၂ ပတ်ဆက်တိုက် ဈေးကျဆင်းခဲ့တဲ့ ပဲစဉ်းငုံနီ ဒီတစ်ပတ်ပြန်တက်

29/03/2024 20:00 PM တွင် AMIA AMIA မှ ရေးသား

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးအတက်အကျ သိပ်မရှိဘဲ သိန်း ၃၀ ပတ်ချာလည်နဲ့ အရောင်းအဝယ် ဖြစ်နေကြပါတယ်။ ကြိုပွိုင့်လောက်သာရှိနေပြီး ‌ဈေးကွက်အတွင်း စောင့်ကြည့်နေကြတဲ့ အခြေအနေရှိကြလို့ ကုန်သည်အချို့က ဆိုပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပဲဈေးကွက် အခြေအနေတွေကိုလည်း စောင့်ကြည့်နေပြီး ပုံမှန်တင်ပို့မှုအတွက်သာ အရောင်းအဝယ်ရှိနေကြပါတယ်။

အိန္ဒိယနိုင်ငံမှာလည်း ပွဲတော်အပြီး ဈေးအေးသွားသလိုပြည်တွင်းမှာလည်း လပြည့်ပွဲတော် ပိတ်ရက်တွေကြောင့် ဈေးအေးနေတဲ့အနေအထား ဖြစ်နေပါတယ်။ မကြာခင်ရက်ရှည် ပိတ်ရက်ရောက်တော့မှာဖြစ်လို့ ပဲဈေးက အနည်းငယ် တက်နိုင်ဦးမယ်လို့ ကုန်သည်တွေက သုံးသပ်ပေမယ့်လည်း လက်ရှိဈေးကွက်အခြေအနေက မရေရာပါဘူး။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၂၉၂၉၀၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့အပတ်နဲ့ သောကြာနေ့နဲ့ယှဉ်ရင်  တစ်တန်ကို ၆၀၀၀၀ လောက်ဈေးပြန်မြင့်တက်လာပါတယ်။  (SQ/RC)ကတော့ တစ်တန်ကို  ၃၁၇၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၉၀၀၀ ကျပ်ဈေးတက်လာပါတယ်။  မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၄၇၄၀  မှ ၄၇၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀ ကျပ်ဈေး တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း  သုံးတင်းဝင် တစ်အိတ်ကို ၂၆၅၀၀၀ မှ ၂၇၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ မတ်ပဲ တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆၇၅ သန်းထိ ရရှိခဲ့ပြီး ပို့ကုန်ဝင်ငွေ အများဆုံး ရရှိတဲ့  ပဲ ဖြစ်တယ်လို့စီးပွားကူးသန်းက ထုတ်ပြန်ထားပါတယ်။

ပဲစဥ်းငုံနီ

ပဲစင်းငုံနီက ၂ ပတ်ဆက်တိုက် ဈေးကျဆင်းခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ အနည်းငယ်ဈေးပြန်မြင့် တက်လာပါတယ်။ တစ်ပတ်အတွင်း ဈေးအတက်အကျကတော့ တည်ငြိမ်မှု မရှိသလို ၃၇ သိန်း ပတ်ချာလည်သာ အရောင်းအဝယ်သာ ရှိနေတာ ဖြစ်ပါတယ်။ 

နယ်ဈေးကွက်တွေမှာတော့ ပဲ လက်ကျန် မရှိတော့ဘူးလို့သိရပြီး လက်ကြီးသမားတွေ လက်ထဲမှာသာ ပဲတွေက ရှိတော့တာ ဖြစ်လို့ပြည်တွင်းဈေးကွက်အခြေအနေအရ ထိန်းရောင်းထိန်းဝယ် လုပ်နေကြတာဖြစ်တယ်လို့ ကုန်သည်အချို့ကတော့ ခန့်မှန်းပါတယ်။

ဒီတစ်ပတ်  ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၃၆၉၅၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့အပတ် သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၁၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

အလားတူ မန္တလေးစျေးကွက်မှာလည်း ပဲစဥ်းငုံနီ တစ်အိတ်ကို ၃၅၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၂၀၀၀ကျပ် ဈေးကျဆင်းပါတယ်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ ပဲစင်းငုံနီတင်ပို့မှုကနေ အမေရိကန်ဒေါ်လာသန်း ၁၈၀ ရရှိခဲ့ပြီး တတိယပို့ကုန်အများဆုံးရရှိတဲ့ ပဲ ဖြစ်တယ်လို့ စီးပွားကူးသန်းထုတ်ပြန်ချက်အရသိရပါတယ်။

ပြောင်းဆံ

ပြောင်းကတော့ ဈေးထပ်ပြီး ကျဆင်းပါတယ်။ ထိုင်းနိုင်ငံရဲ့  ပြောင်းတင်သွင်းမှုကို ပိတ်ပင်သွားမယ်လို့ ထုတ်ပြန်ချက်ရဲ့ နောက်ဆက်တွဲကြောင့် ကျဆင်းသွားတယ်လို့ ကုန်သည်အချို့က ခန့်မှန်းပေမယ့် လက်ရှိ မှာတော့ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကြောင့် တင်ပို့မှုကလည်း နည်းပြီး ဈေးကလည်း ဆက်တိုက် ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ထိုင်းထုတ်ပြန်ချက်ဟာ လက်ရှိမှာ သတိပေးချက်အနေနဲ့သာဖြစ်ပေမယ့် အမှန်တကယ် ပိတ်လိုက်ပါက ဈေးတွေ ယခုပေါက်ဈေးထက် ကျဆင်းသွားမှာကို စိုးရိမ်ပြီး အများအပြား ရောင်းချတာတွေကြောင့် ဈေးက ပိုပြီး ကျဆင်းသွားတာ ဖြစ်တယ်လို့  ပြောင်းကုန်သည်အချို့က ဆိုပါတယ်။

ဒီတစ်ပတ် ရန်ကုန်စျေးကွက်မှာ ပြောင်းဆံတစ်ပိဿာကို ၁၀၄၀ မှ ၁၀၆၀ ကျပ်ရှိပြီး ၁၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

မန္တလေးစျေးကွက်မှာလည်း ပြောင်း (CP)တစ်အိတ်ကို ၄၉၀၀၀ ကနေ ၄၉၅၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀ကျပ်၊ ပြောင်း (ဗမာ)တစ်အိတ်ကို  ၄၇၀၀၀   ကျပ် မှ ၄၈၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်၊ ပြောင်း (ရှမ်း) တစ်အိတ်ကို ၄၉၀၀၀  မှ ၄၉၅၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် အသီးသီး ကျဆင်းသွားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်