၂၀၂၁ ခုနှစ် ပန်းစိုက်ရာသီတွင် ပန်းမျိုးဝယ်ယူရခက်ခဲကြောင်း တောင်သူများဆို

17/09/2021 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ၂၀၂၁ ခုနှစ် ပန်းစိုက်ရာသီတွင် ယခင်နှစ်များကထက် ပန်းမျိုးစေ့/မျိုးပင် ဝယ်ယူရခက်ခဲကြောင်း တောင်သူများက ဆိုသည်။

ဒီရာသီက ပန်းမျိုးဝယ်စုရတဲ့ ရာသီချိန်ဖြစ်တယ်။ ပန်းမျိုးဝယ်ယူရာမှာ အရင်နှစ်ကထက် ဝယ်ရခက်နေတယ်။ လမ်းပန်းဆက်သွယ်ရေးနဲ့ ကိုဗစ်ကာလကြောင့် ပန်းမျိုးရောင်းတဲ့ ပြင်ဦးလွင်က ပန်းမျိုးဒိုင်တွေမှာကို မျိုးထုတ်တာလျှော့ချထားလို့လည်း ဖြစ်နိုင်တယ်။ နောက်တစ်ခုက ပန်းစိုက်ပျိုးသူတွေက သုံးနှစ်တစ်ကြိမ်လောက် ပန်းမျိုးကို အသစ်ဝယ်စိုက်ကြရတယ်။ ကိုယ့်ခြံထဲကနေ ကိုယ့်ဘာသာ မျိုးခံစိုက်တာက သုံးနှစ်ဆက်တိုက်စိုက်ရင် မျိုးမကောင်းတော့တဲ့အတွက် အပင်အသေအပျောက် များလာတတ်တဲ့အတွက် အပင်အရည်အသွေးကို ပြန်ထိန်းထားနိုင်ဖို့အတွက် မျိုးကို သုံးနှစ်တစ်ကြိမ်လောက် အပြင်ကနေဝယ်စိုက်ရတယ်။ ဒီအခြေအနေတွေ သွားစုံနေတာကြောင့်လည်း ပန်းမျိုးဝယ်ရခက်ခဲသွားတာလည်း ဖြစ်နိုင်ပါတယ်။

ဟု ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ စက္ကော့ကျေးရွာမှ ပန်းစိုက်တောင်သူ ကိုမင်းလွင်က ပြောသည်။

    မန္တလေးတိုင်းဒေသကြီး၊ ပြင်လွင်ဦးဒေသထွက် မေမြို့ပန်းမျိုးစေ့တစ်ပုလင်း (လစ်ပိုပုလင်းအရွယ် ပုလင်းတစ်ပုလင်း) လျှင် ပျမ်းမျှအားဖြင့် ငွေကျပ် (၃၅၀၀) ကျပ်ဖြင့် ဝယ်ယူရကြောင်း သိရသည်။

သူများပျိုးပြီးသားပျိုးပင်တွေ အသင့်ဝယ်စိုက်ရင်တော့ အလုပ်ရှုပ်သက်သာ၊ ကုန်ကျစရိတ်သက်သာတယ်ဆိုပေမယ့် သူများပျိုးထားတာဆိုတော့ ကိုယ်တိုင်ပျိုးသလောက် စိတ်မချရဘူး၊ အပင်သက်တမ်းဘယ်လောက်ရှိနေတဲ့အပင်မှန်း မသိရဘူး၊ ဘာအရောင်ထွက်လာမှာလဲ မသေချာဘူး။ မျိုးပင်သက်တမ်း တစ်လဝန်းကျင်လောက်ရှိမှသာ ရွေ့ပြောင်းစိုက်လို့ကောင်းတာ၊ မျိုးပင်သက်တမ်းရင့်နေတဲ့ အပင်ဆိုရင် နှုတ်ပြီးပြန်စိုက်ဖို့ မသင့်တော့ဘူးလေ၊ တချို့ကျတော့ သူတို့စိုက်ပြီးသား ပိုတဲ့အပင်တွေကို မျိုးပင်ဆိုပြီး ရောင်းတာလည်းရှိတတ်တယ်၊ ကိုယ်ကလည်း သူတို့အနီးအနားမှာ နေတာမဟုတ်တော့ ဒါတွေမသိနိုင်ဘူး၊ ဒါ့ကြောင့် ကိုယ့်ဘာသာ မျိုးစေ့ဝယ် ပျိုးထောင်စိုက်ကြတာ အကောင်းဆုံးပါ။

ဟု ကိုမင်းလွင်က ဆက်လက်ပြောသည်။ 

    အရည်အသွေးကောင်း မေမြို့ပန်းပင်ရေ (၁၀၀၀၀) ထွက်ရှိအောင် စိုက်ပျိုးမည်ဆိုပါက အပင် အသေအပျောက်များကိုပါ တွက်ဆ၍ မျိုးပုလင်း (၂) ပုလင်းခန့် ကြိုတင်ပျိုးထောင်ထားရန် လိုအပ်ကြောင်း သိရသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်