တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် ( ၁၃ - ၁၇. ၁. ၂၀၂၅)

18/01/2025 22:13 PM တွင် AMIA AMIA မှ ရေးသား

ဒီတစ်ပတ်မှာတော့ ပြောင်း၊ မတ်ပဲ၊ ပဲစဥ်းငုံက စျေးတွေထပ်ကျပြီး နှမ်းစျေးကွက်အေးနေပါတယ်။

မတ်ပဲ

ဒီတစ်ပတ်မှာ  စျေးက ထပ်မံကျဆင်းပြီး တစ်တန်ကို ၁၈၀၀၀၀ ကျပ်လောက် စျေးကျသွားပါတယ်။ 

အိန္ဒိယမှာလည်း မတ်ပဲကစျေးကျပြီး မြန်မာကနေလည်းပဲအဝယ်အေးတဲ့အပြင် မြန်မာမှာလည်း မတ်ပဲအသစ်တွေ စျေးကွက်ထဲဝင်ရောက်မှုရှိနေတာကြောင့်လည်း စျေးကျနေ တာဖြစ်ပါတယ်။

ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ  မတ်ပဲ (FAQ )တစ်တန်ကို ၃၀၁၀၀၀၀၀ ကျပ်စျေးတန်း သာရှိပါတယ်။ အရင်အပတ်က တစ်တန်ကို  ၃၁၉၅၀၀၀ ကျပ်ရှိခဲ့ ပါတယ်။

မန္တလေးစျေးကွက်မှာတော့  မတ်ပဲပိဿာ ၆၀  အသစ်က ၂၅၀၀၀၀ မှ   ကျပ်ရှိသာပါတယ်။ နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ ပြည်ကုန်စည်ဒိုင်နဲ့ဟင်္သာတကုန်စည်ဒိုင်တွေမှာတော့ပိဿာ ၂၀ ကို ၉၀၀၀၀ ကျပ်ကျော်သာရှိပါတယ်။

ပဲစဥ်းငုံ

ပဲစဥ်းငုံကလည်း ဒီတစ်ပတ်မှာ  တစ်တန်ကို ၁၅၀၀၀၀ ကျပ်လောက် စျေးထပ်ကျလာပါတယ်။ 

ပြည်တွင်းမှာပဲအသစ်တွေပေါ်နေတဲ့အပြင် အိန္ဒိယကလည်း ပဲအဝယ်အေးနေတာကြောင့် ပဲစဥ်းငုံက  စျေးကျဆင်းနေတာဖြစ်ပါတယ်။ 

ဒီတစ်ပတ်ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန် ကို  ၂၉၂၀၀၀၀  ကျပ်သာရှိပါတယ်။ အရင်အပတ်ကတစ်တန်ကို ၃၀၇၅၀၀၀ကျပ်ရှိပါတယ်။

၂ လ ကျော်ကြာ ဈေးမဖွင့်တဲ့ မန္တလေးစျေးကွက်မှာတော့ ပဲစဥ်းငုံနီကို  ပိဿာ ၆၀ ကို၂၇၅၀၀၀ မှ ၂၇၄၀၀၀ ကျပ်စျေးဖွင့်ထားတာ တွေ့ရပါတယ်။

ပြောင်း

 ပြောင်းကတော့  အခုတစ်ပတ်မှာလည်း စျေးအနည်းငယ် ကျရိပ်ပြလာပါတယ်။ 

ပြောင်းဆံကို  အိန္ဒိယအပါအဝင် ပြည်ပနိုင်ငံအချို့ကဝယ်လိုအားရှိပေမယ့်လည်း စျေးကတော့ အရင်အပတ်မှာလည်း တစ်ပိဿာကို ၁၀ ကျပ် ကျခဲ့သလိုအခုအပတ်မှာလည်း ၁၀ ကျပ် ထပ်ပြီးကျဆင်းပါတယ်။

စျေးကျပေမယ့် ပြည်တွင်းအစာစပ်စက်ရုံတွေကလည်းပုံမှန်အဝယ်ရှိနေနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၆၄၀ မှ ၁၆၆၀ ကျပ်ရှိ ပါတယ်။ 

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာတော့  ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၇၉၀၀၀ မှ ၈၀၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၁၀၀၀ မှ ၈၂၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်အပတ်ကထက် ၁၀၀၀ မှ ၃၀၀၀ ကျပ်ထပ်ကျလာပါတယ်။ 

နှမ်းမျိုးစုံ

ဒီတစ်ပတ်မှာ  စမုံ နှမ်းနက်ကစျေးကျရိပ်ပြပြီး နှမ်းဖြူက စျေးတက်လာကာ  နှမ်းညိုက စျေးငြိမ်နေပါတယ်။ 

မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှာ နှမ်းဖြူက ဆောင်းနှမ်းအဝင်နည်းခြင်း၊ လုပ်ငန်းသမားအဝယ် ပုံမှန်ရှိခြင်းကြောင့် စျေးတက်လာပါတယ်။ 

နှမ်းညိုက အသစ်အဝင် နည်းခြင်း၊ ဆီစက်သမား အဝယ်ပုံမှန်ရှိခြင်းကြောင့် အရင်အပတ် ကစျေးအတိုင်းငြိမ်နေတာဖြစ်ပါတယ်။ 

နှမ်းနက် (စမုံ)ကတော့ အရည်အသွေး ပေါ်လိုက်ပြီး လုပ်ငန်းသမားနဲ့ တရုတ်ဝယ်လက်အဝယ်နည်းလို့ စျေးကျရိပ်ပြလာတာဖြစ်ပါတယ်။ 

စမုံ နှမ်းနက်သုံးတင်းတစ်အိတ်ကို  ၆၂၀၀၀၀ မှ ၆၉၀၀၀၀ ကျပ်အတွင်းရှိလို့ အရင်အပတ်ကထက် ၁၅၀၀၀ ကျပ်လောက်ကျလာပါတယ်။နှမ်းညိုကတစ်အိတ်ကို ၃၀၅၀၀၀ မှ ၃၁၀၀၀၀ ကျပ်နဲ့ စျေးငြိမ် ပါ တယ်။ 

နှမ်းဖြူဗမာက တစ်အိတ်ကို  ၃၅၀၀၀၀ မှ ၃၆၀၀၀၀ ကျပ်ရှိလို့ အရင်အပတ်ကထက် ၁၀၀၀၀ ကျပ်တက်လာပါတယ်။နှမ်းဖြူ ဂျပန်ကစျေးဖွင့်ထားခြင်းမရှိပါဘူး။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်