တစ်ပတ်စာဈေးကွက်သုံးသပ်ချက် (၁၀-၁၄.၂.၂၀၂၅)

17/02/2025 09:42 AM တွင် AMIA AMIA မှ ရေးသား

ဒီတစ်ပတ်မှာတော့ ပြောင်း၊ ပဲတီစိမ်း၊ မတ်ပဲတို့ စျေးငြိမ်ပြီး ပဲစဥ်းငုံကစျေးတက်လာပါတယ်။ ကြက်သွန်နီဈေးကလည်း မြင့်တက်လာပါတယ်။ အာလူးဈေးကတော့ ဆက်တိုက်ပြန်ကျဆင်းနေပြီး အတက်ဈေးနဲ့ ရှိနေတဲ့ မန်ကျည်းဈေးကလည်း ကျပါတယ်။

ပဲတီစိမ်း 

ပဲတီစိမ်းကတော့ တရုတ်ဝယ်လိုအားရှိတာကြောင့် စျေးတန်းက အမြင့်စျေးမှာငြိမ်နေတယ်လို့ သိရပါတယ်။

တရုတ်ဝယ်လက်တွေ ကြိုက်တဲ့ ရန်ကုန်ကထွက်တဲ့ ခရမ်းရွှေဝါပဲတီစိမ်းအသစ်တွေလည်းပေါ်နေပြီး စျေးကောင်းရနေပါတယ်။ ပဲတီစိမ်းဝါးခယ်မတွေလည်း စျေးကောင်းရနေပါတယ်။ ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၅၀၀ ကျပ်ရှိပြီး ပဲတီစိမ်း ဝါးခယ်မက ၅၀၈၀ မှ ၅၁၀၀ ကျပ်နဲ့ ပဲတီစိမ်း ဝါးခယ်မက ၅၁၆၅ ကျပ်မှ ၅၁၈၅ ကျပ်နဲ့စျေးငြိမ်နေတာဖြစ် ပါတယ်။ မန္တလေးစျေးကွက်မှာ ပဲတီစိမ်းအညာက ၂၅၀၀၀၀ မှ ၂၆၅၀၀၀ ကျပ်ရှိပါတယ်။

ပြောင်း

ပြောင်းကတော့ ခုတစ်ပတ်မှာလည်း အရင်တစ်ပတ်ကဖြစ်ပေါ်ခဲ့တဲ့ စျေးတန်းမှာပဲငြိမ်နေပါတယ်။ ပြောင်းဆံစျေးငြိမ်နေတာတော့ သုံးပတ်ဆက်တိုက်ရှိပါပြီ။

ပြောင်းဆံကို ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့နေတဲ့အပြင် တခြားပြည်ပနိုင်ငံတွေကိုပါ တင်ပို့မှုရှိနေတာကြောင့် အရင်အပတ်တွေတုန်းက တက်ရိပ်ပြခဲ့ပေမယ့် ခုတစ်ပတ်မှာတော့ စျေးထပ်မတက်ဘဲ အဲဒီအတက်စျေးတန်းမှာပဲ ငြိမ်နေတာဖြစ်တယ်လို့သိရပါတယ်။

အခုတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံတစ်ပိဿာကို ၁၆၈၀ မှ ၁၇၀၀ ကျပ်ရှိ ပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်းစျေးတက်ပါတယ်။ ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၂၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)က ၈၄၀၀၀ ကျပ်၊  ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၅၀၀၀ ကျပ်  ရှိပါတယ်။

မတ်ပဲ

မတ်ပဲကတော့ အရက်တပတ်ကဖြစ်ပေါ်ခဲ့တဲ့ စျေးတန်းပတ်လည်မှာပဲ ငြိမ်နေပါတယ်။

မတ်ပဲကို အိန္ဒိယက အဝယ်အေးနေတဲ့အပြင် အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့ခွင့်အပေါ်သက်တမ်းထပ်မတိုး သေးတာကြောင့်စျေးကအေးနေပါတယ်။ ပဲအသစ်တွေလည်းစျေးကွက်ထဲဝင်နေတဲ့အတွက်စျေးကအေးနေပါတယ်။

ဒီတစ်ပတ်မှာတော့  ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တနင်္လာနေ့က  မတ်ပဲ (FAQ )တစ်တန်ကို ၂၉၄၀၀၀၀ ကျပ်၊ အင်္ဂါ​နေ့မှာ ၂၉၅၂၀၀၀၊ ကြာသပတေးနေ့မှာ ၂၉၁၀၀၀၀ ကျပ်နဲ့ သောကြာနေ့မှာ ၂၉၃၅၀၀၀ ကျပ်ရှိပါတယ်။

မန္တလေးစျေးကွက်မှာလည်း စျေးကျပါတယ်။  မတ်ပဲ  ပိဿာ ၆၀  အသစ်က ၂၄၀၀၀၀ မှ  ၂၇၇၀၀၀ ကျပ်ရှိပါတယ်။

ပဲစဥ်းငုံ

ပဲစဥ်းငုံက ဒီတစ်ပတ်မှာတော့ စျေးပြန်အတက်ပြလာပြီး တစ်တန်ကို ၂၉ သိန်း အထိ ပြန်တက်လာ ပါတယ်။ 

