မြန်မာ့နာနတ်သီးကို ပြည်ပတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေ

10/09/2019 11:39 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မြန်မာ့နာနတ်သီးကို ပြည်ပနိုင်ငံများကို တင်ပို့နိုင်ရန်အတွက် စီစဉ်ဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်း မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဗဟိုဌာနမှ သိရပါတယ်။

    မြန်မာ့သီးနှံများရဲ့ ကျန်ရှိနေတဲ့သီးနှံများထဲက နာနတ်သီးကို အမြန်ဆုံးတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်မှုများ လုပ်ဆောင်နေတာဖြစ်ကြောင်း မြန်မာအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေး ဗဟိုဌာနမှ တာဝန်ခံ ဦးသက်လွင်ဦးက ပြောပါတယ်။

   “နာနတ်သီးကို ထပ်ရဖို့ အခုဆက်လက်လုပ်ဆောင်နေတယ်။ ကျန်ရှိနေတဲ့ သီးနှံတွေထဲကမှနာနတ်သီးကိုလည်း တင်ပို့နိုင်ဖို့အတွက်လည်း လုပ်ဆောင်နေပါတယ်။ ကိုယ့်ဘက်ကလည်း လက်ထဲမှာ ပစ္စည်းတကယ်ရှိတယ်။ လက်ထဲမှာလည်း ပစ္စည်းရှိတယ်ဆိုမှ တင်ပို့ဖို့အဆင်ပြေမှာ”

   ကျန်ရှိနေတဲ့ မြန်မာ့သီးနှံ(၄) မျိုးကို တရုတ်ကို ဆက်လက်တင်ပို့နိုင်ရန် စီစဉ်လုပ်ဆောင်နေတာဖြစ်ကြောင်းလည်း သိရပါတယ်။

   မြန်မာ့သီးနှံ(၈) မျိုးထဲမှ သရက်သီး၊ ဇီးသီး၊ သခွားမွှေးနဲ့ ဖရဲကို တရုတ်ကို တင်ပို့ခွင့်ရရှိနေတာဖြစ်ကြောင်း မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဗဟိုဌာနမှ သိရပါတယ်။

တိုးတိုးခိုင်(ABM)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်