စိုက်ပျိုးမှုများပြားသည့် ရာသီချိန်ရောက်လာသဖြင့် တိုင်ထောင်ပဲဈေးနှုန်းများ တစ်စစကျဆင်းလာ

25/05/2021 19:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    တိုင်ထောင်ပဲစိုက်ပျိုးရေးမှာ တစ်နှစ်ပတ်လည်လုံးအားဖြင့် ဈေးကွက်မပြတ် ရှိနေသော်လည်း စိုက်ပျိုးမှုများပြားသည့် မိုးရာသီသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် တိုင်ထောင်ပဲဈေးနှုန်းများ တစ်စစကျဆင်းလျက်ရှိကြောင်း သိရသည်။

တိုင်ထောင်ပဲကို မိရိုးဖလာစိုက်ခဲ့တာပါ။ ဈေးကွက်ကောင်းမယ့်အချိန်ကို မှန်းဆပြီး စိုက်ပျိုးပါတယ်။ တိုင်ထောင်ပဲဈေးကွက်က ပုံမှန်မပြတ်ရှိတယ်။ ကျွန်တော်တို့ပွင့်ဖြူမှာကျတော့ ပွင့်ဖြူဈေး၊ ဒါ့အပြင် မင်းဘူးမြို့၊ မကွေးမြို့တို့ကိုလည်း တင်ပို့ရောင်းချလို့ရပါတယ်။ ဈေးနှုန်းကျဆင်းချိန်ဆိုရင် တစ်ပိဿာကို (၆၀၀) (၇၀၀) ကျပ်လောက်ပဲ ဈေးရှိတော့ပါတယ်။ အခုရက်ပိုင်း မိုးလေးတစ်ပြိုက်နှစ်ပြိုက် စရွာလိုက်တော့ ဟိုလူကလည်းစိုက်မယ်၊ ဒီလူကလည်း စိုက်တော့မယ်ဖြစ်လာတာနဲ့ ဈေးတွေ ထိုးကျကုန်တော့တာပါပဲ။

ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ တိုင်ထောင်ပဲ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူ ကိုသိန်းထိုက်ဦးက ပြောသည်။

    ၂၀၂၁ ခုနှစ်၊ ဧပြီလကုန်အထိ တိုင်ထောင်ပဲတစ်ပိဿာလျှင် ကျပ် (၁၀၀၀) ကျော်သည်အထိ ဈေးကောင်းရရှိခဲ့ကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။ 

တိုင်ထောင်ပဲကတော့ သူ့ရဲ့မျိုးအပေါ်မူတည်ပြီး နှစ်ပတ်လည်စိုက်ပျိုးလို့ရပါတယ်။ စိုက်ပျိုးပြီး (၄၅) ရက်ဝန်းကျင်လောက်ဆို စတင်ခူးဆွတ်လို့ရပါပြီ။ ခူးဆွတ်တဲ့သက်တမ်းကတော့ ကိုယ်ပြုစုစောင့်ရှောက်တဲ့အပေါ်နဲ့ ရာသီဥတုအပေါ် မူတည်ပါတယ်။ အပြုအစုကောင်းတယ် ဆိုရင်တော့ စခူးချိန်ကနေ နောက်ထပ် (၂)လခွဲ၊ (၃)လလောက်အထိ ဆက်ခူးသွားလို့ရပါတယ်။ နွေရာသီမှာ တစ်ကြိမ်စိုက်ပြီး၊ မိုးရာသီမှာ နောက်တစ်ကြိမ် ပြန်စိုက်လို့ရပါတယ်။ တစ်နှစ်ကို (၃)ကြိမ်လောက် စိုက်ပျိုးနိုင်တဲ့အတွက် ပုံမှန်ဝင်ငွေတော့ ရတာပေါ့။

ဟု ၎င်းက ဆက်လက်ပြောသည်။

    တိုင်ထောင်ပဲစိုက်ပျိုးရာတွင် ဒဿမ ၂၅ (တစ်ဧက၏ လေးပုံတစ်ပုံ) အတွက် ကနဦးစိုက်ပျိုးစရိတ်မှာ ကျပ် (၁၅၀,၀၀၀) မှ ကျပ် (၂၀၀,၀၀၀) အတွင်း ကုန်ကျနိုင်ကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်