ပဲစဥ်းငုံအသစ်တွေပေါ်နေပြီး စျေးကွက်ထဲဝင်ရောက်မှုရှိနေတာကြောင့်စျေးတန်းကအေးနေပေမယ့် ပဲစဥ်းငုံကို အိန္ဒိယနိုင်ငံကအခွန်ကင်းလွတ်ခွင့်နဲ့ လွတ်လပ်စွာတင်သွင်းခွင့်ပြုထားတာကြောင့် စျေးတန်းက လှောင်ထားနိုင်လေ အကျိုးအမြတ်ရရှိမှာဖြစ်တယ်လို့သိရပါတယ်။

အခုတစ်ပတ်မှာတော့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က  ပဲစဥ်းငုံနီတစ်တန် ကို  ၂၉၄၅၀၀၀  ကျပ်၊အင်္ဂါနေ့မှာ ၂၉၅၅၀၀၀ ၊ကြာသပတေးနေ့က ၂၉၁၅၀၀၀ ကျပ်၊  သောကြာနေ့မှာ ၂၉၈၀၀၀၀  ကျပ်ရှိတာကြောင့် တစ်ပတ်အတွင်းမှာ ၃၅၀၀၀ လောက်အတက်အကျရှိခဲ့ပါတယ်။ အရင်အပတ်နဲ့ယှဥ်ရင် ၉၀၀၀၀၀ လောက်တက်လာပါတယ်။ 

မန္တလေးစျေးကွက်မှာလည်း ခုအပတ်မှာ ပဲစဥ်းငုံနီကို  ပိဿာ ၆၀ ကို၂၇၆၀၀၀ မှ ၂၇၇၀၀၀ ကျပ်ရှိပါတယ်။

ထန်းလျက်

ပြည်တွင်းထန်းလျက်စျေးကွက်မှာ ထန်းလျက်အစစ်တွေ ဝင်ရောက်မှုနည်းပြီး စျေးကောင်းရနေပါတယ်။  

အညာထန်းလျက်အစစ်တွေ စျေးကောင်းရနေပြီး အုန်းသီးနဲ့အရော ထန်းလျက်တွေက တစ်ပိဿာကို ၂၀၀၀၀ ကျပ်အထိပင်စျေးရှိနေပါတယ်။ ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ တောင်သာနဲ့ မလှိုင်ကထွက်တဲ့ ဒုံးဟောင်းထန်းလျက်က တစ်ပိဿာကို ၇၀၀၀ ကျပ်၊ ထန်းလျက်အသစ်က ၆၉၀၀ ကျပ်၊ ညောင်ဦးဆေးရှယ်က ၇၃၀၀ ကျပ်၊ ညောင်ဦးဆေးရှယ် (ထန်းအရော) က ၅၀၀၀ မှ ၅၁၀၀ ကျပ်၊ပခုက္ကူကြမ်းက ၇၁၀၀ ကျပ်၊ ရေစကြိုထန်းလျက်က ၈၀၀၀ မှ ၈၅၀၀ ကျပ် အထိရှိနေပါတယ်။

ထန်းလျက်စျေးကွက်ထဲကို ထန်းလျက်အတုတွေလည်း ဝင်ရောက်နေပါတယ်။

ကြက်သွန်နီ

ပြီးခဲ့တဲ့ အပတ်ကအထိ အကျဈေးနဲ့ ရှိနေခဲ့တဲ့ ကြက်သွန်နီက ဒီတစ်ပတ်မှာတော့ ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲကို နယ်စုံကနေ အဝင်ရှိနေပြီး နေ့စဉ် ပိဿာချိန် ၂ သိန်း နီးပါး အဝင်ရှိပါတယ်။ အဝယ်များပြီး ဈေးတက်လာတာလို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ(ဆိတ်ဖြူ၊ မြင်းခြံ၊ မြစ်သား၊ တောင်သာ၊ ပခုက္ကူ)တို့က တစ်ပိဿာကို ၂၁၀၀ မှ ၃၉၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ မှ ၂၀၀ ကြား ဈေးမြင့်တက်လာပါတယ်။

မန်ကျည်းသီး

အတက်ဈေးနဲ့ လ အတော်ကြာ ငြိမ်နေတဲ့ မန်ကျည်းသီးဈေးက ပြန်ကျဆင်းလာပါတယ်။ ဈေးကွက်ထဲ ကို အဝင်များလာပြီး ဈေးပေါနေတဲ့ ခရမ်းချဉ်သီးအစားထိုး စားသုံးမှုများလာတဲ့အတွက် အဝယ်ကျ ဈေးကျတယ်လို့လည်း ကုန်သည်အချို့က ပြောပါတယ်။

ရန်ကုန်ဈေးကွက်မှာ မန်ကျည်းသီး အသား တစ်ပိဿာကို ၁၀၀၀၀ မှ ၁၃၀၀၀ ရှိပြီး တစ်ပိဿာကို ၂၀၀၀ လောက်ဈေးကျဆင်းပါတယ်။ ရမည်းသင်း နဲ့ ပွင့်ကပ်ကတော့ တစ်ပိဿာကို ၅၄၀၀ မှ ၆၅၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ မှ ၁၀၀၀ ကြား ဈေးကျဆင်းသွားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်