ယခင်နှစ်ကာလတူထက် ဖရဲဈေးနှုန်းများမှာ ကျဆင်းလာကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချသူများအသင်းမှ သိရပါတယ်။
ယခုလက်ရှိ ဖရဲတင်ပို့တဲ့ကားများမှာ ယခင်နှစ်ကာလတူထက် ကားစီးရေ အဝင်များနေတာကြောင့် ဈေးနှုန်းများမှာ ကျဆင်းနေကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ ဥက္ကဌဦးနိုင်ဝင်းကပြောပါတယ်။
“မနှစ်က ဒီလိုအချိန်မှာ ဖရဲကားအစီးရေ အဝင်နည်းတော့ ဈေးကရတယ်။ ဒီနှစ်က ဖရဲကားအစီးရေ တစ်နေ့ကို (၂၀၀) ကျော်လောက်တိုးလာတော့ ဈေးကအရင်နှစ်ကလောက် မရတော့ဘူး။ ဖရဲဈေးနှုန်း က အရင်နှစ်ထက်တော့ ကျသွားတာပေါ့”
ယခင်ကာလတူက ဖရဲတစ်တန်ကို ယွမ် (၄၀၀၀) ဝန်းကျင်ရရှိခဲ့သော်လည်း ယခုနှစ်ကာလတူမှာ ဖရဲတစ်တန်ကို ယွမ် (၃၆၀၀) သာရရှိနေကြောင်း အဆိုပါအသင်းမှသိရပါတယ်။
နယ်အစုံမှ ဖရဲကားစုစုပေါင်း တစ်နေ့ကို ကားအစီးရေ (၇၀၀) ဝန်းကျင် မူဆယ်နယ်စပ်သို့ တင်ပို့နေတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှသိ ရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more