုက် ရာသီဥတုကဖျက်လိုက်နဲ့ သီးနှံတွေထွက်လာတော့လည်း အကြောင်းကြောင်းတွေကြောင့် ဈေးတွေကမရတော့ ... ဟင်း...လို့သာ သက်ပြင်းချရင်း ဒီတစ်ပတ်တော့ ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါဦးမယ်။

အကြံဉာဏ်တွေရယူချင်တယ် တိုင်ပင်ချင်တယ်ဆို အမေးအဖြေကဏ္ဍမှာ လာရောက်ရယူနိုင်ပါတယ်ဆိုတဲ့  သတင်းကောင်းလေးလည်း ထပ်မံပေးလိုက်ပါရစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်