မျိုးစေ့ထုတ် တောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများထံ စပါးအထွက်တိုးနည်းပညာစာအုပ် နှစ်ထောင်ကျော်ဖြန့်ဝေပေးမည်

28/08/2019 08:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ သြဂုတ် ၂၄

   မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်စပါးစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများထံ စပါးအထွက်တိုး နည်းပညာအခြေခံဖြင့် မျိုးကောင်းမျိုးသန့်စိုက်ပျိုးထုတ်လုပ်ပုံနည်းလမ်း စာအုပ်နှစ်ထောင်ကျော် ဖြန့်ဝေပေးအပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

   သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တွင် အသင်းဝင်တောင်သူအချို့ထံ ယင်းစာအုပ်များ ဖြန့်ဝေပေးအပ်ခဲ့သည်။ 

   မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် Welthungerhlife-WHH တို့ ပူးပေါင်းရေးဆွဲထားသည့် စပါးအထွက်တိုး နည်းပညာအခြေခံဖြင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ပုံနည်းလမ်းစာအုပ်အပြင် ဆန်စပါးအသင်းချုပ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် မြန်မာ့ပေါ်ဆန်းမွှေး၏ အတိတ်၊ ပစ္စပ္ပုန်နှင့် အနာဂတ်အလားအလာဆွေးနွေးပွဲမှ စာတမ်းများနှင့် အကြံပြုချက်များ စုစည်းထုတ်ဝေထားသည့် စာအုပ်ကိုလည်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။

   “စာအုပ်ထုတ်ဖို့ တောင်သူတွေအနေနဲ့ ဘာလိုအပ်လဲ မျိုးစေ့ထုတ်တဲ့တောင်သူတွေအနေနဲ့ ဘာအခက်အခဲတွေရှိလဲဆိုတာကို ဧရာဝတီတိုင်းဘက်ကိုကွင်းဆင်းပြီး တောင်သူတွေနဲ့ တွေ့ဆုံမေးမြန်းရပါတယ်။ မျိုးစေ့ပေးမယ့် စိုက်ပျိုးရေးဝန်ထမ်းတွေနဲ့လည်းတွေ့တယ်။ စိုက်ပျိုးရေးဝန်ထမ်းတွေက ပေးနိုင်မယ့်အခြေအနေတွေ၊ မျိုးစေ့ထုတ်တဲ့လယ်သမားတွေက စိုက်ပျိုးနိုင်မယ့်အနေအထားတွေ၊ ဘာမျိုးစိုက်သင့်တယ်ဆိုတာ အဲဒါတွေကအစ အကုန်လုံးတွေ့ဆုံမေးမြန်းပြီးတော့မှ ထုတ်တဲ့အတွက် စာအုပ်ထုတ်ဖို့ တစ်နှစ်နီပါးလောက်ကြာသွားတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အကြံပေး ဒေါက်တာမင်းအောင်က ပြောကြားသည်။

   လက်ရှိတွင် စပါးအထွက်တိုး နည်းပညာအခြေခံဖြင့် မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ပုံနည်းလမ်းစာအုပ် နှစ်ထောင်ခန့်ထုတ်လုပ်ထားပြီး စာအုပ်တစ်ထောင်ကို ဧရာဝတီတိုင်းဒေသကြီးရှိ စိုက်ပျိုးရေးဝန်ထမ်းများနှင့် မျိုးစေ့ထုတ်သည့်တောင်သူများကို ဖြန့်ဝေပေးပြီးဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

   ထို့ပြင် အခြားတိုင်းနှင့် ပြည်နယ်များရှိ စိုက်ပျိုးရေးဝန်ထမ်းများနှင့် မျိုးစေ့ထုတ်တောင်သူများကို စာအုပ်များထပ်ထုတ်ကာ ဖြန့်ဝေပေးရန်အတွက် စိုက်ပျိုးရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်နှင့် ညှိနှိုင်းထားပြီးဖြစ်ကြောင်း ဆန်စပါးအသင်းချုပ်မှ သိရသည်။

   စာအုပ်ပေးအပ်ပွဲကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အသင်းဝင်တောင်သူ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ 

အေးအေးမြင့်(ABM)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်