အရင်နှစ်ထက် ကွမ်းရွက်စျေးနှုန်းများမှာ ကျဆင်းလာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရှိ ကွမ်းစိုက်တောင်သူတစ်ဦးထံမှ သိရပါတယ်။
ကွမ်းစိုက်တောင်သူများ များပြားလာပြီး ကွမ်းရွက်ဝင်ရောက်မှုများပြားလာတဲ့အတွက် ကွမ်းရွက်စျေးနှုန်းများမှာ ကျလာတာဖြစ်တယ်လို့ ခင်ဦးမြို့နယ်မှ ကွမ်းစိုက်တောင်သူ ဦးစိုးနိုင်ဝင်းကပြောပါတယ်။
ကွမ်းစိုက်တဲ့တောင်သူတွေ များပြားလာတယ်။ ပြီးတော့ ကွမ်းရွက်ကလည်း ပြည်တွင်းစျေးကွက်မှာ ဝင်ရောက်မှုများလာတဲ့အတွက် စျေးကအရင်နှစ်ထက်စာရင် တစ်သောင်းဝန်းကျင်လောက် ကျဆင်းသွားတယ်
ကွမ်းရွက်စျေးနှုန်းမှာ ယခင်နှစ်က တစ်ပိဿာကို ကျပ်၂၀၀၀၀ ဝန်းကျင်ရရှိခဲ့ပြီး အခုနှစ်အတွင်းမှာ ကျပ် ၇၀၀၀ ဝန်းကျင်သာရှိတော့ကြောင်း သိရပါတယ်။
ကွမ်းရွက်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ ပန်းတနော်၊ ညောင်တုန်း၊ ကျောင်းကုန်း၊ မအူပင်၊ ကျောက်ဆည်တို့မှာ အများဆုံးစိုက်ပျိုးထားရှိကြောင်းလည်း သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more
Greenovator