တစ်ပတ်စာ သီးနှံဈေးကွက်သုံးသပ်ချက် (၂၉.၉-၃.၁၀.၂၀၂၅)

06/10/2025 08:57 AM တွင် AMIA AMIA မှ ရေးသား

 

မတ်ပဲ

မတ်ပဲက ယခုတစ်ပတ်ရဲ့ ပထမနှစ်ရက်မှာ တစ်တန်ကို ၂၉ သိန်းကျော်အထိစျေးပြန်အတက်ပြပြီး ကျန်တဲ့ရက်တွေမှာတော့ ၂၈ သိန်းအောက်ကိုပြန်ပြုတ်ကျသွားပါတယ်။ အိန္ဒိယက ဝယ်လိုအားနည်းပြီး နိုင်ငံခြားငွေစျေး၊ ရွှေစျေးပြန်ကျတာကြောင့်လည်း သက်ဆိုင်တယ်လို့သိရပါတယ်။ 

FOB စျေးကတော့  အမေရိကန်ဒေါ်လာ  ၇၁၀ မှ ၇၂၀ မှာဆက်ရှိနေပါတယ်။ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က  ၂၉၀၆၀၀၀ ၊ အင်္ဂါနေ့က  ၂၉၁၁၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ တော့ ၂၈၉၄၀၀၀ ၊ ကြာသပတေးနေ့မှာ ၂၈၅၈၀၀၀၊ သောကြာနေ့ မှာ  ၂၈၂၀၀၀၀ ကျပ်သာရှိပါတယ်။

အရင်တစ်ပတ်က  မတ်ပဲ FAQ တစ်တန်ကို တနင်္လာနေ့မှ သောကြာနေ့အတွင်း ၂၈၅၈၀၀၀ မှ ၂၉၁၂၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်ပတ်အတွင်း  တစ်တန်ကို  ၃၀၀၀၀  ကျပ်မှ ၉၀၀၀၀ ကျပ်အတွင်း စျေးထပ်ကျလာတာဖြစ်ပါတယ်။

ပဲစင်းငုံ

ဆက်တိုက်စျေးကျခဲ့တဲ့ ပဲစင်းငုံက ဒီတစ်ပတ်မှာ စျေးပြန်တက်လာတာတွေ့ရပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁၀၀၀၀၀ လောက် စျေးပြန်တက်လာတာဖြစ်ပါတယ်။ FOB စျေးကတော့အတက်အကျမရှိဘဲ အရင်အပတ်ကအတိုင်း  အမေရိကန်ဒေါ်လာ ၆၀၀ မှ ၆၁၀ ရှိပေမယ့်   ပြည်ပအဝယ်နဲ့ ပဲခွဲစက်တွေအဝယ် ပြန်လိုက်လာတာကြောင့် စျေးပြန်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၅၃၅၀၀၀၊ အင်္ဂါနေ့က  ၂၅၁၅၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၅၁၀၀၀၀ ၊  ကြာသပတေးနေ့မှာ  ၂၅၅၀၀၀၀ ၊  ​သောကြာနေ့မှာတော့  ၂၅၃၅၀၀၀  စျေးရှိပါတယ်။

အရင်အပတ်ကတော့  တနင်္လာနေ့ကနေ သောကြာနေ့မှာ ပဲစင်းငုံနီတစ်တန်ကို  ၂၃၆၀၀၀၀ မှ ၂၄၃၀၀၀၀ကျပ်ရှိခဲ့ပါတယ်။

ပဲပုပ်

ပဲပုပ်ကတော့ စျေးတန်း အတက်အကျမရှိဘဲ စျေးငြိမ်နေပါတယ်။   ပဲပုပ် (ရှမ်း၊ ဗမာ) နှစ်ခုလုံး စျေးငြိမ်နေတာဖြစ်ပါတယ်။ လက်ရှိစျေးကွက်ထဲကို ပဲပုပ်(ရှမ်း၊ ဗမာ) နှစ်ခုလုံး မိုးပဲအသစ်ဝင်ရောက်မှုမရှိသေးဘဲ လက်ကျန်ပဲသာအရောင်းအဝယ်ရှိနေတာဖြစ်ပါတယ်။

