တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက်

19/01/2026 13:30 PM တွင် AMIA AMIA မှ ရေးသား

အိန္ဒိယနိုင်ငံအပါအ၀င် ပြည်ပနိုင်ငံများမှ ၀ယ်လိုအားမျှော်လင့်ချက်ကြောင့် ယခုရက်သတ္တပတ် လယ်ယာပို့ကုန်များ၏ပြည်တွင်း ဈေးမြင့်တက်လာသည်။ ပြည်ပပို့ကုန်ရငွေ လဲလှယ်နှုန်း ဖြေလျော့မှုနှင့် နိုင်ငံခြားငွေတန်ဖိုးအနည်းငယ် မြင့်တက်လာမှုက လယ်ယာပို့ကုန်များ၏ ပြည်တွင်း ဈေးတက်ရန် တွန်းအားတစ်ခုဖြစ်လာသည်။

အိန္ဒိယ၀ယ်လိုအားကြောင့် မတ်ပဲဈေးတက်

အိန္ဒိယနိုင်ငံအတွင်းမှ ၀ယ်လိုးအားတိုးလာခြင်းကြောင့် မြန်မာမတ်ပဲဈေး မြင့်တက်လာသည်။ ပွဲတော်ကာလ အိန္ဒိယနိုင်ငံသားများ၏ မတ်ပဲ၀ယ်အားများခြင်းကြောင့် ဈေးမြင့်တက်ခြင်းဖြစ်သည်။၂၀၂၆ ဇန်နဝါရီလ ဒုတိယ ရက်သတ္တပတ်တွင် အိန္ဒိယနိုင်ငံအတွင်း မတ်ပဲဈေးက မြန်မာမတ်ပဲတစ်တန် (CNF)ဈေး အမေရိကန်ဒေါ်လာ ၇၇၀မှ ၇၉၅၊ မတ်ပဲ SQတစ်တန် ဒေါ်လာ ၈၅၀မှ ၈၇၅သို့ ဈေးပြောင်းလာသည်။

အိန္ဒိယနိုင်ငံတွင် မတ်ပဲဈေးအနည်းငယ်တက်လာသော်လည်း မြန်မာနိုင်ငံမှ ပြည်သို့သို့ရောင်းချသည့် မတ်ပဲ FOB(Free On Board) ဈေးက တစ်တန် ဒေါ်လာ ၁၀ခန့် ဈေးလျော့သွားသည်။ ယခုရက်သတ္တပတ် မတ်ပဲပြည်ပရောင်းချသည့် (FOB)ဈေး တစ်တန် ဒေါ်လာ ၇၄၅ - ၇၅၅မှ ၇၃၅ - ၇၄၅သို့ဈေးပြောင်းလဲပြီး မတ်ပဲ SQ တစ်တန်ဒေါ်လာ ၈၂၅ - ၈၃၅ မှ ၈၁၅ - ၈၂၅သို့ ဈေးပြောင်းလာသည်။

မတ်ပဲ ပြည်ပရောင်းချ သည့်(FOB)ဈေး အနည်းငယ် အားပျော့သွားသော်လည်း ပြည်တွင်းဈေး တစ်တန် ကျပ် ၆၅,၀၀၀ ၀န်းကျင် ဈေးမြင့်တက်လာသည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် မတ်ပဲပြည် တွင်းဈေးက တစ်တန် ကျပ် ၂,၇၂၀,၀၀၀မှ ၂,၇၈၅,၀၀၀ သို့ဈေးပြောင်းသွားသကဲ့သို့ မတ်ပဲ SQ က တစ်တန် ကျပ် ၃,၀၀၅,၀၀၀မှ ၃,၀၇၀,၀၀၀ သို့ဈေးပြောင်းသွားသည်။

