ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ဈေးကျသွားတဲ့ သီးနှံများ (ဈေးကွက်သုံးသပ်ချက်)

07/06/2024 11:00 AM တွင် AMIA AMIA မှ ရေးသား

 

မတ်ပဲ

ပြီးခဲ့တဲ့ တစ်လလုံး ဆက်တိုက် ဈေးမြင့်တက်လာခဲ့တဲ့ မတ်ပဲက မေလ ပထမပတ်မှာ စတင်  ဈေးကျဆင်းသွားပါတယ်။ ငွေကြေးလဲလှယ်နှုန်းကြောင့် ဈေးမြင့်တက်ခဲ့ပြီးနောက် အစိုးရက  ဒေါ်လာဈေးကို ထိန်းချုပ်ခဲ့ပြီး တစ်ပတ်အတွင်း  ပဲဈေးတွေ  ဈေးပြန်ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ် ရှိနေပေမယ့် ငွေကြေးဈေးအခြေအနေကြောင့် လှောင်ထားပြီး စောင့်ကြည့်နေတဲ့ အခြေအနေ ရှိနေတယ်လို့လည်း ကုန်သည်အချို့ ထံကနေ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း ရွေးကောက်ပွဲ ပြီးဆုံးသွားပြီဖြစ်လို့  တက်လာမယ့် အစိုးရက ပဲဈေးမြင့်တက်နေတာတွေနဲ့ပတ်သတ်ပြီး ဘယ်လို ထိန်းချုပ်မလဲဆိုတာစောင့်ကြည့်ရမယ့် အခြေအနေလည်း ဖြစ်နေပါတယ်။

ဒါပေမယ့် အိန္ဒိယအစိုးရက ထုတ်ပြန်လိုက်တဲ့ ၂၀၂၃/၂၀၂၄ ကောက်ပဲသီးနှံအထွက်နှုန်းအတွက် တတိယအကြို ခန့်မှန်းချက်ကတော့ ပြီးခဲ့တဲ့ ရာသီနဲ့စာရင် ပဲမျိုးစုံထွက်ရှိမှုနှုန်းက  ၆ ရာခိုင်နှုန်းခန့် အထွက်နှုန်းလျော့ခဲ့ပြီး မတ်ပဲက ပြီးခဲ့တဲ့ ရာသီတုန်းက ၂.၉၁ သန်းရှိခဲ့ရာကနေ အခု ခန့်မှန်းချက်အရ ၂.၆၃ သန်းသာ ရှိတယ်လို့ အိန္ဒိယသတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အိန္ဒိယလိုအပ်ချက်က ဆက်ရှိနေမှာဖြစ်လို့ မတ်ပဲကို မြန်မာအပြင် အခြား ဘရာဇီးနိုင်ငံ၊ အာဂျင်တီးနား နိုင်ငံတို့ကပါ တင်သွင်းဖို့ လုပ်နေတာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေအရကတော့ မြန်မာနည်းတူ အိန္ဒိယနိုင်ငံမှာပါ ဈေးနှုန်းတွေ ကျဆင်းနေတာဖြစ်ပြီးတော့  အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၉၁၅၀ ရှိပြီး ပြီးခဲ့တဲ့အပတ်ယှဉ်ရင် တစ်တန်ကို ၇၅ ရူပီး ဈေးကျဆင်းသွားပါတယ်။ 

ရန်ကုန်ဈေးကွက်မှာတော့  မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၃၈၉၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့ အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင်တစ်တန်ကို ၂၀၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။  (SQ/RC)ကတော့ တစ်တန်ကို ၃၆၇၉၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၂၁၀၀၀  ကျပ်  ဈေးကျဆင်းသွားပါတယ်။  မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၅၅၀  မှ ၅၅၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ လောက်ဈေးကျဆင်းပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၁၀၂၅ မှ ၁၀၄၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

