တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် ( ၈- ၁၂.၉.၂၀၂၅)

15/09/2025 09:12 AM တွင် AMIA AMIA မှ ရေးသား

မတ်ပဲ

မတ်ပဲက ယခုတစ်ပတ်မှာလည်း စျေးတန်းထပ်ပြီး အတက်ပြပါတယ်။ FOB စျေးပြန်တက်လာပြီး  အမေရိကန်ဒေါ်လာ  ၇၂၅ မှ ၇၃၅ အထိပြန်ရှိလာပေမယ့် မတ်ပဲတစ်တန်ကို သိန်း ၃၀ ကျော်အထိ မြင့်တက်လာခြင်းမရှိသေးပါဘူး။ 

ရွှေစျေးနဲ့ ဒေါ်လာစျေး၊ FOB စျေး ဆက်တိုက်ကျခဲ့တုန်းကဆိုရင် မတ်ပဲက သိန်း ၃၀ ကျော်ကနေ ၂၈ သိန်းအထိကျဆင်းခဲ့ပါတယ်။ ယခုစျေးပြန်တက်ရမယ့်အချိန်မှာတော့ မတ်ပဲစျေးကွက် အတက်နှေးနေတယ်လို့သိရပါတယ်။

နယ်စျေးကွက်မှာလည်း မတ်ပဲတစ်တင်းကို   ၉၄၀၀၀ မှ ၉၅၀၀၀ ဝန်းကျင်သာရှိပါတယ်။ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က ၂၉၅၉၀၀၀ ၊ အင်္ဂါနေ့မှာ ၂၉၄၆၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၄၃၀၀၀ ၊ ကြာသပတေးမှာ ၂၉၆၅၀၀၀ရှိပြီးတော့ သောကြာမှာ ၂၉၇၅၀၀၀  စျေးတန်းရှိပါတယ်။

အရင်တစ်ပတ်က  မတ်ပဲ FAQ တစ်တန်ကိုတနင်္လာနေ့  မှ သောကြာနေ့အတွင်း ၂၈၉၀၀၀၀ မှ ၂၉၆၀၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်ပတ်အတွင်းမှာ တစ်တန်ကို  ၁၀၀၀၀  ကျပ်လောက်စျေးထပ် တက်လာပါတယ်။

ပဲစင်းငုံ

ပဲစင်းငုံကတော့  အခုတစ်ပတ်မှာလည်း စျေးတန်းထပ်ကျလာပြန်ပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁၀၀၀၀  ကျော်လောက် ထပ်မံ စျေးကျလာတာဖြစ်ပါတယ်။

ပဲစဥ်းငုံက FOB စျေးမကျပေမယ့် ပြည်ပအဝယ်နည်းတဲ့အခြေအနေကြောင့်  စျေးကွက်ကျနေတာဖြစ်တယ်လို့သိရပါတယ်။ ပဲစဥ်းငုံက ရွှေစျေးနဲ့ ဒေါ်လာစျေးဂယက်မှာ ဆက်တိုက်စျေးပြုတ်ကျပြီးကတည်းက ယခုအထိ စျေးပြန်တက်မလာဘဲ ဆက်တိုက်ကျနေတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၅၂၅၀၀၀၊ အင်္ဂါ‌နေ့ မှာ ၂၅၀၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၅၂၅၀၀၀ ၊  ကြာသပတေး‌နေ့မှာ ၂၅၁၅၀၀၀ ၊  ​သောကြာ‌နေ့မှာ ၂၅၂၀၀၀၀  စျေးတန်းရှိပါတယ်။

အရင်တစ်ပတ်တုန်းက တနင်္လာ‌နေ့ကနေ သောကြာနေ့ထိ ပဲစင်းငုံနီတစ်တန်ကို  ၂၅၀၅၀၀၀ မှ ၂၅၃၇၀၀၀ ကျပ်ရှိခဲ့ပါတယ်။

ပြောင်း

ပြောင်းဆံကလည်း  ယခုတစ်ပတ်မှာ စျေးထပ်ပြီး ကျလာတာတွေ့ရပါတယ်။ လက်ရှိမှာက ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းဆံတင်ပို့ခွင့် ကုန်ဆုံးသွားပြီဖြစ်တာကြောင့် ပြည်ပတင်ပို့မှု လျော့ကျပြီး ပြောင်းစျေးကွက်လည်းကျလာတာဖြစ်ပါတယ်။ 

