တစ်ပတ်စာ ပဲမျိုးစုံဈေးကွက်သုံးသပ်ချက် (၂၃ - ၂၇.၆.၂၀၂၅)

30/06/2025 08:58 AM တွင် AMIA AMIA မှ ရေးသား

 

မတ်ပဲ

အရင်အပတ်ကတက်ရိပ်ပြခဲ့တဲ့ မတ်ပဲက ယခုတစ်ပတ်ပထမသုံးရက်မှာ သိန်း ၃၀ ကျော်အထိရှိခဲ့ပြီး ကျန်ရက်တွေမှာ ဆက်တိုက်ပြန် ကျကာ  ၂၉ သိန်းကျော်ပြန်ရောက်လာပါတယ်။ နယ်စျေးကွက်မှာလည်း  မတ်ပဲ ပိဿာ ၂၀ တစ်တင်းကိုအရင်အပတ်က ၉၈၀၀၀ ရှိခဲ့ရာကနေ ၉၆၀၀၀ ကျပ်အထိပြန်ကျပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့ကနေ ဗုဒ္ဓဟူးနေ့အတွင်း  မတ်ပဲ FAQ တစ်တန်ကို သိန်း ၃၀၀၀၀၀၀ ကနေ ၃၀၁၀၀၀၀ ကျပ်ရှိပြီး ကြာသပတေးနဲ့သောကြာမှာက ၂၉၈၁၀၀၀ မှ ၂၉၉၁၀၀၀ ကျပ်ရှိခဲ့ပါတယ်။

အရင်တစ်ပတ်ကတော့ မတ်ပဲ FAQ တစ်တန်ကို ၃၀၃၀၀၀၀ ကျပ်အထိ မြင့်တက်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ယခုတပတ်မှာ ၂၀၀၀ မှ ၄၀၀၀၀ လောက်ကျပါတယ်။

ပဲစင်းငုံ

 ပဲစင်းငုံကလည်း ခုတစ်ပတ်မှာ စျေးပြန်ကျသွားပါတယ်။ တစ်တန်ကို အများဆုံး ၄၀၀၀၀ လောက်ပြန်ကျလာတာပါ။

အိန္ဒိယမှာ ပဲစဥ်းငုံနီလက်ကျန်နည်းပြီးအဝင်နည်းပေမယ့်လည်း ကျစျေးနဲ့သာ ဝယ်ယူနေတဲ့အတွက် စျေးမတက်ဘဲ ဖြစ်နေရတာပါ။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း  ပဲစင်းငုံနီတစ်တန်ကို ၂၇၄၂၀၀၀ ကျပ်မှ ၂၇၉၂၀၀၀ ကျပ်ရှိခဲ့ပါတယ်။

အရင်အပတ်က တနင်္လာကနေ သောကြာနေ့မှာ ပဲစင်းငုံနီတစ်တန်ကို  ၂၇၁၅၀၀၀ မှ ၂၈၃၅၀၀၀ ကျပ်အတွင်း စျေးတန်းရှိခဲ့ပါတယ်။

ပဲပုပ်

 ပဲပုပ် (ရှမ်း )က စျေးကျရိပ်ပြပြီး ပဲပုပ်(ဗမာ)က စျေးငြိမ်နေပါတယ်။

ပဲပုပ် (ဗမာ)ကို ပြည်တွင်းက ပဲငပိ၊ မုန့်လုပ်ငန်းသမားအဝယ်ရှိပြီး အထွက်နည်းကာ အဝင်နည်းခြင်းကြောင့် အရင်တပတ်စျေးမှာပဲငြိမ်နေတာဖြစ်တယ်လို့သိရပါတယ်။ ပဲပုပ် (ရှမ်း)ကတော့  ရာသီဥတုကြောင့် အရောင်းအဝယ်အေးပြီး ဆီစက်သမား အဝယ်နည်းခြင်းကြောင့် စျေးကျရိပ်ပြလာတာဖြစ်တယ်လို့သိရပါတယ်။

မန္တလေး ကုန်စည်ဒိုင်မှာ ပဲပုပ် (ဗမာ) က ၄၁၅၀၀၀ ကျပ်ရှိပြီး ပဲပုပ် ( ရှမ်း) က ၂၆၀၀၀၀ ကျပ်မှ ၂၇၅၀၀၀ ကျပ်ရှိပါတယ်။

စားတော်ပဲ

စားတော်ပဲ(ကျွန်း)က စျေးတက်လာပြီး စားတော်ပဲ (ကနေဒါ)  ကစျေးကျရိပ်ပြပါတယ်။ စားတော်ပဲ(ကနေဒါ)အဝင်နည်းခြင်းကြောင့် စားတော်ပဲ (ကျွန်း)  ကို လက်လီသမား အဝယ်များခြင်း၊ အဝင်နည်းသဖြင့် ပစ္စည်းရှားခြင်းကြောင့် စျေးတက်လာတာဖြစ်တယ်လို့သိရပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ စားတော်ပဲ ကနေဒါက ၃၈၀၀၀၀ ကျပ်မှ ၄၀၀၀၀၀ ကျပ်ရှိပြီး စားတော်ပဲ (ကျွန်း) က  ၅၀၀၀၀၀  ကျပ်မှ ၅၁၀၀၀၀ကျပ်ရှိလာပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်