ယခုနှစ် ဈေးကွက်အတွင်း မန်ကျည်းသီးမှည့် ဝင်ရောက်မှုနည်းပြီး ဝယ်လိုအားနေကောင်းတာကြောင့် ဈေးဆက်တိုက်မြင့်တက်နေ

15/12/2024 10:30 AM တွင် AMIA AMIA မှ ရေးသား

ကြက်သွန်ဖြူ

အခုတစ်ပတ်မှာ ကြူကုတ်က စျေးပြန်ကျပြီး ရှမ်းကြက်သွန်တွေကတော့ တက်ရိပ်ပြပါတယ်။ ကြူကုတ်ကတစ်ပိဿာကို ၂၀၀၀ကျပ် လောက်ပြန်ကျပြီး ရှမ်းကြက်သွန်က တစ်ပိဿာကို ၅၀၀ကျပ်လောက် တက်လာတာဖြစ်ပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာကြူကုတ် တစ်ပိဿာကို အရင်တစ်ပတ်က ၁၉၀၀၀ နဲ့ ၂၀၀၀၀  ကျပ်ကြားရှိရာကနေ ခုတစ်ပတ်မှာ ၁၈၀၀၀ကျပ် ဝန်းကျင်ရှိလာတာဖြစ်ပါတယ်။

ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂က ၁၂၅၀၀၊ ထူး ၃ က၁၄၀၀၀၊ ထူး ၄ က၁၅၀၀၀၊ ထူး ၅ က ၁၆၀၀၀ ကျပ်ရှိပါတယ်။

ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးကွက်မှာတော့ စျေးငြိမ်နေပါတယ်။ တစ်ပိဿာကို အောင်ပန်းထူး၂က ၁၂၅၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၁၃၅၀၀ ကျပ်၊ အောင်ပန်းထူး ၄ က ၁၄၅၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ ၁၅၅၀၀ ကျပ်၊ ကြူကုတ်က ၂၁၀၀၀ ကျပ်ရှိပါတယ်။ 

ခရမ်းချဥ်

ခရမ်းချဥ်သီးကတော့ နယ်အစုံကနေ ခူးဆွတ်နေပြီးစျေးကွက်ထဲ ဝင်ရောက်နေပြီဖြစ်လို့ စျေးတန်းကျလာနေ ပါတယ်။

ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းစျေးကွက်မှာဆိုရင် ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၃၅၀၀ကျပ်၊ ခရမ်းချဥ်သီး ရှယ်သီးက တစ်ပိဿာကို ၃၀၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးတစ်ပိဿာ ၂၇၀၀ ကျပ်အထိသာရှိပါတယ်။ တစ်ပိဿာကို ၄၀၀၀ ကျပ်လောက်အထိ စျေးတွေကျသွားတာ ဖြစ်ပါတယ်။

အာလူး

အာလူးက ခုတစ်ပတ်ဘုရင့်နောင်မှာ စျေးတန်းကျဆင်းသွားပါတယ်။ တရုတ်အာလူးက ပစ္စည်းအဝင်နည်းပေမယ့်လည်း ရှမ်းအာလူးတွေအဝင်ရှိနေတာကြောင့် စျေးတန်းကျလာတာဖြစ်ပါတယ်။ ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာလည်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းပိတ်နေလို့ အာလူးစျေးကျနေပါတယ်။

ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ တရုတ်အာလူးတစ်ပိဿာကို  ၉၂၀၀ ကျပ်ရှိနေရာက ခုတစ်ပတ်မှာတော့ ၇၃၀၀ ကျပ်သာရှိတော့လို့ တစ်ပိဿာကို ၁၉၀၀ လောက်ပြန်ကျလာတာဖြစ်ပါတယ်။

အောင်ပန်းစျေးကွက်မှာ​တော့ မျက်နီ S1/ OK က ၆၀၀၀  ကျပ်၊ မျက်နီ OK က  ၅၅၀၀ ကျပ်၊ မျက်နီ A1 က  ၄၅၀၀ ကျပ်၊ A1ဆွဲမျက်နီက ၃၅၀၀ ကျပ်ရှိလာပြီး လုပ်ငန်းသုံးအကြော်သီးတွေဖြစ်တဲ့ မားကစ် S2/ S-1 နဲ့ မျက်နီ S-2 /S1 က ၆၅၀၀ မှ ၇၀၀၀ ကျပ်စျေးပေါက်နေပါတယ်။ တစ်ပိဿာကို ၁၀၀၀မှ ၂၀၀၀ကျပ်နီးပါးအထိ ပြန်ကျလာနေတာဖြစ်ပါတယ်။

မန်းကျည်းသီး

ခုနှစ်ပြည်တွင်း မန်းကျည်းသီးစျေးကွက်မှာ မန်ကျည်းသီးမှည့်ဝင်ရောက်မှုနည်းပြီး ဝယ်လိုအားကောင်းတာကြောင့်  မန်ကျည်းသီးစျေးနှုန်းက ဆက်တိုက်မြင့်တက်လာနေပါတယ်။

လက်ရှိရန်ကုန် ဘုရင်နောင်စျေးကွက်မှာ  မန်ကျည်းသီး (ပွင့်ကပ်)အစေ့ပါ တစ်ပိဿာကို ၃၃၀၀ ကျပ်မှ ၃၅၀၀ ကျပ်ရှိပြီး   အစေ့ထုတ်ပြီး မန်ကျည်းသီးအသား တစ်ပိဿာကိုတော့  ၉၅၀၀ မှ ၁၃၀၀၀ ကျပ်အတွင်း စျေးတန်းရှိလာတယ်လို့သိရပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်