နို့စားနွားမတွေကို တူညီတဲ့ အစာနုပမာဏကျွေးပေမဲ့ နွားနို့ရတာ ကွာခြားနေတာဘာကြောင့်လို့ထင်ပါသလဲ?
* အစာထဲကရတဲ့ စွမ်းအင်ဓာတ်ကို အသုံးပြုပုံခြင်းကွာခြားသွားလို့ပါပဲ...
**နို့ပေးနွားမတစ်ကောင်ဟာ စားလိုက်တဲ့အစာထဲကရတဲ့ စွမ်းအက်ဓာတ် ကို အောက်ပါကဏ္ဍတွေမှာ အသုံးပြုရပါတယ်
၁။ ခန္ဓာကိုယ်အသက်ရှင်လှုပ်ရှားရန် ၂ ။ နွားနို့ထုတ်လုပ်ရန်
၃။ ခန္ဓာကိုယ်ကြီးထွားရန်
၄။ ကိုယ်ဝန်ဆောင်ရန်တို့အတွက် အသုံးချပါတယ်။
***နို့ပေးကာလပေါ်မူတည်ပြီး ဦးစားပေးအသုံးပြုတဲ့ လုပ်ငန်းကွာခြားပါတယ်။
- မွေးပြီးစ နွားမများဟာ ရလာတဲ့ စွမ်းအင်ဓာတ်ကို နို့ထုတ်လုပ်ဖို့ အဓိကသုံးပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖို့ အသုံးမပြုသေးပါဘူး။
- နို့ပေးကာလနောက်ပိုင်းမှာတော့ ကိုယ်ဝန်ဆောင်ထားတဲ့ သန္ဓေသားအတွက်နှင့် နွားမရဲ့ ခန္ဓာကိုယ်ကြီးထွားဖို့ ပိုသုံးလေ့ရှိပါတယ်။
- ဒီအချိန်မှာနို့ထုတ်လုပ်ဖို့အတွက်အသုံးပြုမှုနည်းသွားပါတယ်။
- နို့ထွက်နှုန်းကောင်းတဲ့ နွားမတွေဟာ စွမ်းအင်ဓာတ်ကို နို့ထုတ်လုပ်ဖို့အတွက်ဦးစားပေးအသုံးချပါတယ်။ ဒါကြောင့် မွေးပြီးစမှာ ခန္ဓာကိုယ်က ပိန်လာတာတွေ့ရပါမယ်။
- ဒီလိုနို့စားနွားမတွေရဲ့ နို့ပေးကာလနှင့် မျိုးရိုးအလိုက်စွမ်းအင်ဓာတ်အသုံးချပုံ ကွာခြားချက်ကိုသိထားပါက ကုန်ကျမှုသက်သာအောင်ဘယ်လိုအစာကျွေးရမလဲ ဆုံးဖြတ်နိုင်ပါတယ်
** နို့ပေးကာလအားလုံးမှာ ကောင်းမွန်သော ခန္ဓာကိုယ်အနေအထားရှိအောင်ကျွေးရပါမယ်။**
နို့ပေးကာလ အစောပိုင်းနှင့်နောက်ပိုင်းနွားမနှစ်ကောင်ကို အစာ ၁ ပိဿာစီကျွေးပါက နို့ပေးကာလ အစောပိုင်နွားမက နို့ပိုထုတ်ပေးမှာဖြစ်ပါတယ်။
ဒါကြောင့် နို့ပေးနွားမတွေကို သူတို့လိုအပ်ချက်အတိုင်းကျွေးပေးဖို့လိုအပ်ပါတယ်။
*မွေးမြူသူများအနေဖြင့်နို့ပေးကာလနောက်ပိုင်းနွားမများကို အစာနုလျော့၍ အစာစိမ်း/ အစာကြမ်းလုံလောက်စွာကျွေးပြီး နို့ပေးကာလအစောပိုင်း နွားမများကို အစာနုပိုကျွေးပါက မွေးမြူသူများအတွက်အမြတ်ပိုမိုရမှာဖြစ်ပါတယ်။
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်