မြန်မာ့လျှော်ဖြူစျေးနှုန်း အရင်နှစ်ကာလတူထက်ကျဆင်း

28/01/2020 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာ့လျှော်ဖြူစျေးနှုန်းမှာ အရင်နှစ်ကာလတူထက် တစ်ပိဿာကို တစ်သောင်းဝန်းကျင်ကျဆင်းသွားကြောင်း မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

မြန်မာ့လျှော်ဖြူအရည်အသွေး စံချိန်မမှီတာကြောင့် ဝယ်လိုအားစျေးနှုန်းမှာ ကျဆင်းတာဖြစ်တယ်လို့ မြန်မာနိုင်ငံ လျှော်ဖြူစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဟိန်းထက် ကပြောပါတယ်။

လျှော်ဖြူက စျေးနှုန်းအရင်နှစ်ကထက်ကျတယ်။ တစ်ပိဿာကို တစ်သောင်းဝန်းကျင်လောက်တော့ ကျသွားတယ်။ အဓိကက မြန်မာ့လျှော်ဖြူရဲ့အရည်အသွေးက စံချိန်မမီတာတွေကြောင့် ဝယ်တဲ့သူတွေက အရည်အသွေးပေါ်ကြည့်ပြီး စျေးပေးတာဆိုတော့ အရင်နှစ်ကထက်စာရင် ကျသွားတယ်

မြန်မာ့လျှော်ဖြူစျေးနှုန်းများမှာ အရင်နှစ်က တစ်ပိဿာကို ၄၂၀၀၀ ကျပ် ဝန်းကျင်ထိအမြင့်ဆုံးရရှိခဲ့ပြီး အခုနှစ်အတွင်းမှာ မြန်မာ့လျှော်ဖြူတစ်ပိဿာကို ၃၀၀၀၀ ဝန်းကျင်သာရှိတော့ကြောင်း အဆိုပါအသင်းမှသိရပါတယ်။

မြန်မာ့လျှော်ဖြူကို တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေပြီး အိန္ဒိယစျေးကွက် စတဲ့နိုင်ငံများကိုလည်း တင်ပို့နေတာဖြစ်ကြောင်း မြန်မာနိုင်ငံလျှော်ဖြူ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်