တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် (၁၂ - ၁၆.၅.၂၀၂၅)

19/05/2025 10:13 AM တွင် AMIA AMIA မှ ရေးသား

မတ်ပဲ၊ ပဲစင်းငုံက စျေးပြန်အေးပေမယ့် ပဲတီစိမ်းကစျေးဆက်တိုက်တက်လာပါတယ်။ ကြက်သွန်ဖြူလည်း စျေးတက်ပါတယ်။

မတ်ပဲ 

အရင်တစ်ပတ်က စျေးတက်ခဲ့တဲ့ မတ်ပဲက ခုတစ်ပတ်မှာလည်း တစ်တန်ကို ထောင်ဂဏန်းလောက် အနည်းငယ်ကျရိပ်ပြတာ တွေ့ရပါတယ်။ ဒါကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို ၉၈၈၀၀ ကျပ် ဝန်းကျင်နဲ့ ၂၀၀ လောက် ကျပါတယ်။ မတ်ပဲက အိန္ဒိယရဲ့ ပဲဝယ်လိုအားပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်ပါတယ်။ လက်ရှိက အိန္ဒိယနိုင်ငံမှာ မတ်ပဲအဝယ်အေးနေသလို စျေးတန်းလည်းအေးနေတာကြောင့် မြန်မာပြည်ထဲမှာပါ စျေးအေးနေတာဖြစ်ပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို သိန်း ၃၀၅၂၀၀၀ မှ ၃၀၆၀၀၀၀ ကျပ် အတွင်းစျေးတန်းရှိခဲ့ပါတယ်။ အရင်အပတ်မှာတော့ တနင်္လာကနေ သောကြာနေ့အတွင်း မတ်ပဲ FAQ တစ်တန်ကို သိန်း ၃၀၄၈၀၀၀ မှ ၃၀၆၈၀၀၀ ကျပ်ရှိခဲ့တာကြောင့် ခုတစ်ပတ်အတွင်းမှာ တစ်တန်ကို ၈၀၀၀ ကျပ်လောက် စျေးကျရိပ်ပြ ခဲ့ပါတယ်။ 

 ပဲစင်းငုံ 

အလားတူ ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ စျေးတန်းအေးပြီး ထောင်ဂဏန်းလောက်ကျရိပ်ပြပါတယ်။ ပဲစင်းငုံနီကလည်း အိန္ဒိယရဲ့ ဝယ်လိုအားအပေါ်လိုက်ပြီး စျေးအတက်အကျရှိတာဖြစ်တယ်လို့သိရပါတယ်။ အိန္ဒိယဘက်က ဝယ်လိုအားရှိပေမယ့်လည်း စျေးကွက်အေးနေတာကြောင့် စျေးတန်းက တစ်တန်ကို ၂၉ သိန်းနဲ့ သိန်း ၃၀ ကြားမှာပဲ အတက်အကျရှိနေတာဖြစ်ပါတယ်။ ပဲစင်းငုံက စျေးမတက်လာပေမယ့် ပြည်တွင်းမှာက ပဲလက်ကျန်နည်းပြီး အရောင်းအဝယ်အေးနေ ပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ်သိန်း ၂၉၄၀၀၀၀ မှ ၂၉၆၀၀၀၀ ကျပ်အတွင်း စျေးတန်းရှိပါတယ်။ အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့အထိဖြစ်ပေါ်ခဲ့တဲ့စျေးကွက်မှာ ပဲစင်းငုံနီတစ်တန်ကို ကျပ်သိန်း ၂၉၄၀၀၀၀ မှ ၂၉၆၅၀၀၀ ကျပ်အတွင်းစျေးတန်းဖြစ်ပေါ်ခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်တန်ကို ကျပ် ၅၀၀၀ လောက်သာ ကျရိပ်ပြပါတယ်။ 

 ပဲတီစိမ်း

 ပဲတီစိမ်းကတော့ အခုတစ်ပတ်မှာပါ စျေးတန်းဆက်တိုက်ထပ် တက်လာတာတွေ့ရပါတယ်။ ပဲတီစိမ်းကို တရုတ်အပြင် ပြည်ပဝယ်လက်အချို့က ဝယ်လိုအားရှိနေပြီး ပြည်တွင်းမှာလည်း ပြန်လည်စိုက်ပျိုးဖို့အတွက် မျိုးပဲအဖြစ် ဝယ်ယူမှုများလာတာကြောင့် စျေးကွက်မြင့်နေ တာဖြစ်ပါတယ်။ ယခုတစ်ပတ်ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်းနဲ့ ပဲခူးရွှေဝါက တစ်ပိဿာကို ၆၈၃၀ ကျပ်ရှိ ပြီး ပဲတီစိမ်း အညာက ၆၃၃၀ ကျပ်မှ ၆၃၅၀ ကျပ် ရှိလာတာကြောင့် တစ်ပိဿာကို ၁၆၅ ကျပ်မှ ၁၉၅ ကျပ်နှုန်း အသီးသီးထပ်မံမြင့်တက်လာပါတယ်။ ပဲတီစိမ်း ဝါးခယ်မကတော့ ၅၈၃၀ မှ ၅၈၅၀ ကျပ်နဲ့ စျေးတန်း​ဆက်ငြိမ်နေပါတယ်။ 

 ကြက်သွန်ဖြူ 

ပြည်တွင်း စားဖိုဆောင်သီးနှံစျေးကွက်မှာ ကြက်သွန်ဖြူစျေးနှုန်း မြင့်တက်လာနေပါတယ်။ ဧပြီလ နောက်ဆုံးပတ်လောက်ကစပြီး ကြက်သွန်ဖြူစျေးနှုန်းတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။ ကြူကုတ်စျေးနှုန်းအမြင့်မှာရှိခြင်း၊ ပြည်တွင်းမှာ ကြက်သွန်ဖြူအထွက်နှုန်းလျော့ကျတဲ့အခြေအနေတွေကြောင့် စျေးတန်းတက်လာတာဖြစ်ပါတယ်။ မေလ ၁၆ ရက်နေ့ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ် ​ကြက်သွန်ဖြူ က တစ်ပိဿာ ကို ၁၂၀၀၀ မှ ၁၂၅၀၀ ကျပ်ရှိပြီး ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ အောင်ပန်းထူး ၂ တစ်ပိဿာကို ၆၀၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၆၅၀၀ ကျပ်၊ အောင်ပန်းထူး ၄ က ၇၀၀၀ ကျပ်၊ အောင်ပန်းထူး ၅ က ၇၅၀၀ ကျပ်ရှိပါတယ်။ ရှမ်းပြည်နယ် အောင်ပန်းကုန်စည်စျေးကွက်မှာ အောင်ပန်းထူး ၂ က ၆၅၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၇၅၀၀ ကျပ်၊ အောင်ပန်းထူး ၄ က ၈၅၀၀ ကျပ်၊ အောင်ပန်းထူး ၅ က ၉၀၀၀ ကျပ်၊ အောင်ပန်းထူးလွန်က ၉၅၀၀ ကျပ်၊ ကြူကုတ် တစ်ပိဿာကို ၁၃၉၀၀ ကျပ် ရှိပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်