လယ်ယာပို့ကုန်အချို့ဈေး အပြောင်းအလဲရှိလာ (တစ်ပတ်စာဈေးကွက်သုံးသပ်ချက်)

16/02/2026 09:55 AM တွင် AMIA AMIA မှ ရေးသား

ယခုရက်သတ္တပတ်အတွင်း ပြည်ပသို့ အဓိကတင်ပို့နေသည့် လယ်ယာပို့ကုန်များ၏ ပြည်တွင်း၊ ပြည်ပဈေးနှုန်းများ အပြောင်းအလဲ ဆက်လက်ဖြစ်ပေါ်နေသည်။

ပဲစင်းငုံ ပြည်တွင်းဈေး အနည်းငယ်ပြောင်းလဲ

အိန္ဒိယနိုင်ငံ၏ အဓိကစားသောက်ကုန်တစ်မျိုးဖြစ်သည့် ပဲစင်းငုံမှာ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းအနည်းငယ် အတက်အကျရှိသော်လည်း ပြည်ပဈေးမှာ ငြိမ်နေသည်။ အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံသည် ဆူဒန်နှင့် မိုဇမ်ဘစ်ပဲစင်းငုံများနှင့် ဈေးကွက်ဝေစုရရှိရေး ယှဉ်ပြိုင်နေရသည်။

အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံသည် ပြီးခဲ့သည့်ရက်သတ္တပတ်နှင့် နှိုင်းယှဉ်လျှင် တစ်တန်လျှင် ၅ ဒေါ်လာမှ ၂၀ ဒေါ်လာအကြား ဈေးနှုန်းကျဆင်းသွားသည်။ ပြီးခဲ့သည့်အပတ် အိန္ဒိယဈေးကွက် CNF ဈေးနှုန်းများမှာ ပဲစင်းငုံ (၂၀၂၅ Crop) တစ်တန်လျှင် ဒေါ်လာ ၉၀၀၊ ပဲစင်းငုံ (၂၀၂၆ Crop) တစ်တန်လျှင် ဒေါ်လာ ၉၂၅၊ ဆူဒန်ပဲစင်းငုံတစ်တန်လျှင် ဒေါ်လာ ၉၂၅ နှင့် မိုဇမ်ဘစ်ပဲစင်းငုံတစ်တန်လျှင် ဒေါ်လာ ၇၅၀ ဝန်းကျင် အသီးသီးရှိခဲ့သည်။

သို့သော် ယခုရက်သတ္တပတ်တွင် မြန်မာပဲစင်းငုံ (၂၀၂၅ Crop) မှာ တစ်တန်လျှင် ၈၉၅ ဒေါ်လာ၊ ပဲစင်းငုံ (၂၀၂၆ Crop) မှာ တစ်တန်လျှင် ၉၀၅ ဒေါ်လာသို့ ဈေးနှုန်းပြောင်းလဲသွားသည်။ အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံဈေး ကျရိပ်သန်းနေသော်လည်း မြန်မာနိုင်ငံမှ ပြည်ပသို့ ရောင်းချသည့် FOB (Free On Board) ဈေးမှာ ငြိမ်နေပြီး ပြည်တွင်းဈေးသာ အနည်းငယ် အပြောင်းအလဲရှိနေသည်။ ပဲစင်းငုံ ပြည်ပရောင်းချသည့် FOB ဈေးမှာ ပဲစင်းငုံ(နီ) (၂၀၂၅-၂၆ Crop) တစ်တန်လျှင် ၈၆၀ မှ ၈၇၀ ဒေါ်လာဝန်းကျင်နှင့် ပဲစင်းငုံ (၂၀၂၄-၂၅ Crop) တစ်တန်လျှင် ၈၂၀ မှ ၈၃၀ ဒေါ်လာ ဝန်းကျင်ရှိသည်။

ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ(နီ) (၂၀၂၆ Crop) ပြည်တွင်းဈေးသည် တစ်တန်လျှင် ကျပ် ၃၂ သိန်းမှ ကျပ် ၃၁ သိန်း ၆ သောင်းသို့ ကျဆင်းခဲ့ပြီးနောက် ကျပ် ၃၂ သိန်းသို့ ပြန်လည်မြင့်တက်လာသည်။ မန္တလေးဈေးကွက်တွင်မူ ပဲစင်းငုံ(နီ)သစ်မှာ တစ်တန်လျှင် ကျပ် ၃,၀၉၂,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။

 

