ကြက်သွန်နီစျေးနှုန်း ကျဆင်းနေ

11/03/2020 12:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုလက်ရှိ မြန်မာ့ကြက်သွန်နီစျေးနှုန်းများမှာ ကျဆင်းနေကြောင်း မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိူးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

ပြည်ပတင်ပို့မှုမှာ နည်းနေပြီး ကြက်သွန်နီကုန်တင်ကားများ ဝင်ရောက်မှုများနေတဲ့အတွက်စျေးနှုန်း ကျဆင်းနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးခင်ဟန်ကပြောပါတယ်။

အခုလက်ရှိမှာ ပြည်ပနိုင်ငံကလည်းတင်ပို့မှုက နည်းနေတယ်။ ကုန်တင်ကားတွေကလည်း ဒီနေ့ဆို နှစ်ဆလောက်ဝင်နေတာဆိုတော့ စျေးနှုန်းကအေးပြီး ကျဆင်းနေတာပေါ့။ Normal Trade ကဆို တင်ပို့မှုမရှိသလောက်ဖြစ်နေတာ

နယ်အစုံမှ မြန်မာ့ကြက်သွန်နီကုန်တင်ကားများမှာ အစီးရေ (၆၀) ဝင်ရောက်မှုရှိနေကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ကြက်သွန်နီစျေးနှုန်းများမှာ ကြက်သွန်နီအသေး တစ်ပိဿာကို ၆၀၀ ကျပ်နဲ့ ၆၅၀ ၊ ကြက်သွန်နီအကြီး တစ်ပိဿာကို ၈၀၀ ကျပ်ဝန်းကျင်ရှိနေပြီး တစ်ပိဿာကို ၂၀၀ ကျပ် ကျဆင်းနေကြောင်း မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှသိရပါတယ်။ 

တိုးတိုးခိုင်(ABM)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်