သီးနှံဈေးကွက် သုံးသပ်ချက် ( ၇ - ၁၁.၇. ၂၀၂၅)

14/07/2025 12:21 PM တွင် AMIA AMIA မှ ရေးသား

စားတော်ပဲစျေးထပ်တက်လာပေမယ့် မတ်ပဲနဲ့ ပဲစဥ်းငုံ ၊ ပြောင်း ၊ ကုလားပဲ စျေးတွေကျလာပါတယ်။

မတ်ပဲ

ယခုတပတ်မှာ မတ်ပဲက စျေးပြန်ကျပါတယ်။ ဒါကြောင့် နယ်စျေးကွက်မှာလည်း  မတ်ပဲ ပိဿာ ၂၀ တစ်တင်းကိုအရင်အပတ်က ၉၆၀၀၀ ကျပ်သာရှိပါတယ်။ မတ်ပဲက လောလောဆယ် အရောင်းအဝယ်အေးနေတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လါနဲ့ အင်္ဂါနေ့မှာမတ်ပဲ FAQ တစ်တန်ကို ၃၀၀၂၀၀၀ မှ ၃၀၀၉၀၀၀ ကျပ်ရှိပြီး  ကြာသပတေးနဲ့ သောကြာမှာ ၂၉၈၉၀၀၀ မှ ၂၉၉၈၀၀၀ ကျပ်သာရှိပါတယ်။

 အရင်အပတ်က မတ်ပဲ FAQ တစ်တန်ကို မတ်ပဲ FAQ တစ်တန်ကို ၂၉၈၇၀၀၀ ကျပ်မှ  ၃၀၂၀၀၀၀  ရှိခဲ့တာကြောင့် ခုတစ်ပတ်မှာ‌ေတာ့ တစ်တန်ကို  ၁၀၀၀၀ ကျော်လောက် အကျပြ ပါတယ်။

ပဲစင်းငုံ

ပဲစင်းငုံကလည်း ခုတစ်ပတ်မှာ စျေးနည်းနည်းပြန်အေးပါတယ်။ အရောင်းအဝယ်လည်းအေးနေပါတယ်။ အိန္ဒိယက ဝယ်လိုအားနည်းပြီး စျေးက အကျဘက်မှာသာ ရှိနေတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း  ပဲစင်းငုံနီတစ်တန်ကို ၂၈၁၀၀၀၀ မှ ၂၈၂၇၀၀၀ ကျပ် ရှိပါတယ်။

အရင်အပတ်တုန်းက တနင်္လာကနေ့မှ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို  ၂၇၇၈၀၀၀ မှ ၂၈၄၅၀၀၀ ကျပ်ရှိခဲ့တာကြောင့် ၃၀၀၀၀ ကျော်လောက်ကျလာပါတယ်။ နယ်စျေးကွက်မှာလည်း ပဲစဥ်းငုံနီ ပိဿာ ၂၀ တစ်တင်းကို ၈၀၀၀၀ ကျပ်ကျော်သာရှိပါတယ်။

စားတော်ပဲ

စားတော်ပဲကတော့ စျေးဆက်တိုက်ထပ်တက်လာပါတယ်။ ပြည်တွင်းစားသုံးမှုရှိနေပြီး ဝယ်လိုအားကောင်းခြင်း ၊ ပဲအဝင်နည်းခြင်းအခြေအနေတွေကြောင့် စျေးဆက်တိုက်မြင့်လာတာဖြစ်ပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ စားတော်ပဲ ကနေဒါက ၄၇၀၀၀၀ ကျပ်မှ ၄၈၀၀၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် ၆၀၀၀၀ ကျပ်လောက်ထပ် တက်လာပါတယ်။ စားတော်ပဲ (ကျွန်း) က  ၅၂၀၀၀၀  ကျပ်မှ ၅၅၀၀၀၀ ကျပ်ရှိလာပြီး အရင်အပတ်ကထက် ၂၅၀၀၀ လောက် ထပ်တက်လာပါတယ်။

ပြောင်း

ပြောင်းကတော့ ယခုတစ်ပတ်မှာလည်း စျေးထပ်ကျလာပါတယ်။ ကမ္ဘာ့ပြောင်းစျေးကွက်ကျဆင်းတာကြောင့် ပြည်တွင်းပြောင်းစျေးကွက် ထပ်ကျလာတာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိ ပြည်တွင်းမှာက ပြောင်းလက်ကျန်နည်းနေပြီး အရောင်းအဝယ်အေးလည်းနေပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ခုတပတ် ပြောင်းတစ်ပိဿာကို ၁၇၂၀ မှ ၁၇၄၀ ကျပ်သာရှိပါတယ်။အရတပတ်ကထက် တစ်ပိဿာ ၁၀ ကျပ်နှုန်း ထပ်ကျလာတာဖြစ်ပါတယ်။

မန္တလေးမှာတော့  ပြောင်း (ဗမာ)  ၈၇၀၀၀ မှ ၈၈၀၀၀ ကျပ်၊ ပြောင်း ( ရှမ်း) က ၉၀၀၀၀ မှ ၉၁၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၉၀၀၀၀ မှ ၉၁၀၀၀ ကျပ်နဲ့ငြိမ်နေ ပါတယ်။

ကုလားပဲ

ကုလားပဲကတော့ အကျ စျေးတန်းမှာပဲ ရှိနေတာတွေ့ရပါတယ်။ပဲခွဲစက်တွေဝယ်ယူမှုအေးခြင်း ၊ လုပ်ငန်းသုံးသမားအဝယ်အေးခြင်း ၊ပြည်တွင်းစားသုံးမှု လျော့လာတဲ့အခြေအနေတွေကြောင့် အရောင်းအဝယ်အေးပြီး စျေးကျလာတာဖြစ်ပါတယ်။ကုလားပဲက ပြည်တွင်း စားသုံးမှုများတဲ့ ပဲဖြစ်လို့ ပြည်တွင်း စားသုံးမှု အနည်းအများ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။

မန္တလေးကုန်စည်စျေးကွက်မှာ ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်ကို  ၂၆၃၀၀၀ ကျပ်၊  ကုလားပဲ (V7) က ၂၆၅၀၀၀ ကျပ်၊ ကုလားပဲ (929) က ၂၅၃၀၀၀ ကျပ်ရှိပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်