တစ်ပတ်အတွင်း ဈေးအပြောင်းအလဲဖြစ်သွားသော သီးနှံများ (ဈေးကွက်သုံးသပ်ချက်)

26/07/2024 09:04 AM တွင် AMIA AMIA မှ ရေးသား

ပဲစဥ်းငုံနီ

ပဲစင်းငုံနီကလည်း တစ်ပတ်အတွင်း အကျဈေးနဲ့ ရှိနေတာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း အရောင်း အဝယ်မရှိသလောက်ထိ ဖြစ်နေတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။ လက်ရှိ မြင့်တက်နေတဲ့ ငွေကြေး ဈေးအခြေအနေတွေကို စောင့်ကြည့် ရောင်းဝယ်နေရတာ ဖြစ်လို့ မဖြစ်မနေတင်ပို့ ရမယ့် ပဲတွေကိုသာ ဝယ်ယူမှုတွေရှိတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း ပဲစင်းငုံနီ စိုက်ဧက က အများအပြား တိုးလာမှာ ဖြစ်တဲ့အပြင် ဈေးကျဆင်းအောင် အရေးယူတာ တွေကြောင့် ဆက်တိုက်ဈေးကျဆင်းနေပါတယ်။ ဒါ့အပြင် ပြည်ပနိုင်ငံဖြစ်တဲ့ အာဖရိကနိုင်ငံကနေလည်း ဝင်ရောက်လာတော့မှာ ဖြစ်လို့  ပဲစင်းငုံနီကတော့ လက်ရှိ အခြေအနေအရ တက်နိုင်ခြေမရှိဘူးလို့ အိန္ဒိယသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီတစ်တန်ကို ရူပီး ၁၀၈၇၅  ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် ၇၅ ရူပီးဈေးကျဆင်းသွားပါတယ်။

ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့ အပတ် ကြာသပတေးနေ့က  ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၄၆၀၀၀၀ ကျပ်၊ တနင်္လာနေ့ မှာတော့ တစ်တန်ကို ၄၄၄၂၀၀၀၊ အင်္ဂါနေ့မှာတော့ တစ်တန်ကို ၄၄၂၅၀၀၀၊ ဗုဒ္ဓဟူးနေ့မှာတော့ တစ်တန်ကို ၄၃၉၀၀၀၀ ကျပ်ရှိပြီး ကြာသပတေးနေ့မှာတော့ တစ်တန်ကို ၄၄၀၅၀၀၀ ပေါက်ဈေးရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ် ယှဉ်ရင် တစ်တန်ကို ၅၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

FOB ဈေးနှုန်းကတော့ တစ်တန်ကို ၁၂၇၀ မှ ၁၂၈၀ ဒေါ်လာ ရှိပြီး ဈေးငြိမ်ပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ရန်ကုန်မှာ အပြောင်းအလဲ မရှိပေမယ့် မန္တလေးဈေးကွက်မှာတော့ ဆက်တိုက် အတက်ရှိနေပါတယ်။ ငွေကြေးလဲလှယ်ဈေးနှုန်း မြင့်တက်နေတဲ့အတွက်ကြောင့်သာ ဈေးမြင့်တက်နေတာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၄၂၅၀ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၀၀၀ ကျပ် ၊ ပဲတီစိမ်း ဝါးခယ်မကတော့ တစ်ပိဿာကို ၃၅၀၀  မှ ၄၇၅၀ ပေါက်ဈေး နဲ့ ၃ ပတ်ဆက်တိုက် ဈေးငြိမ်နေပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က သုံးတင်းဝင်တစ်အိတ်ကို ၁၇၀၀၀၀ မှ ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၄၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ၂ ပတ်အတွင်း တစ်အိတ်ကို ၂၅၀၀၀ ကျပ်ဈေးတက်လာပါတယ်။

နှမ်းမျိုးစုံ

နှမ်းမျိုးစုံကတော့‌ ဈေးမြင့်တက်လာနေပါတယ်။ ဈေးကွက်ထဲ အဝင်နည်းနေတာရယ် ပြည်ပ ဝယ်လက် ရှိနေတာတွေရယ်ကြောင့် ဈေးမြင့်တက်လာတာဖြစ်ပါတယ်။

မန္တလေးဈေးကွက်မှာ နှမ်းနက်(စမုံ)က တစ်အိတ်ကို ၄၇၀၀၀၀ မှ ၅၅၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ နှမ်းဖြူကတော့ တစ်အိတ်ကို ၃၈၅၀၀၀ မှ ၃၉၅၀၀၀ ရှိပြီး ဈေးငြိမ်ပါတယ်။ နှမ်းဖြူ(ဂျပန်)ကတော့ တစ်အိတ်ကို ၄၂၀၀၀၀ မှ ၄၃၅၀၀၀ ရှိပြီးတစ်အိတ်ကို ၅၀၀၀ ကျပ်၊ နှမ်းညိုကတော့ တစ်အိတ်ကို ၃၃၅၀၀၀ မှ ၃၅၀၀၀၀‌ ‌ ပေါက်ဈေးရှိကာ တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်နီ

ဆက်တိုက်ဈေးကျဆင်းနေတဲ့ ကြက်သွန်နီကတော့ ဒီတစ်ပတ်မှာ ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းလာတဲ့ အတွက် ဈေးမြင့်တက်လာတာဖြစ်ပြီး သယ်ယူပို့ဆောင်စရိတ် မြင့်တက်တာတွေကြောင့် ဈေးတွေမြင့်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ နေ့စဉ် ရန်ကုန်ဈေးကွက်ထဲကို ပိဿာချိန် တစ်သိန်းအထက် အဝင်ရှိနေပါတယ်။

ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်နီ (ဆိပ်ဖြူ)က တစ်ပိဿာကို ၁၆၀၀ မှ ၂၃၀၀ ကြားရှိပြီး ၃၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ အခြား မြင်းခြံ၊ တောင်သာ၊ မုံရွာ၊ ရွှေဘိုတို့ကလည်း တစ်ပိဿာကို ၁၅၀၀ ကနေ ၂၅၅၀ ကြားရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်