ဒီဂျစ်တယ်စာတတ်မြောက် ခရီးစဉ် အပိုင်း(၁)

13/08/2023 11:00 AM တွင် Okkar Okkar မှ ရေးသား

မင်္ဂလာပါ

အစိမ်းရောင်လမ်းရဲ့ ဒီဂျစ်တယ်စာတတ်မြောက်မှု(Digital Literacy) အပိုင်း (၁) မှကြိုဆိုလိုက်ပါသည်။

ယခုတစ်ပတ်အပိုင်း (၁) မှာတော့ ဒီဂျစ်တယ်စာတတ်မြောက်မှုခရီးစဉ်မှာပါဝင်မယ့် အကြောင်းအရာများကို မိတ်ဆက်ပေးသွားမှာဖြစ်ပါသည်။

၁။ အခြေခံကွန်ပြူတာကျွမ်းကျင်မှု

အခြေခံကွန်ပြူတာကျွမ်းကျင်မှုသည် ဒီဂျစ်တယ်စာတတ်မြောက်ခြင်းတွင်မရှိမဖြစ်လိုအပ်သော ပညာရပ်တခုဖြစ်ပါသည်။ Smart Phone  များတွင် နည်းပညာများမည်မျှတိုးတတ်စေကာမူ ကွန်ပြူတာများသည် ဒီဂျစ်တယ်ကမ္ဘာတွင် မရှိမဖြစ်လိုအပ်သော အရာတခုဖြစ်သည်။ ကွန်ပြူတာကျွမ်းကျင်မှုသည် လုပ်ငန်းခွင်နှင့်တစ်ကိုယ်ရည်အတွက်ပါ မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှု ဖြစ်ပါသည်။

၂။ အင်တာနက်ကို အသုံးပြုမှု

အင်တာနက်သည် ဒီဂျစ်တယ်စာတတ်မြောက်မှု၏ ကျယ်ပြောသောပင်လယ်ကြီးဖြစ်သည်။ ပင်လယ်ကြီးထဲမှ ကပ်လိုသောကမ်းကို သွားရောက်နိုင်ရန်အတွက် အင်တာနက်ကို ကျွမ်းကျင်စွာနားလည်ပြီးအသုံးပြုတတ်ရန် လိုအပ်ပါသည်။ အင်တာနက်ကို ကျွမ်းကျင်စွာအသုံးပြုတတ်ခြင်းဖြင့် အချက်အလက်များရှာဖွေခြင်းနှင့် သုံးစွဲခြင်း၊ ပညာရပ်များကိုလေ့လာခြင်းနှင့် ပြန်လည်အသုံးပြုခြင်း စသည်ဖြင့် များစွာသောအကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။

၃။ ဒီဂျစ်တယ်ထုတ်ကုန်များအကြောင်း နားလည်မှု

ဒီဂျစ်တယ်ထုတ်ကုန်များဆိုသည်မှာ ဝက်ဆိုက်များ၊ ဂိမ်းများနှင့် ဆော့ဝဲလ်များ ကိုဆိုလိုသည်။ မိမိအသုံးပြုလိုသော ထုတ်ကုန်ကို မှန်ကန်စွာရှာဖွေတတ်ရန်နှင့် အသုံးပြုတတ်ရန်အတွက် ဒီဂျစ်တယ်ထုတ်ကုန်များ၏ အခြေခံသဘောတရားများနှင့် အလုပ်လုပ်ပုံများကို နားလည်ရန်လိုအပ်ပါသည်။

၄။ ဒီဂျစ်တယ် ဆက်သွယ်မှုများ

ဒီဂျစ်တယ်ဆက်သွယ်မှုများတွင် အီးမေးလ်(E-mail) မှအသုံးပြုခြင်းနှင့် ကျင့်ဝတ်များ၊ စာရေးသားပေးပို့ခြင်းနှင့် စာပြန်ခြင်း၊ ဆိုရှယ်မီဒီယာတွင် ဆက်သွယ်မှုကွန်ယက်များ ချဲ့ထွင်ခြင်း၊ တစ်ကိုယ်ရည်နှင့် အလုပ်ပိုင်းဆိုင်ရာခွဲခြားခြင်းများကို လေ့လာရမည်ဖြစ်သည်။

၅။ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းနှင့် အကဲဖြတ်ခြင်း

ဒီဂျစ်တယ်စာတတ်မြောက်မှုခရီးစဉ်တွင် အင်တာနက်ကို ကျယ်ပြန့်စွာအသုံးပြု၍လေ့လာရသောကြောင့် ဝေဖန်ပိုင်းခြားခြင်းနှင့် တွေးခေါ်ခြင်းတတ်ရန် အလွန်အရေးကြီးသည်။ အကြောင်းအရာများ၊ အချက်အလက်များနှင့် သတင်းများကို ကိုယ်တိုင်အကဲဖြတ်နိုင်ရန်နှင့် တွေးခေါ်နိုင်ရန် ပိုင်းခြားနည်းများကို နောက်ပိုင်းတွင် ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ထို့ကြောင့်နောက်အပတ်များတွင် အစိမ်းရောင်လမ်းတွင် အမြဲဖော်ပြပေးသွားမည့် ဒီဂျစ်တယ်စာတတ်မြောက်မှုခရီးစဉ်များကို စောင့်မျှော်ဖတ်ရှုကြပါရန် တိုက်တွန်းလိုက်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်