ပဲပုပ်(ဗမာ)က  လက်ကျန်ပဲများပြီး လုပ်ငန်းသမားသာပုံမှန်ဝယ်ယူမှု ရှိနေပါတယ်။  ပဲပုပ်(ရှမ်း)က တော့ ဆီစက်သမားသာအဝယ်များပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာ ပဲပုပ်ဗမာက  ၃၇၀၀၀၀ ကျပ်ရှိပြီး ပဲပုပ်(ရှမ်း)က ၂၆၀၀၀၀ကျပ်ရှိပါတယ်။

ကုလားပဲ

ကုလားပဲက ယခုတစ်ပတ်မှာတော့ စျေးတက်ရိပ်ကပြပါတယ်။ V2 ကုလားပဲနဲ့ ကုလားပဲထိုင်ဝမ်က အတက်ပြပြီး ကုလားပဲ 929 ကအကျပြပါတယ်။ V7ကစျေးငြိမ်နေပါတယ်။

ကုလားပဲက ပြည်ပတင်ပို့မှုနည်းပြီး  ပြည်တွင်းစားသုံးမှုများတဲ့ ပဲဖြစ်တဲ့အတွက် စားသုံးမှုနည်းပြီး ပဲခွဲစက်တွေ ဝယ်ယူမှုအေးပါက စျေးကျဆင်းတက်သလို စားသုံးအားများပါကလည်းစျေးတက် တယ် လို့သိ ရပါတယ်။ 

မန္တလေးကုန်စည်စျေးကွက်မှာ  ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်ကို ၂၄၃၀၀၀ မှ ၂၄၅၀၀   ကျပ်ရှိ​ပြီး ၄၅၀၀ ကျပ်တက်လာပါတယ်။  ကုလားပဲ (V7) က ၂၂၈၀၀၀ ကျပ်နဲ့စျေးငြိမ်ပါတယ်။ ကုလားပဲ (929) က  ၂၃၃၀၀၀ ကျပ်ရှိပြီး  ၁၀၀၀ ကျပ်ထပ်ကျပါတယ်။ ကုလားပဲ(ထိုင်ဝမ်) ကကတော့  ၂၂၇၀၀၀ မှ ၂၃၀၀၀၀ ကျပ်ရှိပြီး၂၀၀၀ကျပ်တက်လာပါတယ်။ 

ပြောင်း

ပြောင်းဆံကတော့   ယခုတစ်ပတ်မှာ စျေးကျသွားတာတွေ့ရပါတယ်။ တစ်ပိဿာကို ၅၀ ကျပ် ကျသွားတာဖြစ်ပါတယ်။ ပြောင်းဆံကို လက်ရှိ ပြည်တွင်းကုန်သည်တွေ၊ ပို့ကုန်သမားတွေ၊ အစာစပ်စက်ရုံတွေကဝယ်ယူမှုရှိနေပေမယ်အလည်း ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းဆံတင်ပို့ခွင့် ကုန်ဆုံးသွားပြီဖြစ်တဲ့အတွက်  ပြောင်းစျေးကွက် ကျလာတာဖြစ်ပါတယ်။

မန္တလေးကုန်စည်စျေးကွက်မှာ ပြောင်း ( ရှမ်း)နဲ့ ပြောင်း ( CP) က တစ်အိတ်ကို ၇၄၀၀၀ မှ ၇၅၀၀၀ ကျပ်သာရှိပြီး  ၁၀၀၀ကျပ်ကျပါတယ်။ ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာက ပြောင်းတစ်ပိဿာကို ၁၅၀၀ ကျပ်မှ ၁၅၂၀ ကျပ်စျေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးကျပါတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်