ကျားနဲ့ မကြား ဒစ်ဂျစ်တယ်နည်းပညာ ကွာဟမှု

26/07/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။

ယခုတစ်ပတ်မှာတော့ ကျားနဲ့ မ ကြား ဒစ်ဂျစ်တယ်နည်းပညာကွာဟမှု အကြောင်းကို တောင်သူ ဦးလေး ဒေါ်လေးတို့အတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။

ယနေ့ခေတ်မှာ ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ အင်တာနက်တွေ လက်လှမ်းမီလာတာနဲ့ အမျှ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ပစ္စည်းတွေနဲ့ နည်းပညာတွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ဖို့ ဒစ်ဂျစ်တယ်နည်းပညာတွေဟာ မဖြစ်မနေ လေ့လာသင်ယူသင့်တဲ့ အခြေအနေဖြစ်လာပါတယ်။ မိုဘိုင်းဖုန်း အသုံးပြုမှုများလာတယ်ဆိုပေမယ့် မိုဘိုင်းဖုန်းပိုင်ဆိုင်မှုနဲ့ အင်တာနက်အသုံးပြုတဲ့ အရေအတွက်မှာဆိုရင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လျော့နည်းနေဆဲ ဖြစ်ပါတယ်။ 

ရှေးရိုးစွဲ အယူအဆတွေနဲ့အတူ လူမှုပတ်ဝန်းကျင်ရဲ့ အမျိုးသမီးတွေ အပေါ်ထားရှိတဲ့ အမြင်၊ လူမှုရေးစံနှုန်းတွေ၊ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် ဒစ်ဂျစ်တယ်နည်းပညာတွေကို ထိတွေ့ ကိုင်တွယ်ခွင့်ရဖို့ အခက်အခဲတွေရှိနေပါသေးတယ်။ မြို့ပြတွေမှာရှိတဲ့အမျိုးသမီးတွေအနေနဲ့ သိပ်မသိသာပေမယ့် ကျေးလက်ဒေသတွေမှာဆိုရင် ဒီလိုဖြစ်ရပ်တွေကို သိသိသာသာတွေ့ရပါတယ်။ အချို့သောနေရာတွေမှာဆိုရင် အမျိုးသမီးတွေဟာ မိဘတွေကနေ ဖုန်းပေးမသုံးတာမျိုးတွေ၊ အွန်လိုင်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ၊ နှောက်ယှက်စော်ကားခံရတာမျိုးတွေကလည်း စိန်ခေါ်မှုတွေအနေနဲ့ ရှိနေပါသေးတယ်။ မြို့ပြတွေမှာဆိုရင်လည်း ဒစ်ဂျစ်တယ်နည်းပညာနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းခွင်တွေမှာ ဝန်ထမ်းခေါ်ယူတဲ့အခါ အမျိုးသားတွေအတွက်ပဲ သီးသန့်ဆိုပြီး သတ်မှတ်ကြတာမျိုးတွေထိ ရှိပါတယ်။ 

ဒီလိုမျိုးတွေ ကြုံတွေ့ရတဲ့အခါမှာ အမျိုးသမီးတွေအနေနဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေဟာ သူတို့တွက် အရေးမပါဘူး၊ အသုံးမလိုဘူးဆိုပြီး ထင်မှတ်သွားကြပါတယ်။ နည်းပညာတွေကို သူတို့ကိုယ်တိုင်လည်း မလေ့လာတော့သလို၊ သင်ကြား ပြောပြပေးမယ့်သူလည်း မရှိဖြစ်သွားပါတယ်။ နောက်ပိုင်းမှာ ဖုန်းတွေ၊ နည်းပညာတွေကို မထိတွေ့ ၊ မကိုင်ရဲ ဖြစ်သွားတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း အွန်လိုင်း လူမှုကွန်ယက်မီဒီယာတွေ အသုံးပြုတဲ့အခါမှာ ဘေးကင်းလုံခြုံမှု မရှိတာတွေ၊ လိမ်လည် လှည့်ဖျားခံရတာတွေ မကြာခဏဆိုသလိုတွေ့ရတတ်တာ ဖြစ်ပါတယ်။ 

ဒါကြောင့် အမျိုးသမီးတွေအနေနဲ့  ဒစ်ဂျစ်တယ် နည်းပညာတွေကို စနစ်တကျသိနားလည်အောင် ကိုယ်တိုင် လေ့လာဖို့လိုအပ်သလို၊ တတ်ကျွမ်းပြီးသားသူတွေအနေနဲ့လည်း လက်လှမ်းမီသလောက် ပြန်လည်မျှဝေ သင်ကြားပေးခြင်းဖြင့် အမျိုးသားနဲ့ အမျိုးသမီးကြား ဒစ်ဂျစ်တယ်နည်းပညာ ကွာဟမှုလျော့ချပြီး တန်းတူအခွင့်အရေးရရှိအောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ 

ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးလေး ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

သတင်းအမျိုးအစားများ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်