ဈေးဆက်မာနေသည့် ပဲစင်းငုံ

ယခုရက်သတ္တပတ်တွင် မတ်ပဲကဲ့သို့ ပဲစင်းငုံကလည်း အိန္ဒိယဈေးကွက်တွင် ဈေးနှုန်းဆက်တိုက်မြင့်တက်နေသည်။ ပဲစင်းငုံစိုက်ပျိုးထုတ်လုပ်မှုလျော့နည်းခြင်း၏ အကျိုးဆက်အဖြစ် ယခုရက်သတ္တပတ် အိန္ဒိယဈေးကွက်တွင် မြန်မာပဲစင်းငုံက တစ်တန် ဒေါ်လာ ၂၀ကျော် ထပ်မံမြင့်တက်သွားသည်။ ပဲစင်းငုံ၂၀၂၆ crop တစ်တန်လျှင် ဒေါ်လာ ၇၉၅မှ ၈၂၀သို့ ဈေးပြောင်းသွားသည်။ ပဲစင်းငုံ ၂၀၂၅ Crop ကတစ်တန် ဒေါ်လာ ၇၈၀မှ ၇၉၀ ၀န်းကျင်သို့ဈေးပြောင်းသွားသည်။

အိန္ဒိယဈေးကွက်တွင် ပဲစင်းငုံဈေး ဆက်လက်မြင့်တက်နေခြင်းကြောင့် မြန်မာဈေးကွက်တွင်လည်း ပဲစင်းငုံ(နီ) FOB ဈေးက တစ်တန် ဒေါ်လာ ၃၀ဈေးမြင့်လာသည်။ ပဲစင်းငုံ(နီ)FOBဈေးက တစ်တန် ဒေါ်လာ ၇၀၀ - ၇၁၀မှ ၇၃၀ - ၇၄၀သို့ဈေးပြောင်းသွားသည်။

ပဲစင်းငုံပြည်ပရောင်းချသည့် FOBဈေး မြင့်တက်သကဲ့သို့ ပြည်တွင်းဈေးကလည်းတစ်တန် ကျပ် ၁၁၀,၀၀၀ ကျော် ဈေးထပ်မံမြင့်တက်သည်။ ရန်ကုန်ဈေးကွက်တွင် ပဲစင်းငုံ (နီ)၂၀၂၆cropတစ်တန် ကျပ် ၂,၇၆၇,၀၀၀မှ ကျပ်၂,၈၈၀,၀၀၀ သို့ဈေးပြောင်းသွားသည်။ပဲစင်းငုံ (နီ)၂၀၂၅cropက တစ်တန် ကျပ် ၂,၆၅၅,၀၀၀မှ ၂,၇၅၀,၀၀၀ သို့ဈေးပြောင်းသွားသည်။

ဈေးတက်ရန်ပြင်နေသော ပဲကြီး

ပြည်တွင်းစားသုံးမှုများသည့် ပဲကြီးက ယခုရက်သတ္တပတ်တွင် ရန်ကုန်၌ ဈေးငြိမ်နေသော်လည်း မန္တလေးဈေးကွက်တွင် ဈေးတက်လာသည်။ ပဲကြော်လုပ်ငန်းများ၊ ပဲလှော်လုပ်ငန်းများမှ အ၀ယ်များနေခြင်းကြောင့် ပဲသစ်စပေါ်နေသည့် ရှမ်းတောင်တွင် ၀ယ်လိုအားများနေသည်။ ယခုရက်သတ္တပတ် ပဲကြီးက ပြည်ပရောင်းချသည့် FOBဈေး ငြိမ်နေပြီး ပဲကြီးတစ်တန် ဒေါ်လာ ၁,၂၀၅ - ၁,၂၁၅ ဈေးဖွင့်သည်။ 

ရန်ကုန်ဈေးကွက်တွင် ပဲကြီး (ရွှေကျွန်း)က တစ်ပိဿာကျပ် ၁၀,၂၆၅/၁၀,၆၂၀ ဖြင့် ဈေးငြိမ်နေသည်။ သို့သော် မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးဈေးကွက်တွင် ပဲကြီးဈေးက အနည်းဆုံး တစ်တန်ကျပ် ၂၀၀,၀၀၀  ကျော်မြင့်တက်သွားသည်။ မန္တလေးဈေးကွက်တွင် ပဲကြီး(ကြီး) တစ်တန်ကျပ် ၆၂ သိန်းကျော်မှ ၆၄ သိန်းကျော်၊ ပဲကြီး(လတ်) တစ်တန် ကျပ် ၅,၅၄၀,၀၀၀ ကျော်မှ ၅,၈၇၀,၀၀၀ ကျော်သို့ ဈေးပြောင်းသွားသည်။ သို့သော် ပဲကြီး (သေး) ကတစ်တန် ကျပ် ၄,၉၈၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။

