ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငရုတ်သီးများမိုးရေထိမှုကြောင့် ထိခိုက်ပျက်စီး
ယခုလဆန်းပိုင်းအတွင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငရုတ်သီးများ မိုးရွာသွန်းမှုကြောင့် ငရုတ်သီးများ ထိခိုက်ပျက်စီးမှုများ ရှိနေကြောင်း ငရုတ်သီးစျေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှသိရပါတယ်။
မိုးရွာသွန်းမှုကြောင့် ငရုတ်အပင်များညိုးကာ ထိခိုက်ပျက်စီးမှုများရှိသွားကြောင်း ငရုတ်သီးစျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌဒေါ်ဥမ္မာကျော်ကပြောပါတယ်။
“ ဟိုးတလောက မိုးရွာသွန်းလိုက်တော့ ဧရာဝတီတိုင်းဒေသကြီး အတွင်းထဲမှာ စိုက်ထားတဲ့ ငရုတ်ပင်တော်တော်များများ ထိခိုက်ပျက်စီးမှုတွေ ရှိလာတယ်။ အပင်တွေညိုးလာတယ်။ အပင်တွေက တက်လည်းမလာတော့ဘူး”
မိုးရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးမှုရှိတဲ့ ငရုတ်ပင်များကို ပြန်လည်ပြုပြင်စိုက်ပျိုးနေတယ်လို့ ညောင်တုန်းမြို့နယ်မှ ငရုတ်စိုက်တောင်သူ ဦးစောဆန်းက ပြောပါတယ်။
“ မိုးတွေရွာလိုက်တော့ ငရုတ်ပင်တွေတော်တော်များများထိခိုက်သွားတယ်။ အခုတော့ တောင်သူတွေ အကုန်လုံးက ပြန်ပြီးတော့ ပြုပြင်စိုက်ပျိုးနေပါတယ်”
မြန်မာ့ငရုတ်ကို ဧရာဝတီတိုင်းဒေသကြီးမှာ အများဆုံးစိုက်ပျိုးတာဖြစ်ပြီး ကျောက်ဆည်မှာလည်း စိုက်ပျိုးကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့ငရုတ်ကို ပြည်ပစျေးကွက်နိုင်ငံများကိုလည်း တင်ပို့နေကြောင်း ငရုတ်သီးစျေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more