အိန္ဒိယလိုအပ်ချက်ကြောင့် မြန်မာမတ်ပဲ ပြည်တွင်းဈေး ဆက်လက်မာခြင်း

အိန္ဒိယနိုင်ငံတွင် လိုအပ်ချက်ရှိနေသဖြင့် မတ်ပဲမှာ ယခုရက်သတ္တပတ်တွင်လည်း ပြည်တွင်းဈေးကွက်၌ ဈေးဆက်လက် မြင့်တက်နေသည်။ သို့သော် အိန္ဒိယဈေးကွက်ရှိ မြန်မာမတ်ပဲ CNF ဈေးမှာမူ ကျရိပ်သန်းနေသည်။

အိန္ဒိယတွင် ဆောင်းမတ်ပဲ စိုက်ပျိုးထုတ်လုပ်မှု အားနည်းခြင်းနှင့် ပြည်တွင်းဝယ်အားကောင်းခြင်းကြောင့် ဈေးဆက်တိုက် မြင့်တက်ခဲ့သော မြန်မာမတ်ပဲ CNF ဈေးမှာ ယခုရက်သတ္တပတ်အတွင်း အနည်းငယ် ပြန်ကျလာသည်။ ပြီးခဲ့သည့်အပတ်က မြန်မာမတ်ပဲ FAQ တစ်တန်လျှင် ၈၇၅ ဒေါ်လာ၊ မတ်ပဲ SQ တစ်တန်လျှင် ၉၇၅ ဒေါ်လာ ရှိခဲ့သော်လည်း ယခုအပတ်တွင် မတ်ပဲ FAQ မှာ ၈၇၀ ဒေါ်လာ၊ မတ်ပဲ SQ မှာ ၉၇၀ ဒေါ်လာသို့ ပြောင်းလဲသွားသည်။

သို့သော် မြန်မာနိုင်ငံဈေးကွက်တွင် မတ်ပဲ ပြည်ပ (FOB) ဈေးသာမက ပြည်တွင်းဈေးပါ ဆက်လက်မြင့်တက်လာသည်။ မတ်ပဲ FOB ဈေးမှာ တစ်တန်လျှင် ၃၀ ဒေါ်လာခန့် မြင့်တက်ခဲ့ပြီး ပြည်တွင်းဈေးမှာ တစ်တန်လျှင် ကျပ် ၁၄,၀၀၀ ဝန်းကျင် မြင့်တက်ခဲ့သည်။ မတ်ပဲ FAQ (FOB) ဈေးမှာ ၇၉၅ - ၈၀၅ ဒေါ်လာမှ ၈၂၅ - ၈၃၅ ဒေါ်လာသို့လည်းကောင်း၊ မတ်ပဲ SQ မှာ ၈၉၅/၉၀၅ ဒေါ်လာမှ ၉၂၅ - ၉၃၅ ဒေါ်လာသို့လည်းကောင်း ပြောင်းလဲခဲ့သည်။ ပြည်တွင်းဈေးကွက်တွင်လည်း မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၃,၀၇၉,၀၀၀ မှ ၃,၀၉၃,၀၀၀ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ကျပ် ၃,၄၄၄,၀၀၀ မှ ၃,၄၅၃,၀၀၀ သို့လည်းကောင်း မြင့်တက်ခဲ့သည်။

ပဲတီစိမ်းဈေး ထပ်မံကျဆင်း

အိန္ဒိယသို့ တင်ပို့သည့်ပဲများ ဈေးကောင်းနေချိန်တွင် တရုတ်ဈေးကွက်ကို အဓိကထားသည့် ပဲတီစိမ်းမှာမူ ပြည်ပဈေးသာမက ပြည်တွင်းဈေးပါ ထပ်မံကျဆင်းလာသည်။ လက်ရှိ ဆောင်းရာသီစိုက် ပဲတီစိမ်းအချို့ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာချိန်တွင် ဈေးကျဆင်းခြင်းဖြစ်သည်။ သို့သော် ယခုနှစ် ဆောင်းပဲတီစိမ်း အထွက်နှုန်းအပေါ် သံသယရှိနေသဖြင့် မတ်လအတွင်း ဈေးပြန်မာနိုင်သည်ဟု ခန့်မှန်းချက်များလည်း ရှိနေသည်။

