စားဖိုဆောင်သီးနှံစျေးကွက် သုံးသပ်ချက် (၇-၁၁.၁၀.၂၀၂၄)

11/10/2024 18:39 PM တွင် AMIA AMIA မှ ရေးသား

ဂျင်း

ဂျင်းတက်အစိုက ပြည်ပကိုတင်ပို့မှုမရှိတဲ့အတွက် ပြည်တွင်း စျေးကွက်ကိုပဲမှီခိုနေရ တာ ကြောင့်  ဂျင်းတက် စျေးတန်းအေးနေပါတယ်။ ဒါကြောင့်ဂျင်းတက်စျေးကွက်က အရည်အသွေးကောင်းရင်ကောင်းသလို အခက်လှရင်လှသလို ပွဲစားစျေးဖြတ်တဲ့အပေါ်မူတည်ပြီးစျေးအတက်အကျရှိနေပါတယ်။

ဂျင်းတက်အများဆုံးထွက်တဲ့ ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းတက်စျေးက ဂျင်းဥမမြေနီအကြီး တစ်ပိဿာကိုမှ ၄၀၀၀ ကျပ်၊ ဂျင်းဥမမြေနီအလတ် တစ်ပိဿာကို  ၃၅၀၀ ကျပ် သာ စျေးပေါက်နေပါတယ်။

လက်လီစျေးကွက်မှာက ဂျင်းတစ်ပိဿာကို အနိမ့်ဆုံး  ၅၀၀၀ ကျပ် ရောင်းချမှုရှိပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ခုတပတ်ရန်ကုန်စျေးကွက်မှာ ​တရုတ်ကြက်သွန်ဖြူကြူကုတ်က စျေးတက်လာပြီး ရှမ်းကြက်သွန်ဖြူတွေကစျေးအနည်းငယ်ကျပါတယ်။

ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးစျေးကွက်မှာတော့ ကြူကုတ်ရော ရှမ်းကြက်သွန်ဖြူအားလုံး အတက် အကျ မရှိငြိမ်နေပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ်တစ်ပိဿာကို  ၁၇၀၀၀ ကနေ ၁၇၂၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် တစ်ပိဿာကို ၁၂၀၀ လောက်တက်လာပါတယ်။ 

ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ ထူး၂က ၉၀၀၀ ၊ထူး၃က၁၀၃၀၀ ၊ထူး၄က၁၀၈၀၀ ၊ထူး၅က ၁၁၃၀၀ ကျပ်ရှိပြီးအရင်တပတ်ကထက် တစ်ပိဿာကို ၅၀၀ လောက်စျေးကျပါတယ်။

ရှမ်းပြည်နယ်အောင်ပန်းကုန်စည်စျေးကွက်မှာတော့ အောင်ပန်း ထူး၂  တစ်ပိဿာကို ၁၀၀၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၁၁၅၀၀ ကျပ်၊အောင်ပန်းထူး ၄က ၁၂၀၀၀ ကျပ်ရှိပြီး အောင်ပန်းထူး ၅ တစ်ပိဿာကို ၁၂၅၀၀ ကျပ်၊ ထူးလွန်က၁၃၀၀၀ မှ ၁၆၀၀၀၊ ကြူကုတ်က ၂၀၀၀၀ ကျပ်စျေး အထိရှိနေပါတယ်။

ကြက်သွန်နီ 

ကြက်သွန်နီက နယ်ကုန်စည်ဒိုင်တွေကို ကြက်သွန်အဝင်နည်းသလို ရန်ကုန်ဘုရင့်နောင်ကိုလည်း ကြက်သွန်ကားအဝင်နည်းတာကြောင့်ခုရက်ပိုင်းမှာစျေးတန်ပြန်လှုပ်လာပါတယ်။

ဒါကြောင့်ကြက်သွန်က ကုန်ဝင်သလောက် အရောင်းအဝယ်ဖြစ်နေပြီးအရည်အသွေးကောင်းတာက export  တင်ပို့မှုရှိလို့ စျေးကောင်းရနေပါတယ်။

ခုတပတ်ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ဆိပ်ဖြူ ကြက်သွန်နီမှာ ရှယ်က ၂၇၀၀ ၊ လတ်ကြီး ၂၅၀၀၊ လတ်သန့်က ၂၁၀၀ ကျပ်နဲ့ မြင်းခြံ ကြက်သွန်နီက ၁၃၀၀ ကျပ်ကနေ ၂၈၀၀ကျပ်စျေးရှိကာ မုံရွာကြက်သွန်က ၁၄၅၀ ကနေ ၂၈၀၀ ကျပ်ရှိ နေပါတယ်။

အာလူး

အာလူးစျေးကွက်မှာ တရုတ်ကနေတင်သွင်းတဲ့ တရုတ်အာလူးနဲ့ ပြည်တွင်းထွက်အာလူးရော  ခုတစ်ပတ်ရန်ကုန်စျေးကွက်မှာ စျေးတက်လာပါတယ်။

သယ်ယူပို့ဆောင်ရေးအခက်အခဲနဲ့ ကုန်အဝင်နည်းတာကြောင့်စျေးတန်းမြင့်တက်လာတာဖြစ်ပါတယ်။

ရန်ကုန် ဘုရင့်နောင်စျေးကွက်မှာ  တရုတ်အာလူးတစ်ပိဿာကို ၆၃၀၀ မှ ၆၅၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် ၆၀၀ လောက်တက်လာပါတယ်။ ပြည်တွင်းထွက် အာလူးဖြစ်တဲ့ အောင်ပန်း ok က၅၂၀၀ နဲ့အောင်ပန်း S1က ၅၇၀၀ ကျပ်ရှိပြီး အရင်တစ်ပတ်ကထက် ၇၀၀ ကျပ်တက်လာပါတယ်။ ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာတော့  မျက်နီ S-2 /S1 က တစ်ပိဿာကို ၆၀၀၀  ကျပ်၊ A-1 က ၁၃၀၀ ကျပ်မှ ၁၈၀၀ ကျပ်၊ မျက်နီ S1/ OK က ၅၅၀၀  ကျပ်၊မားကစ် S2/ S-1  ၆၅၀၀ ကျပ် ၊မျက်နီ OK က  ၅၀၀၀ ကျပ်၊ မျက်နီ A1 က ၃၈၀၀ ကျပ်နဲ့ စျေးတန်းငြိမ့်နေပါတယ်။

သကြား

သကြားကတော့ လက်ရှိမှာ ပြည်ပတင်ပို့မှု နည်းသွားပေမယ့်  ပြည်တွင်းမှာ အဓိက ဝယ်ယူသုံးစွဲမှုရှိနေပါတယ်။

သကြားကလက်ကျန်နည်းရင် စျေးတက်လေ့ရှိပြီး လက်ကျန်များရင်စျေးကျတဲ့အခြေအနေရှိပါတယ်။ လက်ရှိပြည်တွင်းမှာ သကြားလက်ကျန်က ပြည်တွင်း စားသုံးမှုအတွက်ဖူလုံပေမယ့်လည်း ဝယ်လိုအားကောင်းတာကြောင့် စျေးကအတက်စျေးမှာပဲရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ သကြားတစ်ပိဿာကို ၄၆၅၀ မှ ၅၀၀၀ ကျပ်နဲ့ အရင်တစ်ပတ်ကအတိုင်းရှိနေပါတယ်။ လက်ကားစျေးကွက်မှာ တစ်ပိဿာ ၇၀၀၀ ကျပ်လောက်စျေးပေါက်နေပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်