ယခုတစ်ပတ်အတွင်း အစေ့ထုတ်ပြောင်းဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
ထိုင်းနိုင်ငံမှ ပြောင်းရာသီရောက်လာတော့မှာဖြစ်တာကြောင့် အစေ့ထုတ်ပြောင်းဝယ်ယူမှု ရပ်တန့်တော့မှာဖြစ်တဲ့အတွက် ဈေးနှုန်းများကျဆင်းလာတာဖြစ်တယ်လို့ မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးမင်းခိုင်ကပြောပါတယ်။
“ ပြည်ပနိုင်ငံတွေကလည်း တရုတ်ဘက်ကတင်ပို့ခွင့်မရသေးဘူး။ ထိုင်းဘက်ကလည်း ပြောင်းကိုဝယ်ယူနေပေမယ့် ဒီလကုန်တာနဲ့ ပြောင်းမဝယ်တော့ဘူး။ ဟိုဘက်မှာက ရာသီချိန်ရောက်လာပြီဆိုတော့ မြန်မာ့ပြောင်းကိုဝယ်ယူသေးမှာ မဟုတ်ဘူး။ အဲဒါကြောင့် ပြောင်းဈေးနှုန်းကကျဆင်းလာတာပါ”
မြန်မာ့အစေ့ထုတ်ပြောင်းတစ်ပိဿာကို ယခင်လများက တစ်ပိဿာကို ၅၄၀ ဝန်းကျင်ရှိခဲ့ပေမယ့် အခုရက်ပိုင်းအတွင်း တစ်ပိဿာကို ကျပ် ၅၀၀ ဝန်းကျင်ခန့်သာရှိတော့ကြောင်း အဆိုပါအသင်း မှသိရပါတယ်။
ယခုလက်ရှိအချိန်တွင် မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံကို အဓိကထားတင်ပို့နေတာဖြစ်ကြောင်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more