ကင်းမွန်၊ ပြည်ကြီးငါးနှင့် ရေဘဝဲတို့မှရရှိသော ပင်လယ်ထဲကမှင်အမည်း အသုံးဝင်ပုံအကြောင်း

10/01/2022 13:30 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ပင်လယ်ထဲက မှင်အမည်းဆိုတာ ကင်းမွန်(squid) ၊ပြည်ကြီးငါး(cuttle fish)၊ ရေဘဝဲ(octopus)တို့လို အကောင်တွေမှာပါလေ့ရှိတဲ့ အမည်းရောင်မင်အိတ်ထဲက အရည်တွေကိုခေါ်ပါတယ်။ မြန်မာပြည်မှာတော့ လူအများစုက ပင်လယ်စာတွေချက်ပြုတ်စားသောက်တဲ့အခါ မှင်အိတ်တွေကိုဖယ်ပြီး လွှင့်ပစ်တတ်ကြပေမယ့် တကယ်တော့ အဲ့ဒီမှင်တွေဟာ စားလို့ရတဲ့အကြောင်း ပြောပြချင်လို့ပါ။

ကင်းမွန်ရဲ့ မှင်အိတ်ကတော့ black-blue color ရှိပါတယ်။ နက်ပြာရောင်လေးပေါ့။ ရေဘဝဲရဲ့ မှင်က အနက်ရောင်ပါ။ ပြည်ကြီးငါး ဆီမှာတော့ အညိုရောင်မှင်အိတ် ရှိပါသတဲ့။ အဲ့ဒီအကောင်တွေအားလုံးရဲ့ မှင်တွေကို dark sea ink (ရေနက်ပိုင်းမှင်) လို့အကြမ်းဖျင်းခေါ်ကြပါတယ်။ ရေနက်ပိုင်းမှာနေတဲ့ အကောင်တွေဖြစ်လို့နေပါလိမ့်မယ်။

Dark sea ink တွေဟာ ဟင်းချက်တဲ့အထဲပါသွားရင် ကြည့်လို့မလှပေမယ့် စားလိုက်ရင်တော့ ကောင်းကျိုးတွေများစွာရပါတယ်။ အရသာက အနည်းငယ် ငန်ပြီးစပ်တဲ့ savory taste ဘက်ကိုသွားပါတယ်။ ဒီတော့ ink ထည့်ချက်မယ်ဆိုရင် ဆားလျှော့ထည့်ဖို့ မမေ့ပါနဲ့။

အဲ့ဒီမှင်တွေထဲမှာ အကျိုးပြုဓာတ်တွေဖြစ်တဲ့ melanin, enzymes, polysaccharides, catecholamines (hormones) တွေအပြင် cadmium, lead, and copper တို့လို သတ္တုဓါတ်တွေနဲ့  amino acids, glutamate, taurine, alanine, leucine, and aspartic acid အကျိုးပြု ပရိုတိန်းဓါတ်တွေလဲ ပါဝင်နေပါတယ်။ မစားပဲ လွှင့်ပစ်မယ်ဆိုရင် သိပ်နှမြောစရာကောင်းပါတယ်နော်။ 

ကျန်းမာရေးအတွက် ဆေးဖက်ဝင်တဲ့အတွက် တရုတ်တိုင်းရင်းဆေးတွေမှာ squid ink(ကင်းမွန်မှင်အမည်း) ကို နှလုံးနဲ့ သွေးရောဂါများ ကုသတဲ့အခါ သုံးပါတယ်။ ဒါ့အပြင် အန်တီအောက်စီဒင့် (antioxidant) တွေပါဝင်လို့ နုပျိုလှပစေမယ်။ နှလုံးရောဂါနဲ့ ဆီးချိုရောဂါသည်များအတွက်လည်း ကောင်းတယ်လို့ သိရပါတယ်။ သူ့မှာ ကင်ဆာကိုဟန့်တားပေးတဲ့ ဂုဏ်သတ္တိ (anticancer properties) ပါဝင်တဲ့အတွက်ကြောင့် ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အကျိတ်များ ကြီးထွားခြင်းကို ဟန့်တားပေးနိုင်တဲ့ ကျန်းမာရေးကောင်းကျိုးတွေရှိတယ်လို့ မှတ်သားရပါတယ်။

ဆိုးကျိုးကတော့ ပင်လယ်စာနဲ့ ဓါတ်မတည့်တဲ့ သူတွေရှောင်ရပါမယ်။ ကျန်တဲ့သူတွေကလဲ ပမာဏအများကြီးစားတာမျိုးမလုပ်ပဲ သင့်တင့်လျောက်ပတ်အောင် စားပေးမယ်ဆိုရင် ကျန်းမာရေးအတွက် ပိုကောင်းပြီး ဟင်းပွဲတွေလည်း အရသာပိုရှိစေမှာ ဖြစ်ပါတယ်။ 

ဂျပန်နဲ့ မြေထဲပင်လယ်ဒေသနိုင်ငံတွေမှာတော့ dark sea ink ကို ပါစတာ၊ ထမင်း စသည်တို့နဲ့ တွဲဖက်စားဖို့ ဆောစ့် (sauce) အဖြစ် အသုံးပြုကြပါတယ်။ သူ့ရဲ့ နက်မှောင်တဲ့အရောင်နဲ့ ငန်တဲ့အရသာကိုက ထူးခြားတယ်လို့သတ်မှတ်ပြီး သဘောကျနှစ်ခြိုက်စွာ စားသုံးကြတာပေါ့။ ဆေးဖက်လည်း ဝင်တယ်ဆိုတော့ ပိုပြီး အကျိုးကျေးဇူးများပါတယ်။ 

ဒါ့ကြောင့် အာဟာရဓါတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဆေးဖက်ဝင်တဲ့ဒီအရာလေးကို လွှင့်ပစ်မယ့်အစား စားကြည့်စေချင်ပါတယ်။ ကိုယ့်မှာ အလက်ဂျစ် shellfish allergy မရှိလို့ကတော့ အနည်းငယ်စားတာ ဘာပြသနာမှ မရှိပါဘူး။ တကယ်လဲ ဟင်းပွဲတွေကို ပိုမိုလေးပင်တဲ့ အရသာမျိုးပေးစွမ်းနိုင်ပါတယ်လို့ စားဖူးသူတွေက ပြောကြပါတယ်။

 

ရေနက်ပိုင်းပင်လယ်ထဲက အကောင်လေးတွေရဲ့ ကာကွယ်ရေးပစ္စည်း (defense mechanism) တစ်မျိုးဖြစ်တဲ့ sea ink ဟာ လူသားတွေအတွက် စားလို့ကောင်းတဲ့ ဆောစ့် တစ်မျိုးဖြစ်နေတာဟာ သိပ်ဆန်းကြယ်လှပါပေတယ်။

Ref; ခင်ခင်မေကျော်၏ "ပင်လယ်ထဲက မင်အမည်းအကြောင်း" မှ ကောက်နှုတ် ဖော်ပြပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

      

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်