Stay home ကြေငြာပြီးနောက်ပိုင်း ငွေနှင်းမှိုဈေးကွက် ဝယ်လိုအားကျဆင်း

14/10/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    Stay homeကြေငြာပြီးနောက်ပိုင်း ငွေနှင်းမှိုဈေးကွက် ဝယ်လိုအားကျဆင်းသွားကြောင်း ကိုယ်တိုင်စိုက်ပျိုးနေသူများက ပြောသည်။

Stay homeကြေငြာလိုက်တော့ လူတွေ စျေးဝယ်ထွက်တဲ့အရေတွက် သိသိသာသာကျသွားတယ်။ စျေးတွေမှာ လူသိပ်မရှိဖြစ်သွားတယ်။ အဲ့ဒီတော့ ဝယ်လိုအားကျတဲ့အချိန်မှာ မှိုတွေက ထွက်သလောက် ရောင်းမစွံတော့ဘူး။

ဟု ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဖူးကြီးကျေးရွာမှ "ငွေနှင်းမှို" စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေသူ ကိုဇော်မျိုးအောင်က ပြောသည်။

    မူလလက်ရင်းဒိုင်များနှင့်ချိတ်ဆက်ထားသည့် ပမာဏများများထုတ်လုပ်နေသည့် ငွေနှင်းမှိုခြံများမှာ ဈေးကွက်ကျဆင်းခြင်းဒဏ်ကို ခံသာသော်လည်း ခြံငယ်များမှာမူ ဈေးကွက်ရိုက်ခတ်မှု ပိုမိုပြင်းထန်နေသည်။

အကို့ခြံကျတော့ ပမာဏများများထုတ်လုပ်နေတဲ့ခြံလည်းဖြစ်သလို နှစ်ပတ်လည်ချုပ်ထားတာအပြင် ဒိုင်ကလည်း ထောက်ကြံ့စျေးသစ်ကို ပုံမှန်ထွက်တယ်။ ဒိုင်မှာလည်းရောင်းအားတွေကျတော့ ကိုယ့်တစ်ခြံထဲအဓိကယူရောင်းနေသလိုမို့ ထွက်သလောက်တော့ရောင်းရပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ငါးရက်လောက်က စျေး ၂၀၀ လောက်ချပေးဖို့ပြောလာတယ်။ မနက်ဖြန်စာရင်းရှင်းပြီးရင်တော့ အရင်ဈေးပဲပြန်ဖြစ်လိမ့်မယ် မျှော်လင့်ပါတယ်။

ဟု ကိုဇော်မျိုးအောင်က ဆက်လက်ပြောသည်။

    လက်ရှိတွင် ငွေနှင်းမှိုတစ်ပိဿာလျှင် (၂၂၀၀) ကျပ်ဈေးနှုန်းဖြင့် လက်ကားရောင်းဝယ်ဖောက်ကားနေကြသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်