တရုတ်လမ်းကြောင်း ကောင်းကောင်းဖွင့်ပါက ဈေးကောင်းရနိုင်တဲ့ ပဲကြီးနဲ့ ထောပတ်အပါအဝင် တစ်ပတ်အတွင်းဈေးကွက်သုံးသပ်ချက်

15/03/2024 16:00 PM တွင် AMIA AMIA မှ ရေးသား

မတ်ပဲ

ပြီးခဲ့တဲ့ အပတ်က ဈေးမြင့်တက်ခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာ ဈေးပြန်ကျဆင်းလာပါတယ်။ ပြီးခဲ့တဲ့ရက်က စီးပွားကူးသန်းက ပဲဈေးမြင့်တက်နေတာတွေနဲ့ပတ်သတ်ပြီး ဈေးကစားတာ လှောင်တာတွေကို စိစစ်တွေ့ရှိပါက အရေးယူမယ့် အသိပေးစာ ထုတ်ပြန်ကြေညာခဲ့ပြီး နောက်မှာ  ပဲဈေးတွေ ပြန်ကျဆင်းလာခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ ဈေးကျဆင်းနေတယ်ဆိုပေမယ့် အိန္ဒိယနိုင်ငံ လိုအပ်ချက်နဲ့ ပြည်တွင်းမူဝါဒတွေကြောင့်  ဈေးကွက်ထဲ အရောင်းအဝယ်ထိန်းလိုက်တာဖြစ်လို့  ဈေးကတော့ အများကြီး ကျဆင်းသွားတာ မျိုးမရှိပါဘူး။ ဒါ့အပြင် ဈေးကွက်ထဲ ကုန်သည်တွေ ငွေကြပ်နေတဲ့ အခြေအနေဖြစ်ပေါ်နေပြီး အများကြီး ပြန်ရင်းနှီးတာမျိုးမလုပ်တော့ဘဲ ဈေးကွက်စောင့်ကြည့်နေကြတယ်လို့လည်း ကုန်သည်အချို့ က ဆိုပါတယ်။

ပဲတွေကတော့ ကြိုပွိုင့် ဝယ်ယူထားတာတွေကြောင့် တောင်သူလက်ထဲ မှာ အနည်းငယ်သာရှိတော့တယ်လို့ သိရပါတယ်။ လက်တလော ရေတိုကာလမှာတော့ ထုတ်ပြန်ချက်ကြောင့် ပဲဈေးက ကျဆင်းနိုင်ပေမယ့် အိန္ဒိယနိုင်ငံတွင်း ပဲ လိုအပ်ချက် မတ်ပဲထွက်ရှိနှုန်းလျော့ကျတာတွေကြောင့် ပဲဈေးက ပြန်မာလာနိုင်ဦးမယ်လို့ သုံးသပ်မှုတွေ ရှိပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၂၉၉၀၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၇၀၀၀၀ လောက်ဈေး ပြန်ကျဆင်းပါတယ်။  (SQ/RC)ကတော့ တစ်တန်ကို    ၃၂၁၀၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၅၀၀၀ လောက်ဈေးကျဆင်းပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၄၈၅၀ မှ ၄၈၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်ဈေးကျဆင်းပါတယ်။ မန္တလေးဈေးကွက်မှာလည်း  သုံးတင်းဝင် တစ်အိတ်ကို ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ၅၀၀၀ လောက်ဈေးပြန်ကျဆင်းပါတယ်။

ပြောင်းဆံ

ပြောင်းကတော့ ရန်ကုန်ဈေးကွက်မှာဈေးငြိမ်နေပေမယ့် နယ်ဈေးကွက်တွေမှာတော့ ဈေးက ကျဆင်းနေပါတယ်။ လက်ရှိမှာတော့ လမ်းကြောင်းအခြေအနေ နဲ့ ပို့ကုန်မူဝါဒတွေကြောင့် ကုန်သည်တွေဘက်က ဈေးချဝယ်ယူတာတွေ ရှိနေပြီး ဈေးက ပိုကျဆင်းနေတာ ဖြစ်တယ်လို့ ပြောင်းစိုက်တောင်သူတွေက ဆိုပါတယ်။ 

လက်ရှိပေါက်ဈေးထက် ပိုကျဆင်းမှာ ကြောက်ပြီး ရတဲ့ ဈေးနဲ့ ရောင်းချနေတာတွေကလည်း ဈေးကို ပိုပြီး ကျဆင်းနေတာ ဖြစ်တယ်လို့ ပြောင်းကုန်သည်အချို့က ဆိုပါတယ်။

ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၀၅၀ မှ ၁၀၇၀ ကျပ်ရှိပြီး ဈေးငြိမ်နေပါ တယ်။ 

မန္တလေးစျေးကွက်မှာလည်း ပြောင်း ( CP)တစ်အိတ်ကို ၅၀၀၀၀ ကနေ ၅၀၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြောင်း (ဗမာ)တစ်အိတ်ကို  ၄၉၀၀၀   ကျပ်၊ပြောင်း (ရှမ်း)တစ်အိတ်ကို ၅၀၀၀၀ ကျပ် အသီးသီး ရှိပြီး တစ်အိတ်ကို ၁၀၀၀ မှ ၁၅၀၀ ကျပ် ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။ 

မုံရွာဈေးကွက်မှာတော့ ပြောင်း တစ်တင်းကို ၁၅၈၀၀ ရှိပြီး တစ်တင်းကို ၄၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ပဲကြီး၊ စားတော်ပဲ၊ ထောပတ်

ဈေးကွက်ထဲ အဝင်တွေ ဆက်တိုက်ရှိနေတဲ့ ပဲကြီး၊ စားတော်ပဲ၊ ထောပတ်ပဲတို့ကတော့ ဒီတစ်ပတ်မှာလည်း‌ ဈေးကဆက်ပြီး ကျဆင်းနေပါတယ်။ အကျဈေးနဲ့ လှောင်လက်သမားတွေ ဝယ်ယူနေတာကြောင့် ဈေးကျဆင်းနေပေမယ့်လည်း အဝယ်ကတော့ သွက်နေတယ်လို့ ကုန်စည်ဒိုင်တွေကနေ တဆင့် သိရပါတယ်။ 

ပဲကြီးကတော့ ပြည်တွင်း ထွက်ရှိနှုန်းနည်းတဲ့ ပဲဖြစ်တဲ့အတွက် လက်တလော ဈေးကျဆင်းနေပေမယ့် ရေရှည် ဈေးကောင်းတဲ့ ပဲ လည်း ဖြစ်ပါတယ်။ ထောပတ်ပဲကလည်း တရုတ်လမ်းကြောင်း ကောင်းကောင်းဖွင့်ပါက အဝယ်ပြန်သွက်လာနိုင်ပြီး ဈေးကောင်းရရှိနိုင်တဲ့ ပဲဖြစ်လို့ ရေရှည် ဈေးကောင်းနိုင်တယ်လို့ ပဲကုန်သည်တွေက ခန့်မှန်းထားကြပါတယ်။

လက်ရှိ ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ကုန်း/ရွှေကျွန်း) က တစ်ပိဿာကို ၄၈၆၅ မှ ၅၃၁၀ ရှိပြီး ဈေးငြိမ်ပါတယ်။ စားတော်ပဲ ကတော့ တစ်ပိဿာကို ၅၅၀၀ မှ ၅၆၇၀ ရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်ဈေးကျဆင်းပါတယ်။ ထောပတ်ပဲကလည်း  တစ်ပိဿာကို ၆၁၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၁၀၃၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲကြီးက တစ်အိတ်ကို ၂၄၅၀၀၀ မှ ၂၈၅၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၃၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။  

စားတော်ပဲကတော့ တစ်အိတ်ကို ၂၈၅၀၀၀ ရှိပြီး ၁၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲထောပတ်ကတော့ တစ်အိတ်ကို ၃၅၀၀၀၀ မှ  ၄၀၀၀၀၀ ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်‌ဈေးတက် လာပေမယ့် တစ်ပတ်အတွင်း ဈေးအပြောင်းအလဲ သိပ်မရှိပါဘူး။

ပြီးခဲ့တဲ့နှစ် ကာလတူ အခြေအနေနဲ့ နှိုင်းယှဉ်ရင်တော့ စားတော်ပဲက အပြောင်းအလဲ မရှိပေမယ့် ပဲကြီးနဲ့ ထောပတ်ပဲတို့က တစ်အိတ်ကို အနိမ့်ဆုံး ၁၀၀၀၀၀ ကနေ  ၁၅၀၀၀၀ ကြား‌ဈေးမြင့် တက်လာခဲ့ပါတယ်။

(AMIA သီးနှံသတင်းဈေးကွက်အေဂျင်စီ၏ ဖော်ပြချက်အတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်