ကြိုတင်သတိပြုစရာ အာဖရိကအပြင်းဖျားဝက်ရောဂါ (African Swine Fever)

30/08/2019 22:00 PM တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ရေးသား ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ပေးပို့ထားပါသည်။

ရောဂါဖြစ်စေသည့်ပိုး

    • စက်ဝိုင်းပုံရှိ DNA အမျိုးအစားဗိုင်းရပ်စ်ပိုးကြောင့် ရောဂါဖြစ်ပွားသည်။

ရောဂါဖြစ်စေသောတိရစ္ဆာန်

    • အိမ်မွေးဝက်များနှင့် တောဝက်များတွင်  အဖြစ်များသည်။ အသက်အရွယ်မရွေးဖြစ်ပွားနိုင်သည်။

ရောဂါကူးစက်ပျံ့နှံ့ခြင်း

    • ရောဂါပိုးကူးစက်ခံထားရသော ဝက်၊ အညစ်အကြေးများ၊ ဝက်သား၊ ဝက်ထွက်ပစ္စည်းများ၊ သွားရည်၊ နှာရည်၊ မျက်ရည်၊ ဆီး၊ ဝမ်း၊ သွေးနှင့်၊ အသားများနှင့် တိုက်ရိုက်ထိတွေ့ခြင်း။

    • မွှား (soft ticks of the genus Ornithodoros) ကဲ့သို့သော ကြားခံလက်ခံကောင်များ တွယ်ခြင်း၊ ကိုက်ခြင်း။

    • ရောဂါပိုးနှင့်ထိတွေ့ထားသော ဆေးထိုးအပ်၊ အသုံးအဆောင်ပစ္စည်း၊ ဖိနပ်၊ အဝတ်အစားနှင့် ယာဉ်တို့မှတစ်ဆင့် ကူးစက်ပျံ့နှံ့ခြင်း။

    • (၃-၆) လအထိ အေးခဲထားသော ရောဂါပိုးကူးစက်ခံထားရသည့် ဝက်သားများနှင့် ထိတွေ့မိခြင်းများမှတစ်ဆင့် ကူးစက်နိုင်ပါသည်။

ရောဂါလက္ခဏာများ

    • နာတာရှည် ကူးစက်ခံရသောဝက်များတွင် ခြေလက်အဆစ်ရောင်ခြင်း၊ အရေပြားအနာဖြစ်ခြင်း၊ အရေပြား (နားရွက်၊ အမြီး၊ ဝမ်းဗိုက်) နီရဲခြင်း။

    • နာတာရှည် ကူးစက်ခံရသောဝက်များတွင် ကိုယ်အပူချိန်မမှန်ခြင်း၊ ကိုယ်အလေးချိန် လျော့ကျခြင်း။

    • ရုတ်တရက်ကူးစက်ခံရသောဝက်များတွင်  အရေပြားနီရဲခြင်း၊ ပန်းခရမ်းပြာအရောင်များပြောင်းပြီး ရုတ်တရက်သေဆုံးခြင်း။

ရောဂါပိုးပျိုးချိန်

    • ပုံမှန်အားဖြင့် (၄-၁၉)ရက် ကြာပါသည်။ ရောဂါပြင်းထန်ပါက သေနှုန်း ၁၀၀% အထိရှိနိုင်ပါသည်။

    • (၃-၄) ရက်အတွင်း ရုတ်တရက်ဖြစ်ပွားသော အခြေအနေများလည်းရှိပြီး ရောဂါပြင်းထန်တတ်ပါသည်။

    • ရောဂါဖြစ်ပွားမှုအဆင့် (၄) ဆင့်ရှိပါသည်။ အဆင့်ပေါ်မူတည်၍ ရောဂါပြင်းထန်မှုကွာခြားပါသည်။

အဆင့် (၁)

    • အရေပြားတွင် အနီရောင် အစက်များစွာဖြင့် ရုတ်တရက်သေဆုံးမည်။ 

အဆင့် (၂)

    • ရောဂါကူးစက်ခံရပြီး ၂ ရက်အတွင်း အပြင်းဖျားခြင်း (၁၀၅-၁၀၇ ဒီဂရီဖာရင်ဟိုက်)၊ နားရွက်ဖျား၊ အမြီး၊ ရင်ဘတ်နှင့် ဝမ်းဗိုက်အရေပြားတို့တွင် ပန်းခရမ်းရောင်၊ အနီရောင်ဖြစ်နေခြင်း၊ ပျို့အန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ (၆-၁၃) ရက်အတွင်း သေဆုံးခြင်း၊ ဇီးဝက်မများတွင် သားလျှောခြင်းများတွေ့ရတတ်သည်။

အဆင့်(၃)

    • အဖျားအနည်းငယ်ရှိပြီး အစားအနည်းငယ်သာစားခြင်း၊ (၁၅-၄၅) ရက်အတွင်း သေဆုံးနိုင်သည်။

အဆင့်(၄)

    • ကိုယ်အလေးချိန်လျော့ကျခြင်း၊ အပူချိန်အတက်ကျရှိခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများတွေ့ရခြင်း၊ အရေပြားအနာ၊ ပုပ်ခြင်း၊ ဆွေးခြင်း၊ အဆစ်ရောင်ခြင်းများ တွေ့ရတတ်သည်။

ကြိုတင်ကာကွယ်ခြင်း

    • ဇီဝလုံခြုံမှုများ ကောင်းမွန်အောင်ဆောင်ရွက်ခြင်း၊ မွေးမြူရေးခြံကို သန့်ရှင်းစွာထားခြင်းများ ဆောင်ရွက်ရန်၊

    • အခြားခြံမှ အသုံးဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်အထွက် ထိန်းချုပ်ရန်၊

    • အသက်အရွယ်တူဝက်များကိုသာ အတူတူမွေးမြူရန်၊ အပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက်ကောင်းမွန်စေရန်၊

    • ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊ ဝယ်ယူသည့်ဝက်များကို မိမိခြံရှိ ဝက်များနှင့်မရောမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်။

ကာကွယ်ဆေး

    • ရောဂါကြိုတင်ကာကွယ်ဆေးမရှိပါ။

ကုသခြင်

    • ထိရောက်သောကုသဆေးမရှိပါ။

အခြားမှားယွင်းနိုင်သောရောဂါများ

    • ဝက်ဝမ်းကျရောဂါ၊ ဝက်နားရွက်ပြာရောဂါ၊ စိန်ကွက်နာရောဂါ၊ ဆဲလ်မိုနဲလားရောဂါ၊ ပတ်စ်ကျူရဲလားရောဂါ၊ အခြားသွေးအဆိပ်သင့်ရောဂါ။

ပြည်သူ့ကျန်းမာရေး

    • လူသို့ကူးစက်သောရောဂါမဟုတ်ပါ။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်