ပဲစဥ်းငုံနီ

ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ဈေးအနည်းငယ်သာ ကျဆင်းပါတယ်။ ပြည်တွင်း လက်ကျန်လည်း နည်းနေတာဖြစ်ပြီး လက်ရှိ ငွေဈေးအခြေအနေနဲ့ အိန္ဒိယလိုအပ်ချက်တွေကြောင့် ဈေးကွက်ထဲ အရောင်းအဝယ် သိပ်မရှိဘူးလို့ သိရပါတယ်။ လှောင်ထားနေဆဲ အခြေအနေ ဖြစ်တာကြောင့် ပဲ ဈေးက အများကြီး ကျဆင်းနိုင်ခြေ မရှိဘူးလို့လည်းကုန်သည်အချို့က ခန့်မှန်းပါတယ်။

အိန္ဒိယက ထုတ်ပြန်တဲ့ အထွက်နှုန်း ခန့်မှန်းချက်မှာတော့ ပဲစင်းငုံနီက ၃.၃၁ သန်းကနေ ၃.၃၉ သန်းထိ ထွက်မယ်လို့ ထုတ်ပြန်ထားပါတယ်။အမှန်တကယ် ထွက်မယ်မထွက်ဆိုတာကတော့ စောင့်ကြည့်ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ ရာသီဥတု အခြေအနေ မကောင်းတာကြောင့် ပဲစင်းငုံနီရဲ့ အထွက်နှုန်းက ၂၀ ရာခိုင်နှုန်းထွက် မနည်း လျော့ကျမယ်လို့ ကုန်သည်တွေက ခန့်မှန်းခဲ့လို့ လာမယ့်ကာလအတွင်းမှာလည်း အတက်ဈေးနဲ့ပဲ ရှိနိုင်ဦးမယ်လို့ ဆိုထားကြပါတယ်။

အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၅၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ရူပီး ၁၀၀ ဈေးကျဆင်းပါတယ်။

ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၄၄၅၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်သောကြာနေ့နဲ့ယှဉ်ရင် တစ်တန်ကို ၅၀၀၀ ကျပ်သာ ဈေးကျဆင်းပါတယ်။ 

ဂျုံ

ငွေကြေးနဲ့ အတူ မြင့်တက်လာခဲ့တာကတော့ ဂျုံဈေးနှုန်းပဲ ဖြစ်ပါတယ်။ ပြည်တွင်းထွက်ရှိမှုနှုန်းလည်း နည်းနေပြီဖြစ်လို့ ဈေးမြင့်တက်နေတာလို့သိရပါတယ်။

မန္တလေးဈေးကွက်မှာ ဂျုံ(မျိုးစုံ)က တစ်အိတ်ကို ၁၉၀၀၀၀ ကနေ ၂၀၀၀၀၀ ကြား ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်အိတ်ကို ငွေကျပ် ၄၀၀၀၀ ဈေးမြင့်တက်လာခဲ့ပါတယ်။

ပဲပုပ်

ပဲပုပ်ဈေးတွေလည်း မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ လလယ်လောက်ကတည်းက  ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီးတော့ လက်ရှိမှာတော့ အမြင့်ဈေးနဲ့ ရှိနေတာ ဖြစ်ပါတယ်။ ဈေးကွက်ထဲကို အဝင်ရှိနေပြီး အဝင်ရှိသလောက် အဝယ်ရှိနေတယ်လို့လည်း သိရပါတယ်။ ဆီအတွက် အသုံးပြုတာဖြစ်လို့ ဈေးကွက်အတွင်း ဝယ်လိုအားကတော့ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာလည်း ပဲပုပ် (အထွက်တိုး)က တစ်ပိဿာကို ၃၆၆၅ မှ ၃၇၅၀ ရှိပြီး တစ်ပိဿာကို ၈၅ကျပ်ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာ ပဲပုပ်(ရှမ်း/ဗမာ)က တစ်အိတ်ကို ၁၈၅၀၀၀ မှ ၁၉၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀လောက်ဈေးမြင့်တက်လာပါတယ်။

မေမီမောင်(AMIA)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်