ပြောင်းဆံကို ပြည်တွင်းအစာစပ်စက်ရုံတွေနဲ့ ကုန်သည်တွေကတော့ ပြောင်းဆံအခြောက်အသန့်တွေကိုပုံမှန်ဝယ်ယူမှုရှိနေတယ်လို့သိရပါတယ်။

မန္တလေးကုန်စည်စျေးကွက်မှာ ပြောင်း ( ရှမ်း) ကတော့  ၈၀၀၀၀ မှ ၈၁၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၈၀၀၀၀ မှ ၈၁၀၀၀ ကျပ်သာရှိ ပါတယ်။ တစ်အိတ်ကို ၁၀၀၀  ကျပ် ထပ်ကျလာတာဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာလည်း ပြောင်းတစ်ပိဿာကို ၁၅၃၀ ကျပ်မှ ၁၅၈၀ ကျပ်စျေးတန်းသာရှိပြီး ၄၀ မှ ၇၀ ကျပ်အထိကျသွားပါတယ်။

ကြက်သွန်ဖြူ

အတက်ကြမ်းခဲ့တဲ့ ကြက်သွန်ဖြူကတော့ အခုတစ်ပတ်မှာ စျေးတန်းပြန်ကျလာပါတယ်။ စျေးကွက်အတွင်းကို ကြူကုတ်ကြက်သွန်ဖြူဝင်ရောက်မှုပြန်ရှိလာခြင်း ၊ ရှမ်းကြက်သွန်က ရောင်းလိုအားများပြီး ဝယ်လိုအားနည်းခြင်း စတဲ့အခြေအနေတွေကြောင့် စျေးပြန်ကျလာတာဖြစ်တယ်လို့သိရပါတယ်။

ရှမ်းကြက်သွန်တွေက အတက်ဘက်ကိုပြန်ရောက်ဖို့ အခြေအနေသိပ်မရှိတော့လို့ လှောင်သမားတွေအနေနဲ့ ယခုကာလမှာထုတ်ရောင်းသင့်တယ်လို့ ကုန်သည်တွေကအကြံပြုထားပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ကြူကုတ်တစ်ပိဿာကို ၁၆၀၀၀ ကျပ်ရှိပြီး   ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့  အောင်ပန်းထူး ၂ တစ်ပိဿာကို ၃၈၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၄၈၀၀ ကျပ်၊ အောင်ပန်းထူး ၄က ၅၈၀၀ ကျပ်၊ အောင်ပန်းထူး ၅က ၆၈၀၀ ကျပ်ရှိပါတယ်။

နှမ်း

အရင်တစ်ပတ်က ကျရိပ်ပြခဲ့တဲ့ နှမ်းစမုံနက်နဲ့နှမ်းညိုက  ယခုရက်ပိုင်းပြည်တွင်းနှမ်းမျိုးစုံစျေးကွက်မှာ စျေးနှုန်းပြန်တက်လာတာတွေ့ရ ပါ တယ်။ နှမ်းဖြူက စျေးငြိမ်နေပါတယ်။

ပြည်ပဝယ်လက်ကုန်သည်တွေနဲ့ သိုလှောင်မယ့်သူတွေဝယ်ယူမှုရှိတဲ့အပြင် ရွှေစျေးနဲ့ ဒေါ်လာစျေးပြန်မြင့်တက်လာတာကြောင့် နှမ်းစျေးနှုန်း ပြန်လည်မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။ နှမ်းစမုံနက်ကို တရုတ်ကအဓိကဝယ်ယူတာဖြစ်ပါတယ်။ တရုတ်ကဝယ်လိုအားကောင်းရင်စျေးတက်ပါတယ်။ နှမ်းညိုကတော့ ဆီကြိတ်လုပ်ငန်းနဲ့ ပြည်တွင်းစားသုံးမှုအပေါ်မူတည်ပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ နှမ်းစမုံနက်စျေးနှုန်းက ၄၅ ပိဿာ တစ်အိတ်ကို ၇၁၀၀၀၀ ကျပ်မှ ၇၅၀၀၀၀  ကျပ်ရှိပြီး နှမ်းညိုက ၂၇၂၀၀၀ မှ ၂၈၅၀၀၀ကျပ်ရှိပါတယ်။ နှမ်းဖြူဗမာက ၂၇၅၀၀၀ မှ ၂၈၀၀၀၀ ကျပ်နဲ့ နှမ်းဖြူဂျပန်က ၂၉၅၀၀၀ မှ ၃၀၀၀၀၀ ကျပ်နဲ့ငြိမ်နေပါတယ်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်