ဝက်များအား မျိုးနီးသားစပ်ခြင်းဆိုသည်မှာ ဆွေမျိုးတော်စပ်မှုရှိသော ဝက်အချင်းချင်းအား သားစပ်ခြင်းကိုဆိုလိုပါတယ်။
ဥပမာ-(က) ဖခင်(ဝက်သိုး) နှင့် သမီး(ဝက်မ)
(ခ) မိခင်(ဝက်မ) နှင့် သား(ဝက်သိုး)
(ဂ) ဝက်မောင်နှမအချင်းချင်းတို့ကို သားစပ်ခြင်းတို့ ဖြစ်ပါတယ်။
ဝက်များကို မျိုးနီးသားစပ်ခြင်းဖြင့် ရရှိလာမည့်ဆိုးကျိုးများ မှာ-
၁။ မျိုးဝက်မကြီးများတွင် နို့ထွက်နှုန်းနည်းခြင်း၊ မိခင်စိတ် နည်းခြင်း၊
၂။ ဝက်မများ မွေးဖွားကောင်ရေ လျော့နည်းခြင်း၊
၃။ ဝက်မဒန်း နှင့် ဝက်သိုးများတွင် အရွယ်ရောက်ချိန်နောက်ကျခြင်း၊နှောင့်နှေးခြင်း၊
၄။ ဝက်သိုးများ လိင်စိတ်နည်းပါးခြင်း၊
၅။ ဝက်မဒန်းများတွင် သားဥကြွေနှုန်း နည်းပါးခြင်း၊မွေးဖွားကောင်ရေ လျော့နည်းခြင်း၊
၆။ သေနှုန်းများခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။
မျိုးနီးသားစပ်ခြင်းအား ကာကွယ်ရန် အချက်များမှာ-
၁။ ဝက်သိုးကောင်ရေများများ မွေးမြူသင့်ပါတယ်။
၂။ ဝက်သိုးကို အချိန်အကြာကြီး မွေးမြူခြင်း မပြုသင့်ပေ။
၃။ မျိုးနီးစပ်မှုခြင်း မရှိတဲ့ ဝက်ခြံမှဝက်သိုးကို ဝယ်ယူမွေးမြူရပါမယ်။
၄။ မိမိဝက်ခြံမှာရှိတဲ့ ဝက်တွေရဲ့ အချက်အလက်များကို သိရှိထားရပါမယ်။
ဝက်များမျိုးနီးသားစပ်ခြင်းမှ ကင်းဝေးပြီး ဝက်ကောင်ရေများ တိုးပွားနိုင်ကြပါစေ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd
ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား?
ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။
👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးငမြောင်တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုးတွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။
👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။
မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more