မြန်မာ့ဖရဲစျေးနှုန်းများ ထက်ဝက်ကျော်ကျဆင်း

30/01/2020 10:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တရုတ်ပြည်ကိုတင်ပို့နေတဲ့ မြန်မာ့ဖရဲစျေးနှုန်းများမှာ တရုတ်ယွမ်ငွေထက်ဝက်ကျော်ကျဆင်းသွားကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာဖြစ်ပေါ်နေတဲ့ အရေးပေါ်ရောဂါအခြေအနေကြောင့် တရုတ်ကိုသွားတဲ့ နယ်စပ်လမ်းကြောင်းများမှာ ကန့်သတ်ပိတ်ပင်မှုများ ဖြစ်ပေါ်နေတဲ့အတွက် ဝယ်လိုအားကျဆင်းလာကာ မြန်မာ့ဖရဲစျေးနှုန်းများ ထက်ဝက်ကျော်ကျဆင်းသွားတာဖြစ်တယ်လို့ မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးနိုင်ဝင်းကပြောပါတယ်။

တရုတ်မှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ကြောင့်မို့လို့ နယ်စပ်လမ်းကြောင်းတွေကလည်း ကန့်သတ်ပိတ်ပင်ချက်တွေရှိနေတော့ ဝယ်လိုအားကလည်း မရှိတော့ဘူးဆိုတော့ စျေးနှုန်းကအရမ်းကျသွားတယ်။ တရုတ်ငွေနဲ့ဆို ၂ ပုံ ကျော်ကျော်လောက်ကျသွားတယ်။ ဒါတောင်အရည်အသွေးကောင်းတာတွေပဲ တင်ပို့နေရတယ်

မြန်မာ့ဖရဲစျေးနှုန်းမှာ ယခုလဆန်းပိုင်းက ဖရဲကုန်တင်ကား (၁၇) တန်တစ်စီးကို ယွမ် ၄၅၀၀၀ ရရှိခဲ့ပြီး အခုလက်ရှိမှာ ယွမ် (၁၆၀၀၀) သာ အမြင့်ဆုံးရှိနေကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ဖရဲကို တရုတ်ကိုအဓိကထားတင်ပို့နေပြီး အခြားပြည်ပစျေးကွက်များကိုလည်း တင်ပို့နေတာဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်