တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၁၀ - ၁၄.၃ ၂၀၂၅)

17/03/2025 09:25 AM တွင် AMIA AMIA မှ ရေးသား

ကြက်သွန်ဖြူ

တရုတ်ကနေတင်သွင်းနေတဲ့ ကြက်သွန်ဖြူ(ကြူကုတ်)က စျေးတန်းငြိမ်နေပြီး ရှမ်းကြက်သွန်တွေက စျေးကျလာပါတယ်။ 

ဘုရင့်နောင်ကုန်စည်ဒိုင်ကို ကြူကုတ်ကြက်သွန်ဖြူ‌တွေလည်းဝင်ရောက်နေသလို ရှမ်းဒေသထွက်ကြက်သွန်ဖြူတွေလည်း ဝင်ရောက်မှုရှိပြီး မန္တလေးဒေသထွက် မြန်မာကြက်သွန်ဖြူတွေလည်း ဝင်ရောက်နေပါတယ်။ အရောင်းအဝယ်တော့သွက်နေတယ်လို့ သိရပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ် တစ်ပိဿာကို ၁၂၅၀၀ မှ ၁၃၀၀၀ ကျပ်စျေးရှိပြီး  ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး ၂ က ၅၅၀၀၊ ထူး ၃ က ၆၀၀၀၊ ထူး ၄ က ၆၅၀၀၊ ထူး ၅ က ၇၀၀၀ ကျပ်ရှိပါတယ်။ တစ်ပိဿာကို ၂၀၀၀ မှ ၃၅၀၀ ကျပ်စျေးကျပါတယ်။

ကြက်သွန်နီ 

ကြက်သွန်နီကလည်း ရန်ကုန် ဘုရင့်နောင်ကို ကားအစီးရေဝင်ရောက်မှုများတာကြောင့် စျေးတန်းအနည်းငယ်ချရောင်းနေရတယ်လို့သိရပါတယ်။ 

သောကြာနေ့မှာဆိုရင် မိုးကြက်သွန်ကားအစီးရေ ၅၁ စီးအထိဝင်ရောက်ခဲ့ပါတယ်။ စျေးတန်းအငုတ်နဲ့ ရောင်းရပေမယ့် အရောင်းအဝယ်က ပုံမှန်ပဲရှိတယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ သောကြာနေ့က ဆိပ်ဖြူ ကြက်သွန်နီက အကြီးအသေးအရွယ်အစားအလိုက် တစ်ပိဿာကို  ၁၆၀၀ မှ ၂၁၀၀ ကျပ်၊ မြစ်သားကြက်သွန်နီက ၂၀၀၀ မှ ၂၈၀၀ ကျပ်စျေးရှိပါတယ်။

အာလူး

အာလူးကတော့ စျေးကွက်ထဲမှာ တရုတ်အာလူးရော ရှမ်းအာလူးပါ ဝင်ရောက်မှုရှိနေပြီး စျေးငြိမ်နေပါတယ်။ အရောင်းအဝယ်လည်းပုံမှန်ရှိနေပါတယ်။

ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ တရုတ်အာလူးတစ်ပိဿာကို  ၃၀၀၀ မှ ၄၀၀၀ ကျပ်ရှိပါတယ်။

ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာလည်း  မျက်နီ S1/ OK က ၃၈၀၀ ကျပ်၊ မျက်နီ OK က  ၃၃၀၀ ကျပ်၊ မျက်နီ A1 က  ၃၀၀၀ ကျပ်၊ A1ဆွဲမျက်နီက ၂၅၀၀ ကျပ်  ရှိပြီးလုပ်ငန်းသုံးအကြော်သီးတွေဖြစ်တဲ့ မားကစ် S2/ S-1 နဲ့ မျက်နီ S-2 /S1 က ၄၀၀၀ မှ ၅၀၀၀ ကျပ်စျေးရှိနေပါတယ်။

ဂျင်း

ဂျင်းတက်ကတော့ ပြည်ပတင်ပို့မှုမရှိတဲ့အတွက် စျေးမတက်ဘဲ အကျစျေးတန်းမှာပဲငြိမ်နေပါတယ်။ ဂျင်းတက်က ပြည်တွင်း စျေးကွက်ကိုပဲမှီခိုရောင်းချနေရတာဖြစ်တယ်လို့သိရပါတယ်။

ဂျင်းတက်စျေးကွက်က အရည်အသွေးကောင်းရင်ကောင်းသလို၊ အခက်လှရင်လှသလို ပွဲစားစျေးဖြတ်တဲ့အပေါ်မူတည်ပြီး စျေးကွာခြားမှု ရှိနေပါတယ်။

ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းတက်စျေးက ဂျင်းဥမမြေနီအကြီး တစ်ပိဿာကိုမှ ၃၀၀၀ ကျပ်၊ ဂျင်းဥမမြေနီအလတ် တစ်ပိဿာကို ၂၅၀၀ ကျပ်စျေးပေါက်ပါတယ်။

ခရမ်းချဥ်သီး

ခရမ်းချဥ်သီးကတော့ စျေးဆက်တိုက်ကျလာပြီး လက်လီစျေးကွက်မှာ တစ်ပိဿာကို ၆၀၀ ကျပ်အထိ ကျဆင်းလာနေပါတယ်။

ရှမ်းပြည်နယ်အပါအဝင် နယ်ဒေသအစုံမှာ ခရမ်းချဥ်သီးတွေပေါ်ပြီး စျေးကွက်ထဲဝင်ရောက်မှုများနေတာကြောင့် စျေးကျဆင်းလာတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းစျေးကွက်မှာ ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၁၀၀၀ ကျပ်၊ ခရမ်းချဥ်သီး ရှယ်သီးက တစ်ပိဿာကို ၈၀၀ ကျပ်နဲ့ ခရမ်းချဥ်သီးအသေး တစ်ပိဿာ ၆၀၀ ကျပ်သာရှိပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်