တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၂၈.၇ - ၁.၈.၂၀၂၅)

04/08/2025 08:42 AM တွင် AMIA AMIA မှ ရေးသား

မတ်ပဲ

မတ်ပဲကတော့  အခုတစ်ပတ်မှာလည်း  စျေးတန်းအနည်းငယ် ထပ်တက်လာပြီး   တစ်တန်ကို သိန်း ၃၀ အထက်ကို​မှာပဲဆက်ရှိနေပါတယ်။ 

မတ်ပဲကတော့ အရင်နှစ်စျေးကွက်အရကြည့်မယ်ဆိုရင် ဇူလိုင်လကုန်လောက်ကနေစပြီး စျေးဆက်တိုက်မြင့်တက်လေ့ရှိပါတယ်။ ပဲလက်ကျန်နည်းလာတာနဲ့အမျှ အိန္ဒိယဘက်ဝယ်လိုအားအပေါ်လိုက်ပြီး စျေးတန်းက မြင့်တက်လာတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာမှ သောကြာနေ့အတွင်း ၃၀၀၉၀၀၀ မှ ၃၀၃၀၀၀၀ ကျပ်အတွင်းစျေးတန်းရှိပါတယ်။

အရင်တစ်ပတ်က  မတ်ပဲ FAQ တစ်တန်ကို တနင်္လာ မှ သောကြာနေ့အတွင်း ၂၉၉၀၀၀၀ မှ ၃၀၂၁၀၀၀ ကျပ်ရှိခဲ့တာကြောင့် ခုတစ်ပတ်မှာ တစ်တန်ကို  ၁၀၀၀၀ ကျော်လောက်ထပ်တက်လာ ပါတယ်။

ပဲစင်းငုံ

ပဲစင်းငုံကတော့  အခုတစ်ပတ်မှာ စျေးတန်းအေးပါတယ်။ တစ်တန်ကို ထောင်ဂဏန်းလောက်သာကျရိပ်ပြပါတယ်။ နယ်စျေးကွက်မှာတော့ ပဲစဥ်းငုံ တစ်တင်းကို ၈၀၀၀၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။

ပစ္စည်းလက်ကျန်ကတော့နည်းလာနေပါတယ်။ ပဲစဥ်းငုံကလည်း  အိန္ဒိယဝယ်လိုအား ပေါ်လိုက်ပြီး စျေးတန်း အတက်အကျ ပြောင်းလဲမှုရှိနေတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း  ပဲစင်းငုံနီတစ်တန်ကို ၂၈၀၀၀၀၀ မှ ၂၈၁၈၀၀၀ ကျပ်ရှိပါတယ်။

အရင်တစ်ပတ်တုန်းက တနင်္လာကနေ သောကြာနေ့အတွင်း  ပဲစင်းငုံနီတစ်တန်ကို  ၂၇၉၈၀၀၀ မှ ၂၈၂၀၀၀၀ ကျပ်ရှိခဲ့တာကြောင့်  ၂၀၀၀ လောက်စျေးကျပါတယ်။

ပဲကြီး

ပြည်တွင်းသုံးပဲဖြစ်တဲ့  ပဲကြီးက ပြည်တွင်း စျေးကွက်မှာ ဝယ်လိုအားရှိပြီး ကုန်ပစ္စည်းအဝင်နည်းတာကြောင့် စျေးနှုန်းမြင့်တက်လာနေတယ်လို့သိရပါတယ်။ လက်ရှိမှာ ပဲကြီးကို ရန်ကုန်မှကုန်သည်ဝယ်လက်ရှိခြင်း၊ အကြော်လှော်လုပ်ငန်းသမားများ ဝယ်ယူမှုရှိပြီး  ဆောင်းပဲလက်ကျန်က နည်းလာတဲ့အပြင်  မိုးပဲကလည်း စျေးကွက်အတွင်း  မဝင်သေးတာကြောင့် စျေးတန်းမြင့်လာတာဖြစ်တယ်လို့သိရပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာဆိုရင် ပဲကြီး (ကြီး ) က ၅၅.၂၅ ပိဿာကို ၃၈၀၀၀၀ ကျပ်မှ ၄၀၀၀၀၀ ကျပ်၊ ပဲကြီး (လတ်) ၃၅၀၀၀၀ မှ ၃၆၀၀၀၀ ကျပ်၊ ပဲကြီး (သေး)က ၃၀၀၀၀၀ မှ ၃၁၀၀၀၀ ကျပ်စျေးတန်းရှိလာတယ်လို့သိရပါတယ်။

စားတော်ပဲ

စားတော်ပဲကလည်း စျေးတန်းဆက်တိုက်မြင့်လာပါတယ်။ စားတော်ပဲ(ကျွန်း)က အထွက်နှုန်းနည်းပြီး လက်ကျန်နည်းတာကြောင့် စျေးကွက်အတွင်း ကုန်ပစ္စည်းအဝင်နည်းလာခြင်း ၊ စားတော်ပဲ ယူကရိန်ကလည်း ပစ္စည်းအဝင်မရှိခြင်းကြောင့် ရောင်းလိုအားနဲ့ဝယ်လိုအား မျှတမှုမရှိတဲ့အတွက်  စားတော်ပဲ ( ကနေဒါ) နဲ့ စားတော်ပဲ ( ကျွန်း)  စျေးဆက်တိုက်မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

စားတော်ပဲက ပြည်တွင်းစားသုံးတဲ့ပဲဖြစ်တာကြောင့် စားသုံးမှုများပြီးဝယ်လိုအားကောင်းပါက စျေးတန်းမြင့်တက်လာတယ်လို့သိရပါတယ်။

မန္တလေးကုန်စည်စျေးကွက်မှာဖြစ်ပေါ်တဲ့ပြည်တွင်း ပဲစျေးကွက်မှာ စားတော်ပဲ ကနေဒါ ၅၉.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်ကို ၅၅၀၀၀၀ ကျပ်အထိရှိနေသလို စားတော်ပဲ ( ကျွန်း) ကလည်း တစ်အိတ်ကို ၆၂၅၀၀၀ မှ ၆၃၀၀၀၀ ကျပ်စျေးပေါက်နေပါတယ်။

ဆောင်ပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်