ရန်ကုန်ဈေးကွက်တွင် ပဲတီစိမ်း (FOB) ဈေးမှာ တစ်တန်လျှင် ၃၀ ဒေါ်လာခန့် ကျဆင်းသွားသည်။ ပဲတီစိမ်း FAQ (အညာ) မှာ ၉၁၀ - ၉၂၀ ဒေါ်လာမှ ၈၈၀ - ၈၉၀ ဒေါ်လာသို့လည်းကောင်း၊ ပဲတီစိမ်း FAQ (ရွှေဝါ) မှာ ၁,၀၃၀ - ၁,၀၄၀ ဒေါ်လာမှ ၁,၀၀၀ - ၁,၀၁၀ ဒေါ်လာသို့လည်းကောင်း ပြောင်းလဲသွားသည်။ ပြည်တွင်းဈေးအနေဖြင့် ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၅,၂၅၀ - ၅,၂၇၀ မှ ၅,၁၆၅ - ၅,၁၈၅ သို့လည်းကောင်း၊ ပဲတီစိမ်း (ခရမ်းနှင့် ပဲခူးရွှေဝါ) တစ်ပိဿာလျှင် ကျပ် ၅,၈၃၀ မှ ၅,၅၈၀ သို့လည်းကောင်း၊ ပဲတီစိမ်း (ဝါးခယ်မ) မှာ ၅,၈၃၀ - ၅,၈၅၀ မှ ၅,၅၀၀ - ၅,၅၂၀ သို့လည်းကောင်း အသီးသီး ကျဆင်းခဲ့သည်။

ပြောင်းဈေး ဆက်လက်မြင့်တက်

ထိုင်းနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်သွင်းမှု စတင်ပြီးနောက် ပြည်တွင်းပြောင်းဈေးနှုန်း ဆက်တိုက်မြင့်တက်လာသည်။ ပြည်တွင်းဈေးကွက်တွင် အရည်အသွေးကောင်းသည့် ပြောင်းများကို အဝယ်များလာသော်လည်း ယခုနှစ်ပြောင်းဈေးမှာ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်လျှင် ရရှိမှု လျော့နည်းနေသေးသည်။

ရန်ကုန်ဈေးကွက်တွင် ပြောင်းပြည်ပဈေး ငြိမ်နေသော်လည်း ပြည်တွင်းဈေး အနည်းငယ် တက်လာသည်။ ရန်ကုန် FOB ဈေးမှာ တစ်တန်လျှင် ၂၄၀ - ၂၅၀ ဒေါ်လာဖြင့် ငြိမ်နေသော်လည်း ပြည်တွင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁,၄၇၀ - ၁,၄၉၀ မှ ၁,၅၀၀ - ၁,၅၂၀ သို့ မြင့်တက်လာသည်။ မန္တလေးဈေးကွက်တွင်လည်း ရှမ်းပြောင်းတစ်တန်လျှင် ကျပ် ၈၃၉,၀၀၀ ကျော်မှ ၈၅၀,၀၀၀ ကျော်သို့ မြင့်တက်ခဲ့ပြီး CP ပြောင်းသစ်မှာ တစ်တန်လျှင် ကျပ် ၈၆၁,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။

နှမ်းဈေးတက်ခြင်း

ဆီထွက်သီးနှံဖြစ်သော နှမ်းမှာ အမျိုးအစားအလိုက် ပြည်တွင်း၊ ပြည်ပဈေးနှုန်းများ လိုက်ပါမြင့်တက်လာသည်။ တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေရသော နှမ်းနက် (စမုံ) မှာ ယခုရက်သတ္တပတ်အတွင်း FOB ဈေး တစ်တန်လျှင် ၃၀ ဒေါ်လာခန့် မြင့်တက်လာပြီး ၂,၆၃၄ - ၂,၆၄၅ ဒေါ်လာမှ ၂,၆၆၅ - ၂,၆၇၅ ဒေါ်လာသို့ ပြောင်းလဲသွားသည်။ ပြည်တွင်းဈေးမှာလည်း တစ်တန်လျှင် ကျပ်သိန်း ၁၀၀ ကျော်မှ ၁၀၃ သိန်းကျော်သို့ မြင့်တက်ခဲ့သည်။

နှမ်းဖြူနှင့် နှမ်းညိုတို့မှာ ပြည်ပဈေး မြင့်တက်သော်လည်း ပြည်တွင်းဈေး ငြိမ်နေသည်။ နှမ်းဖြူ FOB ဈေးမှာ တစ်တန်လျှင် ၁,၁၇၅ - ၁,၁၈၅ ဒေါ်လာမှ ၁,၂၀၅ - ၁,၂၁၅ ဒေါ်လာသို့လည်းကောင်း၊ နှမ်းညို FOB ဈေးမှာ ၁,၀၈၀ - ၁,၀၉၀ ဒေါ်လာမှ ၁,၁၁၀ - ၁,၁၂၀ ဒေါ်လာသို့လည်းကောင်း မြင့်တက်ခဲ့သည်။ ပြည်တွင်းဈေးကွက်တွင် နှမ်းဖြူ (ဂျပန်) တစ်တန်လျှင် ကျပ် ၄,၄၉၀,၀၀၀ ကျော်နှင့် နှမ်းညို (သစ်) တစ်တန်လျှင် ကျပ် ၄,၂၁၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်