ပေါင်းဆန်နှင့် ဆန်ဖြူကို ဥရောပဈေးကွက်တင်ပို့ရန် စာချုပ်ချုပ်ထားပြီ

22/12/2025 10:28 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဥရောပနိုင်ငံများသို့ ပေါင်းဆန်နှင့် ဆန်ဖြူ၅% (၅မှတ်ဆန်)ကို တင်ပို့ရန် စာချုပ်များ ချုပ်ဆိုထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အသိပေးထားသည်။

မြန်မာနိုင်ငံမှ ဥရောပနိုင်ငံများသို့ ၆.၂mm အသွယ်ပေါင်းဆန်နှင့် ဆန်ဖြူ ၅ မှတ်ဆန်ကို ဇန်နဝါရီလတွင် တင်ပို့ရန် စာချုပ်ထားသည်ဟု ဆိုထားသည်။

"ဒါကသတင်းကောင်းပါ။ တရုတ်အ၀ယ် ခဏရပ်ချိန်မှာ ဈေးကွက်အထိန်းဖြစ်နိုင်တာပေါ့"ဟု ဆန်ကုန်သည်တစ်ဦးကပြောသည်။

ဥရောပဈေးကွက်သို့ ဆန်တင်ပို့ရာတွင် စပိန်နိုင်ငံက မြန်မာ့ဆန်ကို အများဆုံး၀ယ်ယူသည်နိုင်ငံဖြစ်ပြီး ပိုလန်နိုင်ငံက ဒုတိယအများဆုံး၀ယ်ယူသည့်နိုင်ငံဖြစ်သည်။

ယခုဘဏ္ဍာနှစ် (၂၀၂၆ ဧပြီမှ နို၀င်ဘာအထိ) ၈ လတွင်း ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် ၁၅၇,၀၀၀ ကျော်တင်ပို့ထားပြီး ပြည်ဆန်တင်ပို့မှုစုစု‌ပေါင်း၏ ၁၇ ရာခိုင်နှုန်းရှိနေသည်။

ယခုဘဏ္ဍာနှစ် ၈ လအတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တန်ချိန် ၉သိန်းကျော် တင်ပို့ထားသည်။ ပြည်ပဆန်တင်ပို့မှု စုစုပေါင်းတွင် တရုတ်နိုင်ငံက ၄၀ရာခိုင်နှုန်းကျော်ပါ၀င်ပြီး ဘဏ္ဍာနှစ် ၈ လအတွင်း ဆန်တန်ချိန် ၄၇၀,၀၀၀ ကျော်တင်ပို့နိုင်ခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံမှ ဆန်လိုင်စင်အသစ် မရှိ‌သေးဘူးဆိုသည့် သတင်းများ ပေါ်ထွက်လာချိန် ပြည်တွင်း ဈေးကွက်တွင် export ဆန်ဈေးများ အနည်း ငယ် အားနည်းလာသည်။

တရုတ်နိုင်ငံသည် နှစ်စဉ် မြန်မာနိုင်ငံမှ ဆန်တင်သွင်းရန် လိုင်စင်အသစ်များကို နှစ်သစ်ကူးပွဲတော်အပြီးမှသာ ချထားပေးလေ့ရှိသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်