မြန်မာ့နာနတ်သီးကို ထိုင်းနိုင်ငံသို့ တစ်လလျှင် တန် (၄၀၀) တင်ပို့သွားနိုင်ရန်အတွက် ညှိနှိုင်းဆောင်ရွက်နေကြောင်း မြန်မာ့နာနတ်သီ းစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
နာနတ်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်ကာ တစ်လကိုတန် (၄၀၀) တင်ပို့နိုင်ဖို့အတွက် နှစ်ဖက်နိုင်ငံကုမ္ပဏီအချင်းချင်း ဆွေးနွေးညှိနှိုင်းနေကြောင်း မြန်မာ့နာနတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးစိုင်းကျော်ညွှန့် ကပြောပါတယ်။
“ နာနတ်သီးက တရုတ်ပြည်ဘက်မတင်ပို့တာလည်း ကြာနေပြီ။ အခုဆိုရင် ပြည်တွင်းမှာ နာနတ်သီးတွေကလည်း စုပုံနေတော့ ဈေးကမရဘူး။ အခုက ထိုင်းနိုင်ငံကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တင်ပို့နိုင်ဖို့တော့ ဒီဘက်ကကုမ္ပဏီနဲ့ ထိုင်းဘက်ကကုမ္ပဏီ ဆွေးနွေးနေတယ်။ ပို့ဖြစ်ရင်တော့ တစ်လတန် (၄၀၀) လောက်တင်ပို့သွားမယ်”
မြန်မာ့နာနတ်သီးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တင်ပို့နိုင်ရန်အတွက် စက်ရုံတည်ဆောက်မှု၊ ရေမြေအနေအထားနဲ့ ကုန်ကြမ်းတို့ကို အဓိကဆွေးနွေးနေတာဖြစ်ကြောင်းလည်း အဆိုပါအသင်းမှ သိရပါတယ်။
နာနတ်သီးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အများဆုံးစိုက်ပျိုးတာဖြစ်ပြီး နာနတ်စိုက်ဧကပေါင်း (၃၀၀၀၀) ခန့် စိုက်ပျိုးထားတာဖြစ်ကြောင်းလည်း မြန်မာ့နာနတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
Farm Link Co.,Ltd
ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more