ဂျပန်နိုင်ငံသို့ မျှစ်ခြောက်တင်ပို့မှု လိုအပ်ချက်ပမာဏပြည့်မီရန်ကြိုးပမ်း

10/08/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သည့် မျှစ်ခြောက်ကို ဂျပန်နိုင်ငံသို့ တင်ပို့ရောင်းချနေရာ မျှစ်ခြောက်ပမာဏ များစွာ ထုတ်လုပ်နိုင်ရန် လိုအပ်နေဆဲဖြစ်သဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံကို မျှစ်ခြောက်တင်ပို့နေတာတော့ ခြောက်နှစ်လောက်ရှိသွားပြီ။ ဂျပန်ဘက်က လိုအပ်နေတဲ့ မျှစ်ခြောက်ပမာဏက ဒီဘက်ကနေ တင်ပို့နိုင်တဲ့ပမာဏထက် ပိုများနေပါတယ်။ မျှစ်ခြောက်ဈေးကွက် ကောင်းမွန်နေတယ်။ ထုတ်လုပ်တဲ့နည်းပညာကိုသိရှိပြီး များများထုတ်လုပ်တင်ပို့နိုင်ဖို့သာ လိုအပ်နေတာပါ။

ဟု မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း ဥက္ကဌ ဦးကျော်ဝင်းက ပြောသည်။

    မျှစ်ခြောက်တင်ပို့မှု မြင့်တက်လာစေရေးအတွက် မြန်မာနိုင်ငံ ဝါးစိုက်ပျိုးရေးအသင်း၊ မြန်မာနိုင်ငံမျှစ်လုပ်ငန်း အစုအဖွဲ့၊ ဂျပန်-မြန်မာအခြေစိုက်ကုမ္ပဏီတို့ ပူးပေါင်း၍ ၂၀၁၉ ခုနှစ်မှစတင်ကာ မျှစ်ခြောက်ထုတ်လုပ်နည်းသင်တန်းများ ပို့ချပေးနေကြောင်း သိရသည်။

မျှစ်ခြောက်က ဈေးကွက်လိုအပ်ချက်လည်း တကယ်များတာဖြစ်လို့၊ မျှစ်ခြောက်ပြုလုပ်တဲ့နည်းပညာကို အများသိရှိနားလည်အောင် သင်ပေးဖို့အတွက် လက်ရှိတင်ပို့နေတဲ့ ကုမ္ပဏီကို အကူအညီတောင်းလိုက်တာပါ။ ဒေသခံတွေနဲ့ စိတ်ပါဝင်စားသူတွေအတွက် မျှစ်ခြောက်ပြုလုပ်နည်း သင်တန်းပို့ချပေးနေတာ နှစ်ကြိမ်ရှိပြီ။ မြစ်ကြီးနား၊ ထားဝယ်၊ မြိတ်၊ ရှမ်းပြည်၊ နေပြည်တော် နေရာစုံကသင်တန်းသားတွေ တက်ရောက်နေပါတယ်။ မျှစ်ကို တန်နဲ့ချီ အခြောက်ခံတတ်ဖို့ကျတော့ သဘာဝနည်းအတိုင်းထုတ်လုပ်တာအပြင် နည်းပညာတွေ သိရှိဖို့ လိုအပ်လာပြီလေ။

ဟု ဦးကျော်ဝင်းက ဆက်လက်ပြောသည်။

    မျှစ်ခြောက်ထုတ်လုပ်ရန်အတွက် မျှစ်နု၊ မျှစ်ဥများကို သုံးစွဲခြင်းမရှိဘဲ မျှစ်အရွယ်အစား (၄) ပေမှ (၆) ပေ အထက် ရှိသည့် မျှစ်ကြီးများကို အသုံးပြုကြသဖြင့် ဝါးမျိုးများ ပျက်သုဉ်းထိခိုက်မှုလည်းမရှိနိုင်ကြောင်း သိရသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်