သီးနှံဈေးကွက်သုံးသပ်ချက် (၉ -၁၃.၆.၂၀၂၅)

16/06/2025 10:56 AM တွင် AMIA AMIA မှ ရေးသား

ပဲကြီး၊ ပဲတီစိမ်း၊ ပြောင်းဆံ စျေးတက်လာပြီး မတ်ပဲနဲ့ ပဲစဥ်းငုံစျေးကျပါတယ်။

ပြောင်းဆံ

ပြောင်းဆံကတော့ အခုတစ်ပတ်မှာလည်း စျေးထပ်တက်လာပါတယ်။ ပြည်ပကို ပြောင်းဆံတင်ပို့ဖို့အတွက် ပြောင်းလိုအပ်ချက်ရှိနေတဲ့အတွက် ကုန်သည်တွေက စျေးပေးပြီးဝယ်ယူနေတာကြောင့် ပြောင်း စျေးမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

 ဝယ်လိုအားများချိန်မှာ  ပြည်တွင်းမှာ ပြောင်းလက်ကျန်နည်းလာတဲ့ အခြေအနေတွေကြောင့်လည်း စျေးတန်းမြင့်တက်လာတာဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၇၅၀ မှ ၁၇၇၀ ကျပ်ရှိလာပါတယ်။ မန္တလေးမှာ ပြောင်း (ဗမာ)  ၈၄၀၀၀ မှ ၈၅၀၀၀ ကျပ်၊ ပြောင်း ( ရှမ်း) က ၈၆၀၀၀ မှ ၈၇၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၈၇၅၀၀ မှ ၈၈၀၀၀ ကျပ်ရှိပါတယ်။

ပဲကြီး

ပဲကြီးက ယခုတစ်ပတ်မှာလည်း  စျေးထပ်မံမြင့်တက်လာပါတယ်။ ပဲကြီးက ပြည်တွင်းစားသုံးမှုများတဲ့ ပဲတမျိုးဖြစ်တာကြောင့် ပြည်တွင်းစားသုံးမှုနဲ့ ဝယ်လိုအား၊ ပစ္စည်းလက်ကျန်အနည်း အများပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲကြီး (ကုန်း) တစ်ပိဿာကို ၄၀၈၅ ကျပ်မှ ၄၄၃၅ ကျပ်ရှိပြီး  ပဲကြီး (ရွှေကျွန်း)တစ်ပိဿာကို ၅၁၃၀ မှ ၆၅၅၀ ကျပ် ရှိပါတယ်။

မန္တလေးစျေးကွက်မှာ ပဲကြီး (ကြီး ) က ၅၅.၂၅ ပိဿာကို ၃၂၀၀၀၀ ကျပ်မှ ၃၂၅၀၀၀ ကျပ်၊ ပဲကြီး (လတ်) ၃၀၀၀၀၀ မှ ၃၁၅၀၀၀ ကျပ်၊ပဲကြီး (သေး)က ၂၆၀၀၀၀ မှ ၂၇၀၀၀၀ ကျပ်စျေးရှိပါတယ်။ တစ်အိတ်ကို ၂၀၀၀၀ မှ ၄၅၀၀၀ ကျပ်အထိ မြင့်တက်လာတာပါ။

ပဲတီစိမ်း

ပဲတီစိမ်းက ဒီတစ်ပတ်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါ၊ ဝါးခယ်မက  စျေးပြန်တက်လာပြီး ပဲတီစိမ်း အညာကတော့ စျေးငြိမ်နေ ပါတယ်။ ပဲတီစိမ်းကတော့ ဆက်တိုက်တက်လာပြီး အတက်စျေးတန်းမှာပဲ စျေးကျလိုက် ပြန်တက်လိုက်နဲ့ စျေးကွက်ကစားနေတာတွေ့ရပါတယ်။

ပဲတီစိမ်းက ပြည်တွင်းမှာလက်ကျန်နည်းနေပြီး ဝယ်လိုအားကောင်းနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်းနဲ့  ပဲခူးရွှေဝါက တစ်ပိဿာကို ၇၃၃၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်တက်လာပါတယ်။

ပဲတီစိမ်း ဝါးခယ်မကလည်း ၆၂၅၀ မှ ၆၂၇၀ ကျပ်ရှိပြီး  တစ်ပိဿာကို ၈၅ ကျပ်တက်လာပါတယ်။ပဲတီစိမ်း အညာကတော့ အရင်တပတ်ကအတိုင်း  တစ်ပိဿာကို   ၆၅၀၀ မှ ၆၅၂၀ ကျပ်ရှိပါတယ်။

မတ်ပဲ

မတ်ပဲကတော့   ဒီတစ်ပတ်မှာလည်း တစ်တန်ကို ၃၀၀၀၀ လောက်ထပ်ကျလာတာတွေ့ရ ပါတယ်။ နယ်စျေးကွက်မှာလည်း  မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၉၄၅၀၀ ဝန်းကျင်သာရှိပြီး   ၁၀၀၀ ကျပ်လောက်ထပ် ကျလာပါတယ်။ 

မတ်ပဲကို ပြည်ပဝယ်လိုအားနည်း တဲ့အပြင် စျေးကွက်လည်းအေးနေတာကြောင့် စျေးက အကျဘက်ရောက်နေတာဖြစ်တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံကသာ မတ်ပဲလိုအပ်ချက်များပြီး မြန်မာကနေဝယ်ယူမှုအားကောင်းမှသာ စျေးကွက်မြင့်တက်လာနိုင်တယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာ ကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၂၉၄၀၀၀၀ မှ ၂၉၈၁၀၀၀ ကျပ်အတွင်းသာစျေးတန်းရှိခဲ့ပါတယ်။

အရင်အပတ်မှာတော့ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို ၉၇၅၀၀၀ မှ ၃၀၁၀၀၀၀ ကျပ်အတွင်းစျေးတန်းရှိခဲ့တာကြောင့် ခုတစ်ပတ်အတွင်းမှာ တစ်တန်ကိုမှ  ၃၀၀၀၀ လောက်စျေးထပ်ကျပါတယ်။

ပဲစင်းငုံ

ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ ထပ်ပြီး စျေးကျရိပ်ပြတာတွေ့ရပါတယ်။ တစ်တန်ကို ၆၀၀၀ ကနေ ၃၀၀၀၀ လောက်ကျလာတာ ဖြစ်ပါတယ်။ ပဲစင်းငုံ စျေးကျသလို ပြည်တွင်းစျေးကွက်မှာလည်း ပဲဝယ်လိုအားနည်းနေပါတယ်။  ပြည်ပဝယ်လက်အိန္ဒိယက ဝယ်လိုအားနည်းနေတယ်လို့သိရပါတယ်။ ဒါကြောင့် ပဲစင်းငုံစျေးကွက်ပျက်ပြီး ဆက်တိုက်ကျနေတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ်  ၂၆၈၇၀၀၀ မှ ၂၇၆၀၀၀၀ ကျပ်အတွင်းသာ စျေးတန်းရှိခဲ့ပါတယ်။

အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာတော့  ပဲစင်းငုံနီတစ်တန်ကို  ၂၇၁၅၀၀၀ မှ ၂၇၆၆၀၀၀ ကျပ်အတွင်းသာ စျေးတန်းရှိခဲ့တာကြောင့်  အခုတစ်ပတ်မှာ တစ်တန်ကို ၆၀၀၀ ကနေ ၂၀၀၀၀ လောက်အထိ စျေးကျပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်