ထောပတ်သီး ပြတ်လတ်မှုကြောင့် နယူးဇီးလန်နိုင်ငံမှာ ရာဇဝတ်မှုတွေ များပြား

06/08/2016 11:31 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

နိုင်ငံတကာနဲ့ ဒေသတွင်း ထောပတ်သီးဝယ်လိုအား တဟုန်ထိုး တိုးတက်လာမှုက နယူးဇီလန်မှာ ခိုးယူမှုတွေပျံ့နှံ့ဖြစ်ပွားစေပြီး မှောင်ခိုစျေးကွက်တွေ ဖြစ်ပေါ်စေပါတယ်။ အခုချိန်ထိ ခိုးမှုတစ်ကြိမ်ဖြစ်တိုင်း ထောပတ်သီး အလုံးရေ ၃၅၀ လုံးအခိုးခံရပြီး ထောပတ်သီးခြံကနေ ခိုးယူသူ အယောက် ၄၀ နီးပါး ရှိနေပြီ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ထောပတ်ထွက်နှုန်း ကျဆင်းပြီးနောက် လတ်တလောအချိန်မှာ နယူးဇီလန်နိုင်ငံတစ်ခုလုံးမှာ ထောပတ်သီးတွေ ဒေါ်လာ ၄-၆ (ယူရို ၂-၃) ဖြင့် အရောင်းအဝယ်ဖြစ်နေပါတယ်။

နယူးဇီလန်နိုင်ငံထောပတ်သီးစျေးကွက်မန်နေဂျာ Bevan Jelley က လူတွေ သစ်သီးခြံဆီ ပစ္စည်းသယ်ကားတွေနဲ့ မောင်းထွက်သွားကြပြီး အပြန်မှာ အသီးတွေ အပြည့်တင်ဆောင်လာကြကြောင်း။ သစ်သီးခြံစိုက်သူတွေဟာ ဝင်မစီးလိုက်နိုင်မီ ခြံထဲမှာ သူခိုးတွေ ခူးထားတဲ့ ထောပတ်သီးအပုံလိုက်နဲ့အတူ စောင်တွေ တွေ့ရှိခဲ့ကြောင်း သတင်းရရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

သွားလာလှုပ်ရှားပြီး သောင်းကျန်းနေတဲ့ သူခိုးများစွာ ရှိပါတယ်။ အခိုးခံရတဲ့ထောပတ်သီးတွေဟာ အများအားဖြင့် တုတ်နဲ့ ချိန်ထိုးရိုက်ချခံရခြင်းကြောင့် ၃-၄ စင်တီမီတာရှည် ညာတံတွေနဲ့အတူ ရောင်းချနိုင်ဖွယ် ပိုများပါတယ်။

ဒီအခိုးခံရတဲ့ ထောပတ်သီးတွေ အန္တရာယ်ရှိနိုင်ပါတယ်။ မမှည့်သေးတဲ့ဟာတွေဖြစ်ပြီး အချို့ဆို လောလောလတ်လတ် ဆေးဖျန်းထားတာမို့ အရေပြားကို အဆိပ်အတောက်ဖြစ်စေနိုင်ကြောင်းလဲ ဆိုပါတယ်။ 

Ref: Independent 

မူရင်း - Trend Myanmar


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်