သခွားစိုက်ပျိုးချိန်ရောက်ရှိနေသော်လည်း ဈေးကွက်ချင့်ချိန်စိုက်ပျိုးနေရ

15/09/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    သခွားစိုက်ပျိုးချိန်သို့ ရောက်ရှိနေသော်လည်း တောင်သူများမှာ ဈေးကွက်ချင့်ချိန် စိုက်ပျိုးနေရကြောင်း သိရသည်။

စိုက်ဖို့ပျိုးဖို့ဟာကို ကိုဗစ်ကြောင့်စဉ်းစားနေရတယ်။ သခွားသီးစိုက်မလို့ အစတုန်းက မြေပြင်ထားတာ။ အခုတော့ စဉ်းစားနေရတယ်လေ။ စိုက်ဖို့စဉ်းစားနေရတာက ကိုဗစ်ကာလဖြစ်နေတော့ ပုံမှန်လို ဈေးကွက်မကောင်းမှာကို စိုးရိမ်မိလို့ပါ။ ကျွန်တော်တို့ဆီက သခွားသီးတွေက မင်းဘူး၊  မကွေးတို့ကိုတင်ပို့ပြီး၊ အဲ့ဒီကနေမှတစ်ဆင့် ရခိုင်ပြည်နယ်ကို တင်ပို့ရတာကြောင့်ပါ။ တို့စားတဲ့ သခွားသီးကို ပြောတာပါ။

ဟု မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှ တောင်သူ ကိုဟန်ဇော်သက်က ပြောသည်။

    ကာလတိုဖြင့် ဝင်ငွေပြန်လည်ရရှိနိုင်သည့် သခွားသီးစိုက်ပျိုးရေးမှာ တွက်ချေကိုက်သဖြင့် ခရမ်းချဉ်၊ ခရမ်းသီး စသည့် စားဖိုချောင်သီးနှံစိုက်ပျိုးသည့် တောင်သူများမှာ တွဲဖက်စိုက်ပျိုးလေ့ရှိကြသည်။

ပုံမှန်အတိုင်းဆိုရင်တော့ သခွားက ဈေးကွက်တစ်လုံး ၄၀ ကျပ် နဲ့ ၇၀ ကျပ် ကြား ဈေးရှိတယ်။ စိုက်ပြီး နှစ်လသားလောက်ဆို ခူးလို့ရတယ်။ စိုက်ပျိုးချိန်အစအဆုံးမှာ တစ်ပင်ကိုပျမ်းမျှ ၁၅ လုံးခူးလို့ရရင် စိုက်ပျိုးသင့်တယ်လေ။ ကုန်ကျစရိတ်က နည်းပညာတွေကွာတော့ ကုန်တာချင်းမတူဘူး။ ဟင်းသီးဟင်းရွက်စိုက်တဲ့တောင်သူဆိုတော့ သီးနှံစုံအောင် သခွားကိုလည်း စိုက်တာပါ။ သခွားနဲ့ခရမ်းချဉ် အမြဲစိုက်တယ်။ သခွားက ကာလတိုနဲ့ ငွေရတယ်။ မပျိုးဘဲ တိုက်ရိုက်စိုက်လို့လည်း ရတယ်။

ဟု ကိုဟန်ဇော်သက်က ဆက်လက်ပြောသည်။

    သခွားစိုက်ပျိုးရာတွင် တစ်ဧကလျှင် အပင်ရေ ၉,၀၀၀ မှ ၁၀,၀၀ဝ ကြားဝင်ဆန့်ပြီး၊ ရေပေးနိုင်ပါက နှစ်ပတ်လည်စိုက်ပျိုးနိုင်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်