နှမ်းဈေးတက်လာ

ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းက အမျိုးအစားအားလုံးနီးပါးဈေးမြင့်တက်လာသည်။ တရုတ်ဈေးကွက် ၀ယ်လိုအားရှိနေသာ နှမ်းနက်(စမုံ)အပါအ၀င် နှမ်းဖြူနှင့် နှမ်းညို(သစ်)ပါ ပြည်တွင်းဈေးမြင့်တက်လာသည်။

ယခုရက်သတ္တပတ် ရန်ကုန်‌ ဈေးကွက်တွင် ပြည်ပသို့ရောင်းချသည့် နှမ်းနက်(FOB)ဈေးက တစ်တန်လျှင် ဒေါ်လာ ၂,၆၃၅/၂,၆၄၅၊ နှမ်းဖြူတစ်တန် ဒေါ်လာ ၁,၁၃၅/၁,၁၄၅၊ နှမ်းညို တစ်တန် ဒေါ်လာ ၁,၀၃၀/ ၁,၀၄၀ဖြင့်ဈေးငြိမ်နေသည်။

သို့သော် မန္တလေးဈေးကွက်တွင် တရုတ်၀ယ်လိုအားရှိသော နှမ်းနက်(စမုံ)အပြင် ပြည်တွင်း၀ယ်လိုအားကြောင့် ကျန်နှမ်းအမျိုးအစားများလည်းဈေးမြင့်လာသည်။ မန္တလေးဈေးကွက်တွင်း နှမ်းနက်(စမုံ) တစ်တန် ကျပ် သိန်း၁၀၀ ကျော် မှ ၁၀၂သိန်းကျော်၊ နှမ်းဖြူ (ဂျပန်) တစ်တန် ကျပ် ၄,၁၅၀,၀၀၀ ကျော်မှ ၄,၄၂၀,၀၀၀ ကျော်၊ နှမ်းညို(သစ်)တစ်တန်ကျပ် ၄,၂၁၀,၀၀၀ ကျော်မှ ၄,၃၅၀,၀၀၀ ကျော်သို့ ဈေးပြောင်းလဲသည်။

အာလူဈေးပြောင်း

အရည်အသွေး အ‌ကြောင်းပြချက်ဖြင့် ပြည်တွင်းစားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်းများမှ အ၀ယ်ထိန်း‌ခြင်း‌ကြောင့် ဈေးကျဆင်းခဲ့သော အာလူးက ယခုရက်သတ္တပတ်တွင် ဈေးအနည်းငယ် ပြန်တက်လာသည်။

ရန်ကုန်ဈေးကွက်တွင် အာလူးဈေးက ရှမ်းပြည်အာလူးများသာမက တရုတ်နိုင်ငံမှတင်သွင်းသည့်အာလူးကလည်းဈေးပြန်ပါလာသည်။ ယခုရက်သတ္တပတ်ရန်ကုန်ဈေးကွက်တွင်  အာလူးလက္ကားဈေးက အောင်ပန်းA1 အမျိုးအစား တစ်ပိဿာလျှင် လျှင် ကျပ် ၃,၂၀၀မှ ၃,၅၀၀၊ အောင်ပန်းOKတစ်ပိဿာလျှင် ကျပ် ၄,၂၀၀မှ ၄,၅၀၀ ၊ အောင်ပန်းS1တစ်ပိဿာ လျှင် ကျပ် ၅,၀၀၀မှ၅,၅၀၀၊ အောင်ပန်း S2 တစ်ပိဿာ လျှင် ကျပ် ၅,၂၀၀မှ ၆,၀၀၀၊ တရုတ်အာလူးတစ်ပိဿာ လျှင် ကျပ် ၅,၀၀၀/၆,၀၀၀မှ ၆,၅၀၀ သို့ ဈေးပြောင်းသွားသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်