COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

17/09/2020 09:05 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

(၁၇-၉-၂၀၂၀)၊ နံနက် (၈:၀၀)နာရီ 

၁။     (၁၆-၉-၂၀၂၀)  ရက်နေ့၊ ည  (၈:၀၀)နာရီ မှ (၁၇-၉-၂၀၂၀) နံနက် (၈:၀၀)နာရီ အတွင်း COVID-19  ဓာတ်ခွဲ စစ်ဆေးချက်များအရ -

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲ နမူနာ (၁,၀၅၁) ခု၊

- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၉၄) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၃၉၁) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ  ဒုတိယအသုတ် ဓာတ်ခွဲနမူနာ (၁၃၂) ခု

- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၅) ခု၊

- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ ဒုတိယအသုတ် (၄၁) ခု၊

- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၆၀၀) ခုနှင့်

- အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၇၅) ခု၊

စုစုပေါင်း ဓာတ်ခွဲနမူနာ (၂,၅၉၉) ခုတို့အား ထပ်မံ စစ်ဆေးပြီးစီးခဲ့ရာ 

• COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၇၃) ဦးတွေ့ရှိပါသည်။

၂။   သို့ဖြစ်ရာ (၁၇-၉-၂၀၂၀) ရက်နေ့၊  နံနက် (၈:၀၀) နာရီအထိ  မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃,၈၉၄)ဦး ရှိပြီဖြစ်ပါသည်။ 

၃။   သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၈၄) နှစ်အရွယ် အဆုတ်တီဘီရောဂါဖြစ်ဖူးခြင်း နှင့် သွေးတိုးရောဂါအခံရှိသူ အမျိုးသား (Case-3599) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ တို့ ဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ ညနေ (၇:၂၆) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။ 

၄။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၅၈) နှစ်အရွယ်အမျိုးသား (Case-3370) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်းဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီ အချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၅။ အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၆၅) နှစ်အရွယ် အဆုတ်တီဘီရောဂါဖြစ်ဖူးခြင်း နှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသား (Case-3540) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း တို့ ဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ ညနေ (၃:၀၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၆။ သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၉၀) နှစ်အရွယ် နှလုံးသွေးကြောကျဉ်းရောဂါအခံရှိ၍ လေဖြတ်ထားဖူးသူ အမျိုးသား (Case-2911) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း ဖြင့် (၁၃-၉-၂၀၂၀) ရက်နေ့၊ နံနက် (၉:၂၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၇။ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၇၅) နှစ်အရွယ် နှလုံးရောဂါနှင့် နာတာရှည်ကျောက်ကပ်ရောဂါနှင့် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီး (Case-3361) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက်အသက်ရှူ လမ်းကြောင်း ပျက်စီး ခြင်းဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့၊ ညနေ (၆:၁၀) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၈။ တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူခဲ့‌သော အသက် (၁၃) နှစ်အရွယ် အမျိုးသမီး (Case-2531) သည် ပြင်းထန်အဆုတ်ရောင် ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ သွေးနှင့်ဆိုင်သော ရောဂါအခံရှိခြင်းတို့ဖြင့် (၁၇-၉-၂၀၂၀) ရက်နေ့၊ နံနက် (၁:၄၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

၉။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၄၆)ဦး ရှိပြီဖြစ်ပါသည်။ 

၁၀။   (၁၆-၉-၂၀၂၀) ရက်နေ့အတွက်  COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် 

- အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၂,၀၆၈) ခု၊ 

- ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၃၇၆) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) မှ ဓာတ်ခွဲနမူနာ (၇၃၅) ခု၊

- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၃၂၀) ခု

- ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့မှ ဓာတ်ခွဲနမူနာ (၁၅) ခု၊

- နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ ဒုတိယအသုတ် (၄၁) ခု

- ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၇၈) ခု

- ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၇) ခု

- ပြည်သူ့ဆေးရုံကြီး၊ မြောင်းမြမြို့မှ ဓာတ်ခွဲနမူနာ (၅) ခု

- ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၁၀) ခု

- ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ 

- ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ 

- ပြည်သူ့ဆေးရုံကြီး၊ ပြည်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊ 

- ပြည်သူ့ဆေးရုံကြီး၊ ဘားအံမြို့မှ ဓာတ်ခွဲနမူနာ (၆) ခု၊ 

- ပြည်သူ့ဆေးရုံကြီး၊ ဟားခါးမြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ 

- ပြည်သူ့ဆေးရုံကြီး၊ တီးတိန်မြို့မှ ဓာတ်ခွဲနမူနာ (၁၂) ခု

- အမှတ်(၁) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၆၀၀) ခု နှင့်

- အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၇၅) ခု

စုစုပေါင်း (၄,၅၅၅) ခုအား  စစ်ဆေးခဲ့ခြင်းဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၂၅၈) ဦး တွေ့ရှိခဲ့ပါသည်။ (ဓာတ်ခွဲအတည်ပြု လူနာ (၁၈၅) ဦး တွေ့ရှိကြောင်း ကို  (၁၆-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။)

#Ministry_of_Health_and_Sports, #MoHS, #COVID19LabResults, #ကိုရိုနာဗိုင်းရပ်စ်, #ဓာတ်ခွဲအဖြေ

https://www.mohs.gov.mm/

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်